အခန်း 12.1

2.7K 483 14
                                    

အခန်း 12 ကံအကျိုးတရားနှင့် ဝဋ်ဆင်းရဲတို့သည် မည်သူ့ကိုမျှ မသက်ညှာ

"သူက မြို့တစ်မြို့ကို ကယ်ဖို့အတွက်နဲ့ ပရလောကအဖွဲ့အစည်းတစ်ခုလုံးကို မျက်နှာဖြတ်ရိုက်ဖို့ဝန်လေးတဲ့သူ မဟုတ်ဘူး။" 

ထိုသတ်လတ်ပိုင်း လူကြီး၏ မျက်နှာအမူအရာမှာ ယင်ကောင်များ မျိုချထားသကဲ့သို့ ရှုံ့တွ‌ေန‌ေလသည်။ ဤသည်မှာ ကုယဲ့အကြောင်းတွေးမိရုံဖြင့် ထိုလူကြီးအတွက် သူ့ဘောများကန်ခံရသလို နာကျင်စေရမှန်းသိသာလေသည်။  

"မင်းက အပြင်လူပဲဟာကို ထပ်မမေးနဲ့တော့။ ဘာပဲဖြစ်ဖြစ် အဲ့တာ သူလည်း မဟုတ်ဘူး။ ဒီလူကို ဖြေးဖြေးချင်းရှာကြတာပေါ့။" 

ထိုလူကြီးလည်း ပြောပြီးသည်နှင့် မတ်တပ်ထရပ်ကာ ထွက်သွားလေသည်။ အတိုချုပ်ပြောရလျှင် ထိုအကြောင်းအရာကို သူဆက်မပြောလိုတော့ပေ။

"ဟတ်ချိုး!" ကုယဲ့သည် ကျယ်လောင်စွာ နှာချေလိုက်သည်။

" တစ်ယောက်ယောက်တော့ အစ်ကို ဘယ်လောက်ချောကြောင်း ကွယ်ရာမှာ ပြောနေတာနေမှာ။" ကုယန်သည် ခေါင်းထောင်လာပြီး အစ်ကိုဖြစ်သူကို လက်မထောင်ပြကာ စိတ်ရင်းဖြင့် မြှောက်ပင့်ပေးလိုက်သည်။ ထိုအချိန်တွင်တော့ ကုယဲ့သည် ကျောင်းပိတ်ရက်အတွင်း လျှောက်ဆော့ကာ အချိန်ဖြုန်းခဲ့သည်မို့ အိမ်စာလုံးဝ မလုပ်ခဲ့သည်ကို ပြန်သတိရသွားပြီး အသည်းအသန် ထိုင်ရေးနေလေသည်။  

ကုယဲ့လည်း ပြုံးလျက် ထိုကလေး၏ခေါင်းကို ပွတ်ပေးလိုက်ရင်း "ငဖားလေး၊ ငါ့လာဖား‌နေလည်း အသုံးမဝင်ဘူးနော်၊မင်းအိမ်စာမင်းသွားလုပ်။ တစ်လက်စတည်း ငါ့အိမ်စာပါ ကူပေးဦးမလား။" 

ကုယန် : "......" 'ဒါသူ့အစ်ကိုရော ဟုတ်ရဲ့လား။' 

........

ထိုညတွင် ဝမ်ချန်းချန်း၏ ရုပ်အလောင်းကို တစ်ညလုံး တူးဖော်ခဲ့ကြသည်။ ယခုအချိန်၌ ကျောင်းတွင် ကျောင်းသားများမရှိသောကြောင့် ရုတ်ရုတ်သဲသဲတော့ ဖြစ်မသွားချေ။ မှုခင်းဆရာဝန်သည် လီရွေ့၏ ဆံပင်များကို ထိုအလောင်းပေါ်၌ တွေ့ရှိခဲ့သည်။ ထို့ပြင် ကလေး၏ DNA စစ်ဆေးမှုရလဒ်တွေအရ လီရွေ့သည် ထိုကလေး၏ဖခင်ဖြစ်သည်။ ဝမ်ချန်းချန်း၏ ရုပ်အလောင်းဓာတ်ပုံကို လီရွေ့မျက်နှာရှေ့ချပြလိုက်သောအခါ သူသည် ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘဲ စိတ်ဓာတ်ပြိုလဲသွားပြီး အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now