အပိုင်း(၃၀) ကုယဲ့ : ငါသူ့ကိုကြိုက်မိသွားတော့မယ် အပိုင်း(၃+၄)

1.8K 321 5
                                    

အပိုင်း(၃၀) ကုယဲ့ : ငါသူ့ကိုကြိုက်မိသွားတော့မယ် အပိုင်း(၃+၄)

ကုယဲ့က 'အကြီးအကဲယွိ' အကြောင်း လူတွေဟိုဟိုသည်သည်ပြောကြသည်ကို ကြားဖူးသည်ဆိုသောကြောင့် သူက လူကြီးမင်းသည် သူ့အဖေထက် ခေါင်းကြောမာသော လူအိုကြီးတစ်ယောက် ဖြစ်မည်ဟု ထင်ထားခဲ့ဖူးသည်။ မထင်မှတ်ပဲ လူကြီးမင်းသည် တည်ကြည်ခန့်ညားပြီး ဖော်ရွေသောအပြုံးတစ်ပွင့်နှင့် သဘောထားမွန်မြတ်သော အကြီးအကဲဖြစ်လေသည်။ ဘေးတွင်ရပ်နေသော ယွိဇယ်ကိုကြည့်ပြီး ယွိဇယ်၏ ရုပ်ရည်သွင်ပြင်က အမေနှင့်မတူပဲ လူကြီးမင်း၏ မျိုးရိုးကို ဆက်ခံထားမှန်း သိလိုက်ရသည်။

အကြီးအကဲယွိက အကုန်လုံးကို အကျဉ်းချုပ်၍ နှုတ်ဆက်လိုက်သည်။ အကုန်လုံးနေရာတွင် ပြန်ထိုင်ပြီးနောက် အကြီးအကဲက

"မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို အမည်မသိတဲ့ ရှေးပန်းချီတစ်ခု လက်ဆောင်ပေးထားတယ် ။ ဒါကြောင့် ကျွန်တော်က ဒီကဆရာအားလုံးကိုဖိတ်ပြီး ပန်းချီကားကို တစ်ချက်လေ့လာစေချင်တာပါ။ ပန်းချီထဲက မိန်းမငယ်လေးက အသက်ရှိနေတာလားဆိုတာကိုပေါ့?"

အကယ်၍ အခြားသူတစ်ယောက်ကသာ ပန်းချီကားက သက်ရှိနေတယ်ဆိုပြီး ပေါက်ပန်းလေးဆယ်ပြောလျှင် အကုန်လုံးက "စောက်အဓိပ္ပာယ်မရှိ!" ဟုဝိုင်းဟားလိုက်ကြမည်။ သို့သော် ပြောသူက အကြီးအကဲယွိဖြစ်နေသောအခါ လူတိုင်း၏ မျက်နှာအမူအယာက လေးနက်သွားပြီး

"ဝိညာဉ်‌တစ်ကောင်ပူးတာ ခံနေရတာများလား? မဟုတ်ရင် ပန်းချီထဲကလူက အသက်ရှင်လာတယ်ဆိုတာ မဖြစ်မှမဖြစ်နိုင်တာ"

"အဲ့တော့ ပန်းချီကို အရင်ကြည့်ပြီးမှ ပြောကြတာပေါ့"

မှန်ဘောင်အတွင်း ကွပ်ထားသော‌ ရှေးပန်းချီကားကို လူတိုင်းမြင်လိုက်သောအခါ ရင်သက်ရှုမောဖြစ်သွားပြီး မချီးကျူးဘဲ မနေနိုင်ချေ။

"လှလိုက်တဲ့ စုတ်ချက်! မျဉ်းတွေနဲ့ မင်ရည်မင်သွေးကလည်း လုံးဝအထက်တန်းအရည်အသွေးပဲ။ အရောင်တွေက တောက်ပပြီး ရောင်သွေးစုံလင်နေလိုက်တာဆိုတာ အံ့ဩစရာပဲ။ အရေးကြီးဆုံးအချက်က ထိန်းသိမ်းထားတဲ့သူက သေချာ‌ထိန်းသိမ်းထားခဲ့တာပဲဖြစ်မယ်။ ဟင်? ပန်းချီဆရာလက်မှတ်လည်းမပါပါလား? "

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now