အခန်း 23.1

2.8K 496 5
                                    


အခန်း ၂၃ သူ အသက်ရှင်နေသေးတာလား။

ကုယဲ့သည် သူယူလာသည့် ဘူးလေးကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်ပြီး သစ်ကြံပိုး မှင်တံလေးကို ထုတ်ယူကာ ငုတ်တုတ်ထိုင်ချလျက် မြေပြင်ပေါ်တွင် အင်းကွက်တစ်ခု ဆွဲလိုက်သည်။ ထို့နောက် အင်းစာရွက်ကို ထိုအင်းကွက်၏ အလယ်ဗဟိုတွင် ထားလိုက်သည်။ ပြီးနောက် ကုယဲ့သည် မတ်တပ်ထရပ်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အနည်းငယ်ပိုသေးသော အင်းတစ်ခုကို ဆွဲလိုက်သည်။ ပြီးသည်နှင့် ထရပ်ကာ နောက်တစ်ခု ထပ်ဆွဲပြန်သည်။

ကျောက်ဖုန်းယွိသည် ဘေးမှကြည့်‌ေနရင်း ကုယဲ့ ရေး‌ေနသော အင်းကွက်များသည် တဖြည်းဖြည်း  သေးငယ်လာပြီး ရိုးရှင်းလာသည်ကို သတိထားမိသွားပြီး "ကုယဲ့ ဘာ‌ေတွလုပ်နေတာလဲ" ဟု အံ့အားသင့်စွာမေးလိုက်သည်။

နောက်ဆုံးအင်းကွက်ကို ဆွဲပြီးနောက်၊ ကုယဲ့သည် ထရပ်လိုက်ပြီး ကျောက်ဖုန်းယွိအား လက်ညိုးဖြင့်ထိုးကာ လှမ်းခေါ်လိုက်သည်။

ကျောက်ဖုန်းယွိလည်း ‌သူ့ထံ လျှောက်သွားလိုက်ပြီး "အကူအညီလိုလို့လား?" ဟုမေးလိုက်သည်။

ကုယဲ့သည် လက်တစ်ဖက်ဖြင့် ကျောက်ဖုန်းယွိ၏ လက်ကို ဆွဲယူလိုက်ပြီး ကျန်တစ်ဖက်ဖြင့် သူ့သစ်ကြံပိုးမှင်တံ နောက်မှ အဖုံးကိုဖွင့်လိုက်သည်မို့ သေးငယ်သည့်အပ်ကို မြင်လိုက်ရသည် ။ ကျောက်ဖုန်းယွိသည် ကုယဲ့ဘာလုပ်ချင်မှန်း မသိသေးခင်၌ပင် သူ၏လက်ချောင်းမှာ ချွန်ထက်သည့် အရာနှင့် အထိုးခံလိုက်ရသည့် ခံစားချက်ကို ခံစားလိုက်ရပြီး "ချီး၊ မင်းဘာလုပ်တာလဲ။" ဟု မေးလိုက်သည်။ 

ကုယဲ့လည်း ခပ်အေးအေးရှင်းပြလေသည်။ "အင်းကွက်တိုင်းက သွေးလိုတယ်။ မင်းခန္ဓာကိုယ်က ငါ့ထက် ပိုကြံ့ခိုင်တော့ မင်းရဲ့ယန်စွမ်းအင်က ငါ့ထက် ပိုအားကောင်းတယ်။ အဲ့တော့ မင်းရဲ့သွေးက ပိုသုံးလို့‌ေကာင်းတယ်။"

ကျောက်ဖုန်းယွိသည် မျက်ခုံးပင့်လိုက်ပြီး "မင်း အပ်ကြောက်လို့ မဟုတ်ဘူးလား။" ဟု ပြန်ပက်လေသည်။

ထိုကဲ့သို့ ဖော်ထုတ်ခံရသည်ကို ကုယဲ့က ပြန်မချေပ‌ေပ။ သူသည် ကျောက်ဖုန်းယွိအား ဆွဲခေါ်ကာ သူကြမ်းပြင်ပေါ်၌ ဆွဲခဲ့သည့် အင်းတစ်ကွက်စီတိုင်းတွင် သူ၏သွေးကို တစ်စက်စီ လိုက်ချလေသည်။  ထို့နောက် ကျောက်ဖုန်းယွိကို တွန်းထုတ်လိုက်ပြီး "ခပ်ဝေးဝေးနေ ၊ ဝင်မရှုပ်နဲ့" ဟုပြောလိုက်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now