အခန်း 29.1

2.5K 436 8
                                    

၂၉။ ဘုရားရေ ငါ့အစ်ကိုက ယောကျ်ားတစ်ယောက်နဲ့အတူထွက်ပြေးသွားပြီ

ကုယဲ့သည် သူ၏နောက်၌ရပ်နေသူသည် မည်သူဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သူ့အား ရှာနေသည်ကို နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ သိနေသည်။ သို့ရာတွင် ကုယဲ့သည် တည်ငြိမ်စွာဖြင့် သူ၏ဆရာအား မီးရှို့စက္ကူအား ထွန်းကာ ဆက်လက်ပူဇော်နေ၏။ အမွှေးတိုင်ထွန်းပြီးနောက်တွင် ကုယဲ့သည် သူ့ဆရာကို တီးတိုးပြောလေသည်။

“ဒီနေ့က ချင်းမင်း(Qingming) ပွဲတော်နေ့လည်း မဟုတ်၊ ၁၅ ရက်‌နေ့လည်း မဟုတ်‌ပေမဲ့ အဘိုးကြီးလည်း ဒါတွေ သိပ်ဂရုမစိုက်ဘူးမလား၊ ပို့ပေးတာတွေကို သေချာ သုံးလိုက်နော်။ အဘိုးကြီး ကျွန်တော်ကို အိပ်မက် မပေးတာကြာပြီ၊ လူပြန်ဝင်စားသွားပြီလားလည်း မသိဘူး၊ တကယ်လို့ ဆရာသာ လူပြန်ဝင်စားသွားပြီဆိုရင်တော့ နှမြောစရာပဲ၊ ဒီအလှလေးတွေက အရမ်း စျေးကြီးတာ”

ထိုစကားကြောင့် ကုယဲ့နောက်၌ရပ်နေသူ ချီစုန့်သည် နှုတ်ခမ်းအား တစ်ချက်တွန့်သွားသည်။

ကုယဲ့ပူဇော်ထားသော မီးရှို့စက္ကူကုန်သွားချိန်တွင် မှောင်နေပြီဖြစ်သည်။ ကုယဲ့သည် မတ်တပ်ရပ်ကာ လက်ထဲရှိ ပြာမှုန့်များကို ခါလိုက်ပြီး အဖွဲ့ခေါင်းဆောင်ချီကို ကြည့်လိုက်သည်။

“ဆရာ အကြာကြီးစောင့်လိုက်ရတယ်ထင်တယ်”

ချီဇန်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် ကုယဲ့စကားအား ပြန်ဖြေလိုက်သည်။
“မင်္ဂလာပါ ကျွန်တော်က ပရလောက စီမံရေးက စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ချီစုန့်ပါ”

ကုယဲ့က ခေါင်းကိုစောင်းလျက် အသိအမှတ်ပြုလိုက်ပြီး
“ကျွန်တော် ဘာလုပ်ပေးရမလဲ”

“ခင်ဗျားက လူကြီးမင်းရှောင်ရဲ့ဒုတိယတပည့်လား၊ ကျွန်တော်သိသလောက်တော့ လူကြီးမင်းရှောင်မှာ ကုယဲ့လို့ ခေါ်တဲ့ တပည့်တစ်ယောက်တည်းရှိတာပါ”

“ဟုတ်တယ် ကျွန်တော့်ကို တပည့်အဖြစ် လက်ခံခဲ့တုန်းက ဆရာက မရှိတော့ဘူး၊ ကျွန်တော့်ရဲ့ဆရာတူ အစ်ကိုက လက်ခံခဲ့တာ၊ ဒါပေမဲ့ တိုက်ဆိုင်တာတစ်ခုက ကျွန်တော့်နာမည်ကလည်း ကုယဲ့ပဲ”
ကုယဲ့က ပြုံးရင်း ဆက်ပြောလိုက်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now