အပိုင်း (၁)

8.1K 71 0
                                    

"နှင်းမြူရေ.. မြူလေး.. သမီးလေး"
အောက်ထပ်က လေးလေးခေါ်သံကို ကြားတော့ နှင်းမြူ ဖေဖေဝယ်ပေးထားတဲ့ ဝက်ဝံရုပ်လေးကို ရင်ခွင်ထဲ ဆွဲဖက်ထားရင်း ဘီရိုထဲ တိုးဝင်လို့ ပုန်းနေမိသည်။

ဟုတ်တယ် နှင်းမြူ လေးလေးနဲ့ မလိုက်ချင်ဘူး.. နှင်းမြူ ဒီအိမ်မှာပဲ နေချင်တယ်.. ဒါပေမယ့် မနေ့က အိမ်နားကလူကြီးတွေနဲ့ လေးလေးက နှင်းမြူကိုစောင့်ရှောက်ပေးမယ့်ကိစ္စ ပြောဆိုနေကြတာ နှင်းမြူကြားတယ်။

လေးလေးနဲ့မလိုက်ချင်ဘူး ဒါပေမယ့် နှင်းမြူနဲ့အတူ ဒီအိမ်မှာနေဖို့လည်း ဘယ်သူမှရှိမနေကြတော့ဘူး.. မေမေနဲ့ ဖေဖေ..။

မေမေနဲ့ဖေဖေက နှင်းမြူကို ထားသွားပြီ.. နှင်းမြူဘဝမှာ ဆွေမျိုးရင်းချာဆိုလို့ မေမေရဲ့ တစ်ဦးတည်းသောမောင် လေးလေးဇော်ပဲ ကျန်တော့တယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကတော့ ဒီအိမ်ကြီးမှာ နှင်းမြူရယ် ဖေဖေရယ် မေမေရယ် ခရီးသွားဖို့ ပြင်ဆင်ရင်း ပျော်နေခဲ့ကြတာ..
.........................................................

"မောင်ရေ ပစ္စည်းတွေ အကုန် ကားပေါ်တင်ပြီးပြီလား"

မေမေက နှင်းမြူကို ဆံပင်လေး ဘေးနှစ်ဖက်ခွဲစည်းပေးရင်း ဖေဖေ့ကို လှမ်းမေးလိုက်သည်။

"ပြီးပြီနှင်းရဲ့.. ဟောဒီ့က မောင့်မိန်းမလေးနဲ့ သမီးချောလေးပဲ ကားပေါ်တက်ကြဖို့ ကျန်ပါတယ်ဗျာ"

"မောင်ကတော့လေ ဟင်း.. ရွှတ်နောက်နောက်နဲ့.. ခဏလေး ဒီမှာ သမီးကို ဆံပင်စည်းပေးပြီးရင် ပြီးပါပြီနော်"

မေမေက ရယ်ရင်း လှမ်းပြောပြီး ဆံပင်စည်းခြင်းကို အဆုံးသတ်လိုက်သည်။

"ဖေဖေကလည်း သမီးကို မေမေက လှလှလေးလုပ်ပေးနေတာကို မစောင့်နိုင်ဘူးလား"

"အမလေး စောင့်နိုင်ပါတယ်ဗျာ.. ဖေဖေ့ချစ်သမီးချောလေး အလှပြင်တာ ဖေဖေက ဘယ်လောက်ကြာကြာစောင့်ပါမယ်ဗျာ.. ရွှတ်"

ဖေဖေက နှင်းမြူကို ရယ်ပြုံးပြီး ပြောနေရင်းက နှင်းမြူရဲ့ ပါးတစ်ဖက်ကို နမ်းမွှေးလိုက်သည်။

"ဟာ ဖေဖေ့... သနပ်ခါးတွေ ပျက်ကုန်ပြီ"

နှုတ်ခမ်းလေးဆူပြီး မျက်စောင်းလေး တစ်ချက်က ဒိုင်းကနဲ

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now