အခန်း 5.1

3K 477 3
                                    

အခန်း ၅ ကုယဲ့က ထင်သလောက်မရိုးဘူးပဲ

ကုယဲ့သည် ယခင်ဘဝတစ်‌ေလျှာက်လုံး၌  ကျောင်းတွင်းအနိုင်ကျင့်မှုမျိုး တစ်ခါမှ မကြုံဖူးဘူးသည်မို့ အရမ်းစိတ်လှုပ်ရှားသွားပြီး အင်္ကျီလက်များကိုခေါက်တင်ကာ "ငါဒီနှစ်ဝက်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတာထက် မင်းအတွက်မင်းပဲ စိတ်ပူစမ်းပါ။" ဟုပြောလိုက်သည်။

၃ မိနစ်ခန့်ကြာသောအခါ ကုယဲ့သည် တစ်တန်းလုံး၏ 'မယုံနိုင်စရာပဲ'ဆိုသည့် အကြည့်များအောက်တွင် သူ့နေရာသို့ ငြိမ်သက်စွာ ပြန်ထိုင်လိုက်သည်။

သိပ်မကြာခင်၌ပင် စည်းကမ်းထိန်းသိမ်းရေးမှ ဆရာတစ်ယောက်သည် ထိုသန့်စင်ခန်းထဲသို့  ဝင်လာလေသည်။ သူတံခါးကို ဖွင့်လိုက်သည်နှင့် ကိုယ်လုံးတီးနှင့် ကျောင်းသား၂ ဦးသည် တစ်ဦးကိုတစ်ဦး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ သတိလစ်နေကြသည်ကို တွေ့လိုက်ရသည်။ ထိုအမြင်မသင့်တော်သည့် ဖြူဖြူဖျော့ဖျော့ ခန္ဓာနှစ်ခုကို မြင်လိုက်ရသည်မှာ မျက်စိဆံပင်မွှေးစူးလှ‌ေပသည်။ စည်းကမ်းထိန်းသိမ်းရေးဆရာသည် သွေးအန်မတတ် ဒေါသထွက်သွားပြီး အော်ဆူတော့သည်။ "‌ေ-ာက်ကျိုးနည်း၊ အရှက်မရှိတဲ့ကောင်တွေ၊ မင်းတို့ရူးသွားပြီလား၊ ရူးကုန်ကြပြီလားကွ။"

ထို့နောက် သူသည် ဝင်ပေါက်ကို ချက်ချင်း ပိတ်လိုက်ပြီး အတန်း၆၏ အတန်းပိုင်ဆရာယွိကို ဖုန်းဖြင့် လှမ်းခေါ်လိုက်သည်။

ဆရာယွိသည် အသက်၅၀နီးပါးရှိနေပြီဖြစ်ပြီး စာသင်လာသည်မှာ ဆယ်စုနှစ်များစွာ ရှိနေပြီဖြစ်သော်လည်း ထိုကဲ့သို့သော ပြောင်ပြောင်တင်းတင်းနိုင်သည့် ကျောင်းသားမျိုးကို မတွေ့ခဲ့ဖူးပေ။ ထို့ပြင် ချန်ကျန်းနှင့်ဟုမင်းမင်း တို့သည် နာမည်ကြီး ကျောင်းလူမိုက်များဖြစ်ကြ‌ေလသည်။ သူတို့သည် အတန်းဖော်များကို မကြာခဏ အနိုင်ကျင့်‌ေလ့ရှိပြီး ဆရာများကိုလည်း မထီမဲ့မြင်ပြုလေ့ရှိသည်။ သူတို့‌ေကြာင့် မျက်ရည်ကျခဲ့ရသည် ဆရာမအသစ်‌ေလးများလည်း လက်တစ်ဆုပ်စာခန့် ရှိလေသည်။ ထိုကျောင်းသားနှစ်ယောက်သည် ထိန်းသိမ်းရန်မလွယ်လှမှန်း ဆရာယွိ သိသော်လည်း ထိုမျှရူးသွပ်သည့်ကိစ္စရပ်မျိုးကို လုပ်လိမ့်မည်ဟု‌ေတာ့ မမျှော်လင့်ထားချေ။ ကြိမ်ဖန်များစွာ အော်ငေါက်ပြီး နှိုးနေသော်လည်း မထလာကြသဖြင့် ဆရာယွိသည် ဒေါသတကြီးဖြင့် ရေအေးတစ်ခွက်ကိုယူကာ သူတို့၏မျက်နှာပေါ်သို့ တိုက်ရိုက်လောင်းချလိုက်သည်။ "ထကြစမ်း!  စိတ်တိုလိုက်တာကွာ၊ မင်းတို့ အရှက်မရှိကြဘူးလား။"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now