အခန်း 1.1

13.5K 650 9
                                    

အခန်း၁ ။ငါတွက်ပါရစေဦး မင်းတော့စိမ်းနေပြီ

တရုတ်နှစ်သစ်ကူးပြီးပြီးခြင်းအချိန်၌ H မြို့တော်အနောက်မြောက်ဘက်ရှိ အန်းရှန်မြို့တွင် ယခင်နှစ်များအတိုင်း ဘုရားကျောင်းပွဲတော်ကို ကျင်းပခဲ့သည်။ ယခုရက်ပိုင်းတွင် နတ်ဆရာလေးတစ်ဦး မြို့ထဲရောက်လာသဖြင့် ခါတိုင်းထက်ပိုမိုတက်ကြွနေသည်။ သူသည် မည်သည့်အကြောင်းအရာကိုမဆို နတ်ဘုရားသဖွယ် တွက်ချက်နိုင်‌ေလသည်။ မနက် ၉ နာရီခန့်ုအချိန်တွင် အသက် ၁၈ နှစ် ၁၉ နှစ်အရွယ်ရှိသည့် လူငယ်တစ်ဦးသည် ဆိုင်ခန်းသို့ ရောက်လာသည်။ သူသည် အိတ်ထဲမှ 'ဗေဒင်ဟောသည်" ဟုရေးထားသော ပိတ်စကိုထုတ်ကာ စားပွဲပေါ် သို့တင်လိုက်သည်။ ပြီးသည်နှင့် လက်ဖက်ရည်တစ်ခွက်ကို ဖြည်းညှင်းစွာ သောက်နေလေသည်။

ထိုလူငယ်လေး၌ ချောမောသည့်ရုပ်သွင်ရှိပြီး လှပသည့် မက်မွန်ပွင့်မျက်လုံးများ၊ ရှည်လျားသည့် မျက်တောင်မွှေး၊ ဖြူစင်သည့် အသားအရေကို ပိုင်ဆိုင်ထားသည်။ သူ၏မျက်စံမှာ သာမန်လူ‌များထက် ပိုအရောင်ရင့်ပြီး‌ နက်မှောင်ကာတောက်ပနေသည်။

သူဆိုင်ကို ရောက်သည်နှင့်တပြိုင်နက် ဈေးထဲလှည့်လည်နေသော လူများသည် ချက်ချင်း သူ့ဆီရောက်လာကြပြီး လူတန်းရှည်ကြီး ဖြစ်သွားတော့သည်။

"နတ်ဆရာလေး၊ ကျွန်တော့်ကို တစ်ခုခုတွက်ပေးပါဦး၊ ဘယ်အကြောင်းပဲဖြစ်ဖြစ်ရပါတယ်ဗျာ။" ဗလတောင့်တောင့် မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့်လူကြီးသည် ကုယဲ့ မထိုင်ရသေးခင် တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

ကုယဲ့လည်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး "သွားတော့၊ သွားတော့၊ ခင်ဗျားမိသားစုက အေးအေးချမ်းချမ်းလဲရှိတယ်၊ ကျန်းမာရေးလည်း ကောင်းတာကို၊ ဘာမေးစရာရှိမှာလဲ။"

ထိုစကားကိုကြားရသည်နှင့် ထိုလူကြီးလည်း ဝန်ထုတ်ကြီးပေါ့သွားသလို ဝမ်းသာအားရ ထွက်သွား‌တော့သည်။

"ဟမ့်!" ထိုအချိန်တွင် လူအုပ်ထဲရှိ brandအဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက စုတ်သတ်လိုက်သည်။ သူ့၏ချောမောသည့်မျက်နှာသည် ရွံရှာမှုအပြည့်ဖြစ်နေပြီး၊ အရူးကိုကြည့်နေသလိုမျိုး ထိုလူကြီးကို ကြည့်နေသည်။ သူ့စိတ်ထဲ 'ဒီလိုစကားမျိုးကိုတောင် ယုံကြတာ ဒီရွာသားတွေ ရူးသွားပြီလား။'ဟုတွေးနေမိသည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now