ကုယဲ့ ၏သတ်ချင်စိတ်ကို သတိပြုမိလိုက်သော အနက်ရောင် အရိပ်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး မလှုပ်ရဲတော့ပေ။
အနက်ရောင်အရိပ်ကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက်၊ ကုယဲ့သည် အံ့အားသင့်စွာဖြင့် မျက်လုံးများပြူးကာ "ကလေးလေး?"ကုယဲ့၏ ကြမ်းတမ်းသော အရှိန်အဝါကြောင့် ထိတ်လန့်စွာဖြင့် သရဲကလေးသည် ဘောလုံးလေးကဲ့သို့ ကွေးနေမိတော့သည်။
ကုယဲ့ က မျက်မှောင်ကြုတ်ပြီး ကုတင်အောက်ကို ကြည့်လိုက်သည်။ ထိုင်ချလိုက်ပြီ ကုတင်အောက်မှ နောက်ထပ် အနက်ရောင်ရုပ်သေးသေးလေးကို ဆွဲယူလိုက်သည်။ သရဲများ ထွက်ပြေးသွားမည်ကို တားဆီးရန်အတွက် ကုယဲ့ သည် သစ်ကြပိုးမှင်တံဖြင့် လေပေါ်တွင် နှစ်ကြိမ်ဆွဲလိုက်ပြီး နံရံတစ်ခု၏ ထောင့်တွင် ချည်နှောင်ထားသည်။ကုယဲ့သည် သူတို့ကို လက်ညှိုးထိုးပြီး "ထိုင် မလှုပ်နဲ့၊ လှုပ်တဲ့သူ ဖင်ရိုက်ခံရမယ်!"
သရဲလေးနှစ်ကောင်သည် ကုယဲ့ ၏စကားကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကာ သူတို့ရှေ့မှလူသည် လူသားနှင့်မတူတော့ကာ လူကိုစားသော နတ်ဆိုးကြီးကဲ့သို့ဖြစ်နေသည်။သရဲများကိုကြည့်ရင်း၊ ကုယဲ့ ၏အမူအရာသည် တဖြည်းဖြည်းလေးနက်လာသည်။ ထိုကဲ့သို့ အထက်လမ်းဆရာများကို လှည့်စားနိုင်သော သရဲများသည် အလွန်သန်မာပြီး ဆိုးရွားသည်ဟု သူထင်ခဲ့သည်။ သူသည် အသေအကြေတိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း သရဲလေး ၂ကောင် ထွက်လာမည်ကို မမျှော်လင့်ထားပေ။ သူ့အတွက် အံ့အားသင့်ဆုံးအရာမှာ ထိုသရဲကလေးနှစ်ယောက်၏ ခြေလက်များ မပြည့်မစုံခြင်းဖြစ်ပြီး အသက်ရှင်နေစဥ်အချိန်က ခြေလက်တွေ ဆုံးရှုံးနေခြင်းပင်ဖြစ်သည်။ သရဲတစ်ကောင်တည်းက ထိုကဲ့သို့ဖြစ်လျှင် တိုက်ဆိုင်မှုတစ်ခုလို့ ထင်နိုင်သေးသည်။ ဒါပေမယ့် နှစ်ယောက်လုံးက ဘာလို့ အတူတူ ဖြစ်နေတာလဲ။
ထိုအချိန်တွင် ကုယဲ့သည် သူ့ခေါင်းနောက်မှ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရပြီး လေအေးသည် ချက်ခြင်းဝင်လာသည်။ သူ လှည့်ကြည့်လိုက်သောအခါ ထူးဆန်းသော အနီရောင် မီးလုံးကြီးသည် လေအေးပေးစက်၏ လေထွက်ပေါက်မှ ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။ သစ်ကြပိုးမှင်တံကို မြှောက်လိုက်ပြီး ကုယဲ့သည် အနီရောင်မျဉ်းတစ်ကြောင်းဆွဲကာ ကလေးကို အတွင်းဘက်တွင် ချည်နှောင်ကာ မီးလုံးဖြင့် တိုက်ရိုက်ထားလိုက်သည်။ ဒီသရဲက သူတို့နှစ်ယောက်ထက် အသက်ပိုကြီးပြီး ဘယ်ဘက်လက်သည်လည်း မသန်မစွမ်းပုံ ဖြစ်နေသည်။ ထို သရဲက သွားများဖြဲကာ ခြိမ်းခြောက်နေပြီး အချိန်မရွေး ကုယဲ့ကို ခုန်အုပ်ချင်နေသည့်ပုံပင်။ ကုယဲ့၏ သရဲကလေးလည်ပင်း နောက်ဘက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး နောက်ထပ် အနီရောင်မျဉ်းကို ဆွဲလိုက်သည်။ နှစ်ခါထပ်ချည်ပြီး နံရံပေါ်တွင် ကပ်ချည်ထားလိုက်သည်။
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...