အခန်း 21.1

3K 477 21
                                    

21. တစ်ယောက်ယောက်က သူတို့တစ်မိသားစုလုံးကိုသတ်ချင်နေတာ
ကျောက်ကတော် သူငယ်ချင်း၏ မျိုးရိုးအမည်မှာ ၀မ် ဖြစ်ပြီး ကျောက်ဖန်းယွိသည် သူမအား အန်တီ ၀မ်ဟုခေါ်သည်။ အန်တီဝမ်၏ မိသားစုနောက်ခံသည် သာမန်မျှသာဖြစ်ပြီး သူမ၏နောက်ခံသည် ကျောက်ကတော်နှင့် အလွန်ကွာခြားသော်လည်း သူတို့နှစ်ဦးသည် တက္ကသိုလ်တက်ခဲ့စဉ်က ထူးဆန်းစွာတွေ့ခဲ့ကြပြီးနောက် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့ကြသည်။အဓိကအကြောင်းအရင်းမှာ အန်တီ၏စာရိတ္တကောင်းမှုကြောင့်သာ ဖြစ်သည်။ သူမသည် ကြင်နာတတ်သော နှလုံးသားရှိပြီး သူမ၏ သူငယ်ချင်းများကို ဘာမှ မပြောပေ။ သူမသည် အေးချမ်းသော အမျိုးသမီးတစ်ဦးသာဖြစ်ပြီး သူ့သူငယ်ချင်းများအတွက် ဘာမဆိုလုပ်ပေးနိုင်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ နောက်ပိုင်း အိမ်ထောင်ကျသွားခဲ့သည်။ လင်မယားနှစ်ယောက်စလုံးသည် အရမ်းတော်ကြပြီး မိသားစုတွင်လည်း ပိုင်ဆိုင်မှု နည်းနည်းပါးပါးရှိ၏။  အေးချမ်းစွာ နေထိုင်ခဲ့ရသော်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကံဆိုးမှုအမျိုးမျိုးကို မသိခဲ့ပါ။
ကျောက်ကတော်က သူမကို သတိပေးသောအခါ အန်တီ ၀မ်သည် သူမ ဘယ်သူကိုပြောနေမှန်းသိနေသည်။ "သခင်လေး၊ သခင်‌လေးလုပ်နိုင်ပါ့မလား၊ အခုက ကု မိသားစုရဲ့ အားထားလို့ရတဲ့တတိယမြောက် သခင်လေးလား။ ကုဒဲ့ချန် ရဲ့သားမလား"
"ဟုတ်တယ်၊ အံ့သြစရာကောင်းတယ်။ အထက်လမ်းဆရာတော်တော်များများက ငါ့သားရဲ့အသက်ကို မကယ်တင်နိုင်ခဲ့ဘူး။ ကုယဲ့က ကျောက်ဖန်းယွိကို သူရောက်လာတာနဲ့ ချက်ချင်းကယ်ခဲ့တာ။ ဒီကလေးက တစ်ခြားအထက်လမ်းဆရာတွေနဲ့ လုံးဝမတူဘူး။ သူ့မျက်လုံးတွေက မှော်ဆန်တယ်၊ သူ့အပြုံးက လှတယ်၊ စကားပြောရင်လဲ ယဉ်ယဉ်ကျေးကျေးလေး။” အတိုချုပ်ပြောရမည်ဆိုလျှင် ကျောက်ကတော် ၏အမြင်တွင် ကုယဲ့ သည် ခွန်အားနှင့် ပြီးပြည့်စုံမှုအပြည့်ရှိသည်။
အန်တီဝမ်သည် သံသယ အနည်းငယ်ရှိနေတုန်းပင်ဖြစ်သည်၊ "ဒါပေမယ့် လူတော်တော်များများက သူ့ကိုအဲ့လောက် မတော်ဘူးလို့အရင်တုန်းကပြောနေကြတာဆိုတော့ သူကလိမ်နေတာလား"
"ကလေးက သူ့အဖေအာရုံစိုက်တာခံချင်လို့နေမှာပေါ့။ ပြီးတော့ သူ့အဖေက သူ့နဲ့ အတူနေပေးဖို့အတွက် အလုပ်များလွန်းတယ်" ပြီးတော့  ချမ်းသာသော မိသားစုတွေတွင် အလှည့်အပြောင်းတွေအများကြီးရှိသည်။ ကလေးတစ်ယောက်က အနှစ် (၂၀) ‌ကျော်လောက် အရှုးလိုဟန်‌ဆောင်ခဲ့တယ် ဆိုတော့ ချမ်းသာလေလေ၊ လူများလေလေ၊ နင့်မိသားစုရေးက ပိုရှုပ်လေ၊ အိမ်မှာ ဒုက္ခတွေများလေဖြစ်၏။ ကျောက်က‌တော်သည် အတင်းအဖျင်း မေးခြင်းကို ကြိုက်သောသူမဟုတ်ပေ။"လိုရင်းပြောရရင်ဟာ ဒီကလေးက စိတ်ချရတယ်။ ငါ့ကို ယုံရင် သူ့ကို ရှာပေးမယ်။ ငါ့ကို မယုံရင်တော့ မေ့လိုက်တော့။ နင် သူ့ကို ဖိတ်ချင်ရင်တောင် သူအားမလား ကြိုမေးရဦးမှာ။"
ကျောက်က‌တော် ပြောပြီးနောက် သူမ၏သူငယ်ချင်းသည်  မစိုးရိမ်ခြင်းမရှိတော့ကာ၊ "ဟုတ်ပါပြီ ယုံပါတယ်၊ သူလာနိုင်လားလို့ မေးပေးပါဦး၊ ပိုက်ဆံက ပြဿနာ မဟုတ်ဘူး"
ထိုအချိန်တွင်၊ ကုယဲ့သည် စာကြည့်ခန်းတံခါးဝတွင် လဲလျောင်းနေပြီး စာလုပ်နေသော ကုကတော်ကို သနားစိတ်ဖြင့် ကြည့်နေသည်။ မကြာသေးမှီကပင် ကုကတော်သည် စီးပွားရေးလုပ်ရန် စတင်လေ့လာခဲ့ပြီး သူမဖွင့်ထားသည့် အလှပြင်ဆိုင်မှလဲ ပိုက်ဆံတော်တော်များများရှာနိုင်ခဲ့သည်မှာ သူမအတွက် အားတက်စရာဖြစ်နေသည်၊ ကုယဲ့သည် အိပ်ရေးဝသွားသောကြောင့် သူမစာလေ့လာနေသည်ကို နှောင့်ယှက်ကာ သူမအား စိတ်အနှောင့်အယှက် ပေးရန်လာခြင်းဖြစ်ပေသည်။
"အမေ၊ သားမှာ ပြောစရာရှိတယ် ဒါပေမယ့်ပြောရမလား မပြောရမလားစဥ်းစားနေတာ" ကုယဲ့သည် တံခါးဝကို မှီကာ စကားပြောရန် တွန့်ဆုတ်နေသည်။
ကုကတော် သည် သူအရမ်းရှက်သွားတယ်လို့ကြားတော့ သူမလုပ်နေသော အလုပ်များကိုရပ်ကာ "ဘာဖြစ်လို့လဲ သား၊ သားမှာ ပိုက်ဆံမရှိတော့လို့လား။
ကုယဲ့သည် သူ့မျက်နှာပေါ်တွင် ညှိုးငယ်သော အမူအရာဖြင့် စာကြည့်ခန်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လာကာ တံခါးကို ပိတ်လိုက်လေသည်။ 
ကုကတော်သည် မတ်တပ်ရပ်ပြီး "မင်း မဟုတ်တာတွေတော့ မလုပ်ခဲ့ဘူးမလား၊ မင်းအဖေကို စိတ်ဆိုးအောင်လုပ်လိုက်ပြန်ပြီလား"
ကုယဲ့ က သူ၏နှုတ်ခမ်းကို ကိုက်ကာ "အခုတလော ကျွန်တော် အဖေ့မျက်နှာကိုကြည့်လိုက်တော့ လာမဲ့နှစ်မှာ သူ အချစ်ရေးကံတက်နေတာကို တွေ့တယ်"
ကုကတော်၏ နှလုံးခုန်နှုန်းသည် ရုတ်တရက်မြန်သွားကာ "မဖြစ်နိုင်ဘူး၊ မင်းအဖေက အသက်ခြောက်ဆယ်ရှိနေပြီလေ!"
"ဒါပေမယ့် သူအသက်ကြီးပုံမပေါ်ဘူးလေ၊ပြီးတော့ သူ့မှာ ပိုက်ဆံက ရှိသေး!" ကုယဲ့သည် ကုကတော်ရဲ့လက်ကို ကိုင်လိုက်ကာ မကျေမနပ်မျက်နှာနဲ့ "အမေ၊ သတိလျှော့လို့မရဘူး၊အခုထိ အသက်ခြောက်ဆယ်ကျော်အဘိုးကြီးတွေက မိန်းကလေးငယ်ငယ်လေးတွေနဲ့ တွဲနေသေးတာပဲလေ။ အဖေက အဲ့လိုလူမဟုတ်ဘူးဆိုတာ သားသိပါတယ်။ သူကအမေ့ပေါ်မှာ သစ္စာရှိတယ်ဆိုပေမယ့်  မြေခွေးမတစ်ယောက် က လာမြူစွယ်ရင် သူလဲဘယ်နေနိုင်ပါ့မလဲ။ သား မိထွေးမလိုချင်ဘူး သားအသက်ပဲဆယ့်ကိုးနှစ်ကျော်နေပြီ၊ သားထက် အသက်နည်းနည်းပဲကြီးတဲ့ မိထွေးရှိရင် သားတို့ ညီကိုတွေကျောင်းမှာ မျက်နှာပြရဲမှာမဟုတ်တော့ဘူး။"
ကုကတော်ဖောက်ပြန်ခံရသည်ဟု တွေးလိုက်သောအခါ အသက်ရှုကြပ်လာပြီး ဒေါသထွက်သွားကာ "ဘယ်သူလုပ်ရဲလဲ!"
ကုယဲ့၏မျက်နှာမှာ ဒေါသနှင့်ပြည့်နှက်နေပြီး "အခုခေတ်မိန်းကလေးတော်တော်များများက ကောလိပ်ဘွဲ့ရပြီးရင် အလုပ်မရှာချင်ကြတော့ဘူးဗျ။ အဘိုးကြီးတွေရဲ့ မိန်းမလုပ်ဖို့ပဲ အားစိုက်ကြတော့တာ။ အသိတရားတွေမရှိကြတော့ဘူး.... ကြောက်စရာကြီး"
ကုကတော်က  တွေးရင်းနှင့်ပင် သူမရဲ့ မျက်နှာသည် တဖြည်းဖြည်း ရှုံမဲ့လာလေသည်။ ဒီလိုမျိုး ကောလဟာလတွေ အများကြီးကြားဖူး၏၊ တချို့အဘိုးကြီးတွေသည် အရှက်မရှိကြပေ၊ မယားငယ်ကို တစ်ယောက်တင်မဟုတ် အများကြီးထားတတ်ကြသည်။ အိမ်က အဘိုးကြီးသည်လည်း အသက်ခြောက်ဆယ်သာပြောတာ ဆံပင်လဲမဖြူသေး၊ တည်ကြည်ခန့်ညားတဲ့ ဦးလေးကြီးလိုဖြစ်ပြီး စာသေချာမလုပ်တဲ့ ကလေးမလေးတွေကို ချောင်းနေတာပဲဖြစ်ရမည်။
ကုယဲ့ သည် သူ၏မျက်လုံးများကို‌ မှေးလျက် ဆက်ပြောလေသည်"ဒီလိုမျိုး တကယ်ဖြစ်လာရင် အမေ့ကို ဘယ်သူ ဂရုစိုက်မှာလဲ။ အစ်ကိုကြီးက တစ်နှစ်မှာ တစ်ခါတောင် အိမ်ပြန်မလာဘူး၊ အစ်ကိုလတ် ကလဲ ဂရုစိုက်နိုင်ပါ့မလား၊ သူကလဲ အမေချက်ကျွေးတာစားပြီး ကြီးလာတာလဲမဟုတ်ပြန်ဘူး။ ကျွန်တော်နဲ့ ညီလေးကိုသာ အမေ ပြုစုခဲ့တာ၊ အမေအသက်ကြီးရင် အမေ့ကို ကျွန်တော်တို့စောင့်ရှောက်မှာပေါ့၊ ပြီးတော့ အမေ့ကိုလဲ ဘယ်သူမှအနိုင်မကျင့်ရဲအောင်လည်း လုပ်ပေးမယ် "
ကုယဲ့၏ရုတ်တရက်ဝန်ခံချက်ကြောင့် ကုကတော် အံ့အားသင့်သွားခဲ့သည်။ ဤစကားသည် သူမအတွက် အလွန် ကြည်နူးဖွယ်ကောင်းသောကြောင့် သူမသားကို ပွေ့ဖက်ထားချင်သကဲ့သို့ ဖြစ်သွားလေသည်။ “သားကအဲ့လိုပြောတော့ အမေကအသက်ကြီးမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့" ထိုပြဿနာကို တွေးလိုက်ရုံနှင့်ပင် အသက်ကြီးလာသောအခါ ကုဒဲ့ချန်းသည် သူမထက် အရင် ဆုံး မည်ဖြစ်သည်၊ သူမ၏သားသည် သူမကို မကူညီနိုင်တဲ့ အသုံးမကျသော ဆော့ဖို့ပဲသိသည့် ကလေးတစ်ယောက်ဖြစ်သည်။ အကြီးဆုံးသားနှင့် ဒုတိယသားသည် ခင်ခင်မင်မင်ရှိသော်လည်း၊ သူမအပေါ်တွင် သံယောဇဥ်မရှိကြပေ။ တာ၀န်၀တ္တရားအရ လေးလေးစားစား ဆက်ဆံကြသော်လည်း တစ်ကယ်တမ်းတွင် သူတို့သည် သူမအပေါ်လွန်စွာ စိမ်းကားကြသည်။ အကယ်၍ ကုယဲ့ သည် သူမအား ကောင်းမွန်စွာ ဆက်ဆံပါက အကြီးဆုံးနှင့် ဒုတိယသားသည် ညီငယ်အတွက် သူ့အမေကို တစ်ယောက်တည်းထားခဲ့မှာ မဟုတ်ပါပေ။
ဒီအချက်မှာ ကုယဲ့သည် သူမအား တကယ်လိမ်ညာခဲ့ခြင်းမဟုတ်ပေ၊ သူသည် ကုကတော်၏လက်အောက်တွင် ကြီးပြင်းလာခဲ့ချင်းပင်ဖြစ်သည်။ သွေးရင်းသားရင်းမဟုတ်သော်လည်း ကုယဲ့ သည် သူ့ကားပြိုးထောင်ခဲ့သော ကုကတော်အား တစ်ယောက်တည်းပစ်ထားမည့် လူယုတ်မာမဟုတ်ပေ။
အခု ကုကတော် သည် ကုယဲ့၏ စကားကြောင့် စိတ်လှုပ်ရှားသွားပြီး မျက်လုံးကို မှိတ်ထားကာ "သားအဖေက လာမဲ့နှစ်မှာ အချစ်ရေးကံကောင်းတယ်လို့ သားတကယ်ပြောတာလား။"
ကုယဲ့သည် ခေါင်းညိတ်ကာ "ဗေဒင်ဆရာတွေက လိမ်လို့မှမရတာ" လို့ ပြောလိုက်လေသည်။သူ၏စိတ်ထဲတွင်  "ဒါပေမယ့် သားမိချင်းကတော့ လိမ်လို့ရတယ်!’
ကုကတော် သည် မျက်နှာကို ငုံ့ကာ လေးနက်စွာ ပြောသည် "ကောင်းပြီ အမေ သိပါတယ်၊ သားက သားလိမ္မာလေးဆိုတာကို"
ကုယဲ့ သည် ချီးမွမ်းခံရသောကြောင့် အပြစ်ရှိသလိုခံစားရကာ မိခင်ထံတွင် ဒူးထောက်ကာ အသက်ကြီးလာသောအခါတွင် ပိုက်ဆံအများကြီ ရှာပေးမည်ဟု တိတ်တဆိတ် ကတိပေးခဲ့သည်။
ဒီအချိန်တွင် ကုယဲ့ သည် ကုက‌တော်၏မျက်နှာကိုကြည့်လိုက်စသောအခါ ထူးခြားသောအရာ တစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။ ထိုအရာကိုမြင်သောအခါ ကုယဲ့၏ ပါးစပ်ထောင့်သည် တုန်ပြီး မနေနိုင်မထိုင်နိုင်ဖြစ်ကာ  ဒီလောက်တောင်လား?
"ငါ့မျက်နှာမှာ ဘာရှိလို့လဲ" ကုကတော်သည် ကုယဲ့၏အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်သွားကာ သူမမျက်နှာကို ဖုံးအုပ်ထားလိုက်သည်။ ကုယဲ့သည်အားကိုးလို့ရမည်ကို သိထားသောကြောင့်, သူမသည် ကုယဲ့ထံမှ ကောင်းသောအရာကိုသာကြားချင်နေသည်။
ကုယဲ့ က လေးလေးနက်နက်ပြောလိုက်လေသည် "အမေ ဒီနှစ် ချမ်းသာလိမ့်မယ်"
ကုကတော်သည် မယုံကြည်နိုင်ဖြစ်ကာ ပြုံးစိစိ ဖြစ်နေပြီး၊ သူမ၏ ပျော်ရွှင်မှုကို မထိန်းထားနိုင်တော့ချေ။
ကုယဲ့သည် "ဒါပေမယ့် ၊ အမေ့မှာ ခြူစားခံရမယ့်ကံ ရှိနေတယ်။"
ကုကတော်၏ နှလုံးခုန်သံများ မြန်လာကာ စိတ်မရှည်တော့ဘဲ "ငါအေးဆေးလေးနေချင်သေးတယ်" ခင်ပွန်းသည် မှာ အချစ်ရေးကံကောင်းနေသော်လည်း ၊သူမမှာ အချစ်‌ရေးကံဆိုးနေလေသည်။ သူမသည် ဘဝကို ကောင်းကောင်းနေချင်သေးသည်။
ကုယဲ့သည် စိတ်ဆင်းရဲနေသော မျက်နှာဖြင့် "မသိတဲ့လူတွေနဲ့ စကားမပြောနဲ့နော် ၊ သူတို့တွေက အမေ့ကို တကယ်သဘောမကျဘဲ ညာစားချင်လို့အမေ့နားကပ်တာ"
ကုကတော် သည် စက္ကန့်ပိုင်းအတွင်း နားလည်လိုက်သည် ၊ မျက်ခုံးပင့်ပြီး မျက်လုံးများ ပင့်တင်လိုက်ရာ သူမ၏ ကြီးစိုးသော အမူအရာ ထွက်ပေါ်လာသည် ၊ " ငါ့ကို လာလိမ်စားချင်နေတာပဲ၊ လုပ်ရဲရင် လုပ်ကြည့်လေ !"
ကုယဲ့ သည် မထိန်းနိုင်ဘဲရယ်မိလေသည်။ အမေဖြစ်သူကား ပိုက်ဆံအတွက်ဆိုလျှင် ပူပန်စရာ မလိုသောကြောင့် မည်သူမှ ကပ်ရဲမည် မဟုတ်တော့ပေ။
"သားပြောတာ သေချာမှတ်ထားနော်"ကုယဲ့သည် တံခါးကို တိတ်တဆိတ်ဖွင့်လိုက်ပြီး "သားသွားတော့မယ်။ သူနဲ့တွေ့ရင် သားကိုပြောဖို့မမေ့နဲ့ ၊သားသူ့ကိုဂရုစိုက်ပေးမယ်။"
ကုကတော်က "စိတ်မပူပါနဲ့ မင်းအဖေက မင်းအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိထွေးရှာဖို့ အခွင့်အရေးမရှိဘူး၊ ဘယ်သူမှ ငါ့ပိုက်ဆံတွေကို ငါ့ဆီကလိမ်လို့မရဘူး။ မင်းအမေက မင်းအမေပဲလေ"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now