အခန်း 16.1

2.7K 462 2
                                    

16. နတ်ဘုရားက နတ်ဘုရားကိုသတ်ဖို့လာတယ် သရဲက သရဲကိုသတ်ဖို့လာတယ်
တိတ်ဆိတ်သောပတ်ဝန်းကျင်နှင့် လုံခြုံရေးတင်းကျပ်သော ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ကျောက်ဖုန်းယွိ သည် ဆေးရုံကုတင်ပေါ်တွင် ငြိမ်သက်စွာ အိပ်မောကျသကဲ့သို့ဖြစ်နေသည်။ ကျောက်ဖုန်းယွိ မိသားစုသည် ရူးသွပ်သွားသလို ထိုဆေးရုံသည် သူတို့ပိုင်သော ဆေးရုံဖြစ်ကာ ဆရာ၀န်များ ၏ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမှာလည်း တိုင်းပြည်တွင် အနှိုင်းမဲ့ဖြစ်သည်ဟု ပြောနိုင်သော်လည်း ကျောက်ဖုန်းယွိ တွင် ဘယ်လိုရောဂါရှိသည်ကို မသိနိုင်ကြပါပေ။
ကျောက်ဖုန်းယွိ ၏အမေသည်လည်း ယခုအချိန်တွင် ထိတ်လန့်တကြားဖြစ်ကာ ခင်ပွန်းဖြစ်သူအား "မနေ့ညက သူကောက်ခဲ့တဲ့ပစ္စည်းကြောင့်များလားဟင် သူ့ကိုပြဖို့ အထက်လမ်းဆရာတစ်ယောက်ေလာက် ရှာလိုက်ရင်ကောင်းမလားဟင်"
ကျောက်ကျိ့ဖန်း က မျက်မှောင်ကြုတ်ကာ "ဆရာဝန်ကတောင် သူ့ကို မကယ်နိုင်တာ အထက်လမ်းဆရာကို ရှာပြီး ဘာလုပ်မှာလဲ။ အယူတွေ လျှောက်သီးပြီး ကလေးရဲ့ ကုသမှုကို မနှောင့်နှေးစေနဲ့"
ကျောက်ဖုန်းယွိ ၏မိခင်သည် သူမ၏နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ်ကိုက်ကာ သူမ၏ ပင်ကိုယ်အသိစိတ်မှ သူမ၏ သားယူလာသောအိတ်သည် အနည်းငယ်ဆိုးရွားသည်ဟုပြောသည်မှာ အမှန်ဖြစ်နေသည်
ထိုအခိုက်အတန့်တွင် သူနာပြုဆရာမလေးသည် သူမ၏လက်ထဲတွင် အထုပ်တစ်ထုပ်ကို ကိုင်ဆောင်ကာ အဆောင်ထဲမှ ထွက်လာလေသည်။ ထို့နောက်ဇနီးမောင်နှံနှစ်ဦး ရှေ့သို့ ခြေလှမ်းနှစ်လှမ်း အမြန်လှမ်းလိုက်သည်။  ကျောက်ဖုန်းယွိ ၏အမေ က စိုးရိမ်တကြီး မေးသည်။ "ဆရာမလေး၊ ဆရာဝန်ရဲ့ ဆွေးနွေးမှုကအဖြေရလာပြီလားဟင်?"
သူနာပြုဆရာမလေးကလည်း “ဆရာဝန်တွေ အစည်းအဝေးမှာပဲရှိသေးတယ်၊ မကြာခင် အဖြေထွက်လာမှာပါ” ဟု သူနာပြုဆရာမလေးမှ မဆိုင်းမတွ ပြောကာ အဖြူရောင် ခေါင်းအုံးစွပ်နှင့် ထုပ်ပိုးထားသည့် ပစ္စည်းများအား ကျောက်ကတော် လက်ထဲသို့ ပေးအပ်လိုက်သည် ။ "အစ်မတို့နှစ်ယောက် စိတ်လောနေတာ ကျွန်မတို့သိပါတယ်၊ ဒါပေမယ့် ဒီပစ္စည်းက လုံးလုံး အသုံးမဝင်ဘူး၊ ကျွန်မတို့ ဆေးပညာကို ယုံမှရမယ်"
ကျောက်ကတော် သည် အိတ်ကို သံသယနဲ့ ဖွင့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။ ခင်ပွန်းဖြစ်သူအား ပြန်ကြည့်သောအခါ သူမနှင့်အမူအရာအတူတူပင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်
အဲဒီ့ ဒင်္ဂါးပြားထုပ်ပဲ။ ဒီအပမှီနေတဲ့ဒင်္ဂါးပြားကို အိမ်တော်ထိန်းက စွန့်ပစ်လိုက်ပြီမဟုတ်ဘူးလား။
ကျောက်ဖုန်းယွိ မနေ့ညက ကောက်ယူလိုက်သောအခါ ကျောက်ကတော် သည် စိတ်ထဲတွင်မသိုးမသန့် ခံစားရသောကြောင့် အိမ်တော်ထိန်းအား " တစ်‌ယောက်ယောက်ခေါ်ပြီး ဒီအထုတ်ကို လွှတ်ပစ်လိုက်စမ်း၊ လာဘ်တိတ်တယ်”
သင်္ချိုင်သန့်ရှင်းရေးအတွက် ဤပစ္စည်းအားတစ်‌ယောက်ယောက်၀ယ်ခဲ့ပြီးမှ မိုးသည်းနေသောကြောင့် မတော်တဆပြုတ်ကျခဲ့သည်ဟု သူမတွေးထင်ခဲ့သည်။ လက်ရှိ အကြွေစေ့ သည်  အစစ်နှင့် အလွန်ဆင်တူသောကြောင့် သားသည် ၎င်းကို ရှင်းရှင်းလင်းလင်းမမြင်ရခဲ့ပေ။ သို့သော် အခု ပစ်လိုက်သော အကြွေစေ့ က ဘယ်လိုပြန်ရောက်လာတာလဲ။
ကျောက်ကျိ့ဖန်း သည် အေးစက်သွားကာ "ဆရာမ၊ ဒီဟာကို ဘယ်မှာတွေ့ ခဲ့တာလဲ"
လင်မယားနှစ်ယောက်၏ အမူအရာများအားမြင်လိုက်ရသောအခါ သူနာပြုဆရာမလေးသည်လည်း ထူးထူးခြားခြားဖြစ်နေသည်ကို သဘောပေါက်သွားကာ သူမရဲ့အမူအရာက "ဟုတ်, သခင်လေး ကျောက် ရဲ့ခေါင်းအုံးအောက်မှာ တွေ့ခဲ့တာရှင့်"
ကျောက်ကျိ့ဖန်း သည် တံခါးနားတွင်ရှိသော သက်တော်စောင့်အား တစ်ချက်ကြည့်လိုက်ပြီး "ဒီ၀န်းထဲ ဘယ်သူလာသေးတာလဲ"
သက်တော်စောင့်သည် ခေါင်းခါလိုက်ကာ "ဆရာဝန်နဲ့ သူနာပြုတွေကလွဲရင် ဘယ်သူမှ ဝင်တာမရှိပါဘူးဗျ"
ကျောက်ကျိ့ဖန်း သည် ဒေါသတကြီးပြောလိုက်သည် - "ဘယ်သူခိုးဝင်သွားလဲဆိုတာ စောင့်ကြည့်ဖို့ သွားကြည့်လိုက်စမ်း!"
ရလဒ်- မရှိ။
လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် မယုံသင်္ကာနဲ့ ဂုဏ်သိက္ခာများကို မြင်လိုက်ရသည်။ မနေ့ညက ဒါကို စွန့်ပစ်ပြီးနောက် ကျောက်ဖုန်းယွိ ဟာ အဖျားကြီးလာကာ ညသန်းခေါင်တွင် ဆေးရုံသို့ ရောက်လာလေသည်။ ဆရာဝန်သည် အခုအချိန်အထိ ဘယ်လိုရောဂါမျိူးလဲဆိုသည်ကို မစစ်ဆေးရသေးပေ၊ အခု အိမ်ထိန်းက စွန့်ပစ်လိုက်သော အကြွေစေ့အိတ်သည် ကျောက်ဖုန်းယွိ၏ ခေါင်းအုံးအောက်တွင် သူ့အလိုလို ပေါ်လာကာ ကျောက်ရဲ့ မိခင်မျက်နှာက ရှုံ့မဲ့သွားပြကာ ရှုပ်ယှက်ခတ်နေတဲ့ သူမရဲ့ နှလုံးခုန်သံက ရုတ်တရက် တည်ငြိမ်သွားကာ " သူ့ကိုပြဖို့ အထက်လမ်းဆရာ တစ်ယောက်ရှာတော့မယ်။"
ကျောက်ကျိ့ဖန်း ၏မျက်နှာသည် မျက်နှာပျက်နေသော်လည်း၊ သူသည်အခုထိ မယုံကြည်သေးပေ။ "ငါကတော့ တစ်‌ယောက်ယောက်က‌ တမင်တကာလုပ်နေတာပဲလို့ထင်တယ် ဒီကိစ္စကို မပြောခင် ငါအရင်စုံစမ်းလိုက်အုံးမယ်
"ဘာပဲဖြစ်ဖြစ်ခေါ်လိုက်တာကောင်းပါတယ် ကုသရေးကိုမနှောင့်နှေးဘဲနဲ့ ဆရာကြီးတွေကို တစ်ချက်ကြည့်ခိုင်းလိုက်ပါလား" ကျောက်ဖုန်းယွိ ၏ မိခင်ဖြစ်သူ၏ ပြင်းထန်သောရောင်ဝါသည် ပြန်လည်ပေါ်ပေါက်လာကာ "ရှင် ဒီဘက်ခြမ်းမှာ ဆရာဝန်တွေနဲ့ ရောဂါရှာထားလိုက်၊ ကျွန်မက အထက်လမ်းဆရာကြီးတွေကို ခေါ်မယ်။ “
ထိုနည်းဖြင့် ကျောက်ကတော် သည် အထက်လမ်းဆရာတစ်ဒါဇင်ကျော်ကို သူမဖခင်၏အဆက်အသွယ်များမှတစ်ဆင့် ဆက်တိုက်ဖိတ်ခေါ်ခဲ့သည်။ ကျောက်ဖုန်းယွိ ၏လက်ရှိအခြေအနေကိုကြည့်ကာ အထက်လမ်းဆရာများအားလုံး ခေါင်းယမ်းကာ ဝမ်းနည်းစွာပြောခဲ့သည်- "မိန်းမနဲ့ စေ့စပ်ထားတာ၊ ဝိညာဉ်ကို ပြန်ခေါ်ဖို့ ခက်ခဲမှာ။”
"ဟုတ်တယ်၊ ကယ်ဖို့က မလွယ်ဘူး။ အသက်ကို ကယ်လိုက်ရင်တောင် စိတ်ဝိညာဉ်က ပြီးပြည့်စုံမှာ မဟုတ်ဘူး။  အရူးဖြစ်သွားလိမ့်မယ်။"
ကျောက်ကတော် ၏ ခန္ဓာကိုယ်သည် တုန်ခါသွားလေသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူမ၏ အသံသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ "အရူးဖြစ်သွားမယ်ဆိုရင်တောင် ငါတို့ ကယ်ရမယ်"
အထက်လမ်းဆရာ အများအပြားက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ သူတို့သည် ကံကို ပုံကာသာ စမ်းကြည့်ရတော့မည်ဖြစ်သည်။
ဝမ်မင်ဟိုင်သည် ပရလောကနယ်ပယ်တွင် အလွန်လေးစားအားကျရသော လူသိများသော ဆရာကြီးတစ်ဦးဖြစ်သည်။ သူပြောသည်မှာ "ဒီလို စေ့စပ်ကြောင်းလမ်း အထမြောက်ဖို့အတွက် ကြားခံတစ်ခုခု ရှိရမယ်။ ‌သခင်လေး တစ်ခုခု ကောက်မိခဲ့သေးလား။”
မိခင် ကျောက် သည် စားပွဲပေါ်တွင်ရှိသော အကြွေစေ့များကို ငြီးငွေ့စွာ လက်ညှိုးထိုးပြကာ "သူ ဒီအိတ်ကို ကောက်ခဲ့တာ" ဝမ်မင်ဟိုင်သည် ရုပ်ဆိုးသောမျက်နှာဖြင့်ပြောသည် "ဟုတ်တယ်၊  ဘယ်လောက်တောင် နာကြည်းမှုတွေပြင်းထန်နေလိုက်လဲ!"
“မကောင်းဆိုး၀ါးက အားကြီးလွန်းတယ်!” အခြားဆရာကြီးများသည်လည်း ကြည့်လိုက်သောအခါ သူတို့အားလုံး ထိတ်လန့်သွားကြလေသည်။
အကြားအမြင်ဆရာမသည် တစ်စုံတစ်ရာကို အာရုံခံလိုက်ရာ မျက်နှာပြာသွားပြီးနောက် တုန်လှုပ်ခြောက်ခြားသွားလေသည်။ သူမ၏ မျက်နှာအမူအရာသည် နာကျင်ကိုက်ခဲသကဲ့သို့ဖြစ်ကာ မြေပေါ်သို့ လဲကျ လက်သည်းများဖြင့် ကြမ်းပြင်ကို ကုတ်ပြီးနောက် လက်သည်းများကို ဆွဲခွာကာ သွေးများ မျက်လုံးထဲမှ ထွက်ကျလာသည်။ . ဆရာများအားလုံး၏ မျက်နှာများ ပြောင်းလဲသွားကာ သူမပတ်ဝန်းကျင်ရှိ အနီးဆုံးဆရာ၏ လက်ကို အားကိုးကာ သတိလစ်မေ့မြောသွားခဲ့သည်။
ကြွရောက်လာတဲ့ ဆရာများအားလုံးသည် မျက်နှာပြောင်းသွာကာ မစ္စကျောက်သည်လည်း တုန်လှုပ်သွားပြီး "ဒါ?"
"ကျိုးယွင်ကသရဲ၏ သေဆုံးခဲ့သော ဖြစ်စဉ်ကို ခံစားမြင်နေရတာပဲ" ဟု ဝမ်မင်ဟိုင် က ရှုံ့မဲ့နေသော မျက်နှာဖြင့် ပြောကာ "ဒီသရဲက မတရားမှုတွေနဲ့ နာကြည်းမှုတွေ အရမ်းများလွန်းလို့ ကျိုးယွင်ကို ပြန်ခိုက်နေတာ"
ဝမ်မင်ဟိုင် သည် ကြေးနီဒင်္ဂါးပြားဖြင့်ပြုလုပ်ထားသည့် ဓားမြှောင်ကိုထုတ်ပြီးနောက် လက်ညှိုးကိုကိုက်ကာ ဓားမြှောင်ပေါ်တွင် သွေးများကို လိမ်းကျံပြီးနောက် အစွမ်းကုန် ထိုးသွင်းလိုက်သည်။ ဒင်္ဂါးပြားအား  ကြိမ်ဖန်များစွာထိသွားပြီးနောက် အနက်ရောင်အလင်းတန်းသည် အထက်မှ ထွက်ပေါ်လာကာ အရှိန်ပြင်းပြင်း လာလေသည် ဆရာကြီး ဝမ်က သူ့လက်ကို ယမ်းလိုက်ရာ ဓားမြှောင်သည် ပျံထွက်သွားပြီး နောက် ကြေးဒင်္ဂါးပြားများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
ဝမ်မင်ဟိုင်၏ မျက်နှာသည်လည်း စက္ကူကဲ့သို့ ဖြူဖျော့နေသည်။
တခြားဆရာများ၏ မျက်နှာများသည်လည်း လေးနက်လာသည်။ သူတို့ရဲ့  ဝါကျင့်စဉ်များသည်ဤအခြေအနေကို  မထိန်းချုပ်နိုင်ပေ။ ယခု နေ့ခင်းကြောင်တောင်တွင်ပင် သရဲ၏အရှိန်အဝါသည် အလွန်ပြင်းထန်သောကြောင့် ဘာကိုမှ စွတ်တရွတ် မလုပ်ရဲတော့ပေ။
သူတို့အား လွှတ်လိုက်ပြီးနောက် ကျောက်ကတော်သည်အထက်လမ်းဆရာအများအပြားကို လာကြည့်ရန် ဖိတ်ခေါ်ခဲ့သည်။ ဝမ်မင်ဟိုင်နှင့် ကျိုးယွင်တို့၏ အကျိုးဆက်များကို ကြားသိပြီးနောက်တွင် မည်သူမျှ အလွယ်တကူ တာဝန်မယူရဲတော့ပေ။
ရက်အတော်ကြာဆက်တိုက် ကျောက်ဖုန်းယွိအား အခြားဆေးရုံသို့ ၃ ကြိမ် ပြောင်းရွှေ့ခဲ့ပြီးနောက် နိုင်ငံခြားမှ ဆရာဝန်တစ်ဦးကိုလည်း ဖိတ်ကြားခဲ့သော်လည်း ကျောက်ဖုန်းယွိ မနိုးသေးပေ။ သူ၏မိဘများသည်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေလေတော့သည်။ သုံးရက်မြောက်နေ့မွန်းတည့်ချိန်မတိုင်ခင်တွင်, ဆရာဝန်သည် သူပြန်မထနိုင်လျှင် ကျောက်ဖုန်းယွိသည် အခြေအနေကောင်းရင် အရူးအဖြစ်ပြောင်းသွားလိမ့်မယ်လို့ ပြောခဲ့သည်။
မိခင်ကျောက် သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ မျက်နှာကို အုပ်ကာ မျက်ရည်များစီးကျလျက် ရှိုက်ကာ ငိုတော့သည်။ နှုတ်ခမ်းများကိုလည်း ဖိကိုက်ထားသောကြောင့် သွေးများပင် စို့နေသည်။ ဖြစ်နိုင်ရင် သူ့သားအတွက် သူမ၏အသက်ကို လဲပေးနိုင်သည်အထိ အရာအားလုံး ကြိုးစားခဲ့သော်လည်း အဆင်မပြေဖြစ်နေသည်။
ထိုအချိန်တွင် ကုယဲ့ သည် ရှားရှန့် အားအပြုံးဖြင့် "ရဲ‌ဘော် မင်းလိမ်ဖူးလား"
ရှားရှန့် သည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းလိုက်သည်။
" မင်းက ငါနဲ့ တရားမျှတမှု သံတမန်ဖြစ်လာပြီး မရဏကမ္ဘာကိုသွားတဲ့ လမ်းမှာ ပျောက်နေတဲ့ သိုးငယ်လေးကို ကယ်ချင်လား။"
ရှားရှန့် သည် ကုယဲ့ ၏နူးညံ့သိမ်မွေ့သောလေသံကြောင့် ထိတ်လန့်သွားကာ သူ၏တစ်ကိုယ်လုံးကြက်သီးထသွားပြီးနောက် "... မင်းဘာလုပ်ချင်လဲ၊ တည့်သာပြော"
ကုယဲ့ သည် တစ်စက္ကန့်လောက် လေးလေးနက်နက်ဖြင့် "ဆရာယု ဆီကိုသွားပြီး ငါအဖျား 40 ဒီဂရီရှိလို့ ကျောင်းအပြင်က ဆရာဝန်ဆီ ငါ့ကိုခေါ် ဖို့ ပြောပေး။ ဆရာ၀န်ကိုကြတော့ ‌ဆေးရုံမှာဆေးချိတ်ဖို့ သွားပြီလို့ပြောပေး။ ။ "
ရှားရှန့်: "..."
ဆယ်မိနစ်လောက်ကြာတော့ ရှားရှန့် သည် ကုယဲ့ အား တက္ကစီဖြင့် ဆေးရုံပို့ပြီး မျက်ရည်မကျဘဲ ငိုနေလေသည်။ ရှားရှန့် သည် ဆယ့်ရှစ်နှစ်လုံး တစ်ခါမှမလိမ်ညာခဲ့သော ကလေးတစ်ယောက်ဖြစ်သည် ။ ဆရာယွီသည် သူလိမ်မည်ဟု သံသယမရှိသောကြောင့် ချက်ချင်းလက်ခံလိုက်သည်။ ရှားရှန့် သည် မျက်မှောင်ကြုတ်ကာ " ကျောက်ဖုန်းယွိ အသည်းအသန်ဖြစ်နေတာလား? ငါတို့ စောစောသွားကြည့်သင့်တာကို"
ကုယဲ့ က ကူကယ်ရာမဲ့ဖြစ်ပြီး "စောစောသွားလည်း အကျိုးရှိတာမှ မဟုတ်တာ"
သူ့ရုပ်နှင့် မည်သူမှ သူတကယ်လုပ်နိုင်မည်ကို ယုံကြည်ကြမည်မဟုတ် ။ မင်း သွားရှုပ်မိပြန်ရင်လည်း ကလေးလို သဘောထားပြီး နှင်ထုတ်မှာပင်ဖြစ်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now