အခန်း 8.1

2.8K 454 1
                                    

အခန်း ၈ လာလေ ပြန်ပေးဆွဲလိုက်စမ်းပါ

“ ဘယ်ပြေးမလဲ ကောင်စုတ်လေး! “
ကျောက်ဖုန်းယွိ နှင့် အခြားသူများသည် ပြေးလာသော တစ္ဆေငယ်လေးကြောင့် "အမလေး … ဘုရားရေ" ဟု အော်ဟစ် ကြောက်ရွံ့ထိတ်လန့်သွားပြီး ကုယဲ့ နောက်သို့ ပြေးကပ်သွားကြသည်။ ထိုအချိန်တွင် ကုယဲ့ သည် ရော်ဘာဘောလုံးကို ပုတ်လိုက်သကဲ့သို့ လက်ကိုမြှောက်ကာ မြေပြင်ပေါ်တွင်ရပ်နေသော တစ္ဆေငယ်လေးကို သူ၏လက်ဖြင့် ရိုက်လိုက်သည်ကို တွေ့လိုက်ရသည်။

ထို့နောက် ချက်ချင်းပင် ထိတ်လန့်နေသော မျက်လုံးများနှင့်ကြည့်နေသော လူများဘက်သို့ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး  "ပြဿနာ မရှာနဲ့ လိမ္မာတယ် " ဟု တစ္ဆေငယ်လေးကို‌ ပြောလိုက်သည်။

ကုယန် သည် အရာအားလုံးကို သူ့သဘောအတိုင်းပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ ရိုက်လိုက်သောအပြုအမူကြောင့် ထိတ်လန့်သွားခဲ့သည်။ သူက ကုယဲ့ ကို မဝံ့မရဲ ကြည့်လိုက်သောအခါ ကုယဲ့၏မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရပြီး သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်ဖို့ မရည်ရွယ်ခဲ့ကြောင်း သိလိုက်ရသည်။ ထို့နောက် သူ၏ဘောင်းဘီအား ခြေထောက်များနှင့် ပွတ်သပ်ရင်း ချစ်စရာကောင်မလေးများ ပြုမူသကဲ့သို့ ညုတုတုပုံစံမျိုးဖြင့် ချွဲပြလိုက်သည်။
ကုယဲ့သည် သူ့ကို ကောက်ချီလိုက်ပြီး သူ့၏ပေါင်ပေါ်တင်လိုက်ကာ ခေါင်းကို ပုတ်ရင်း  " အရမ်းကို လိမ္မာတယ် မင်းသာ ဒီလိုမျိုးဆိုးမနေဘူးဆိုရင် မင်းကို ငါရဲ့ နံပါတ် ၁ အစောင့်အရှောက်လေးဖြစ်ခွင့်ပေးမယ် " ဟု ချီးမွမ်းလိုက်သည်။

ကျောက်ဖုန်းယွိ နှင့် အခြားသူများသည် ကုယဲ့ အနားသို့ တဖြေးဖြေးဒူးထောက်လုနီးနီး ချဉ်းကပ်လာကာ တခဏချင်းပင် နှစ်မီတာအဝေးသို့ နောက်ပြန်ဆုတ်သွားကြသည်။
ဝမ်ချန်းချန်း က စိုးရိမ်တကြီးဖြင့် "ဒီကလေးက ဘာကိုမှ နားလည်တာမဟုတ်ဖူး၊ သူက နာကြည်းချက်တွေနဲ့ မွေးဖွားလာပေမဲ့လည်း တခြားသူတွေကို မထိခိုက်ဖူးဘူး သခင်လေး သူ့ကို လွှတ်ပေးပါ! "

ကုယဲ့ က ပြုံးပြီး  ကလေးသရဲ၏ခေါင်းကို ပွတ်ရင်း " ငါ သိပါတယ် " ဟု ပြောလိုက်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now