သိပ်မကြာမီပင် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ကြောက်စရာအသွင်အပြင်နှင့် ဆရာနှစ်ဦးသည် စာသင်ခန်းထဲသို့ စာရွက်များ ကိုင်ဆောင်ကာ ရောက်လာပြီး တံခါးကို ပိတ်လိုက်သည်။ ထို့နောက် အခန်းထဲရှိ ပြဿနာအိုးကောင်များကို ကြည့်ပြီး မျက်နှာထား ပိုတင်းသွားကြလေသည်။ ထိုဆရာနှစ်ဦးသည် သူတို့ စည်းကမ်းဖောက်သည်နှင့် ကြက်ကောက်သကဲ့သို့ သူတို့အား ဂုတ်ကဆွဲကာ အခန်းပြင်သို့ ဆွဲထုတ်ပစ်မည့်ပုံပေါ်နေသည်မို့ ရှိန်စရာဖြစ်နေလေသည်။
ထို့နောက် ဆရာ မာသည် " ပထမဖြေရမှာက သင်္ချာပဲ၊ စကားမပြောရဘူး လှည့်မကြည့်ရဘူး။ စာရွက်ရတာနဲ့ ရှေ့တည့်တည့်လှည့်ပြီး ခေါင်းငုံပြီး စာဖြေနေ။ ရတဲ့အပုဒ်ကို အရင်ဖြေ မသိတဲ့အပုဒ်ကို ကျော်သွားခဲ့။ ကျော်ခဲ့တာတွေကို မဖြေတတ်ရင် ဝိုင်းလာခဲ့ကြ။"
ထိုစကားကိုကြားသော် ကုယဲ့သည် မူလကိုယ်၏ အဖြေလွှာစာရွက်ပေါ်တွင် စက်ဝိုင်းများစွာကို တွေ့ခဲ့ရကြောင်း ရုတ်တရက် သတိရသွားသည်။ ' အော် ဒီလိုကိုး၊ ဒီဆရာ တကယ်တော်တာပဲ။'
မေးခွန်းစာရွက်များကို ဝေပြီးသည်နှင့် ကုယဲ့သည် မေးခွန်းများကို ခေါင်းငုံ့ကာ ဖြေတော့သည်။ ဤခန္ဓာပိုင်ရှင်သည် သူအရင်က ယူခဲ့သည်နှင့် တူညီသော ဘာသာရပ်ဖြစ်သည့် သိပ္ပံတွဲကို ယူထားခြင်းဖြစ်သည်။ ကုယဲ့သည် ပြန်လည်မမွေးဖွားခင်ကပင် ဤကဲ့သို့သော် မေးခွန်းလွှာ များစွာကို ဖြေဆိုဖူးလေသည်။ ကုယဲ့သည် အာရုံစူးစိုက်ပြီး ခေါင်းမဖော်တန်းဖြေဆိုလိုက်ရာ တခဏအတွင်း အဖြေလွှာ တစ်ဝက်ပြီးသွားလေသည်။
ဆရာမာသည် ကုယဲ့က အရင်ကလိုပုံစံမျိုး မဟုတ်တော့သည်ကို သတိထားမိပြီး လက်နောက်ပစ်လျက် ကုယဲ့ဆီသို့ လျှောက်လာလေသည်။ သို့နှင့် ကုယဲ့နားရောက်သောအခါ သူအံ့ဩသွားလေသည်။ 'ကုယဲ့အဖြေတွေက အကုန်မှန်တယ်ဟ။'
ဆရာမာသည် အဖြေမှန်ရွေးသည့် ပုစ္ဆာများအတွက် ကုယဲ့တွက်ထားသည့် စာရွက်ကို ယူကြည့်လိုက်သည်။ အဖြေများအားလုံးကို တွက်နည်းအဆင့်ဆင့် သေချာတွက်ထားသည်ကို တွေ့လိုက်ရသည်။ လက်ရေးလက်သားမှာလည်း စာလုံးအလှရေး လေ့ကျင့်ထားသူတစ်ယောက်ကဲ့သို့ သပ်ရပ်လှပနေသည်။ ထို့နောက် ကုယဲ့၏
ВЫ ЧИТАЕТЕ
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
ЮморEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...
