အပိုင်း ၃၂ နှစ်ထောင်ချီတိုင် ဝတ်လစ်စလစ် ဖြစ်နေခြင်း အပိုင်း ၂

1.5K 308 3
                                    

အပိုင်း ၃၂ နှစ်ထောင်ချီတိုင် ဝတ်လစ်စလစ် ဖြစ်နေခြင်း အပိုင်း ၂

ကုယဲ့ အိမ်ပြန်ရောက်တဲ့အခါ၊ ကုယန်က ကျောင်းတက်နေပြီဖြစ်၍ အိမ်က အလွန်တိတ်ဆိတ်နေသည်။ ကုကတော် က နောက်ဖေးဥယျာဉ်မှာ တစ်ယောက်တည်း ကတ်ကြေးနဲ့ လမ်းလျှောက်နေသည်။ မကြိုက်တဲ့ ပန်းများကို တွေ့တဲ့အခါ ကတ်ကြေးနဲ့ ညှပ်ပြီး ပန်းအိုးထဲကို ထိုးသိပ်ထည့်လိုက်သည်။

ကုယဲ့ က ငါးများအား ကလေးထိန်းဆီ အပ်လိုက်ပြီး "အမေကို ဘယ်သူက စိတ်ဆိုးအောင်လုပ်ပြန်ပြီလဲ" လို့ သံသယအပြည့်နဲ့ မေးလိုက်သည်။
ကုကတော် က ဒေါသအရမ်းထွက်ပြီး နှင်းဆီခြုံတွေကို ထိပ်ပြောင်အောင် ခုတ်လိုက်သည်။ သူမ အံကြိတ်ကာ "ငါ ခွေး မွေးချင်တယ်လို့" လို့ပြောလိုက်သည်။

"မွေးလေ"

"ငါ အလှဆုံးနဲ့ ဈေးအကြီးဆုံးခွေး မွေးချင်တယ်"

ကုယဲ့ က ရယ်ရခက် ငိုရခက်နဲ့ မေးလိုက်သည်။ "အမေ့ကို ဘယ်သူရန်စလိုက်ပြန်ပြီလဲ"
ကုကတော် က ဒါကိုတွေးမိတာနဲ့ ဒေါသထွက်လာခဲ့သည် "ဟို အိုကြီးအိုမ တွမ့်ယင်ရဲ့ ခွေးပေါက်စနလေးက ငါ့မြင်တာနဲ့ ဟောင်တော့တာပဲ!"

ကုယဲ့ ကြားလိုက်သည်နှင့် ချက်ချင်း နားလည်သွားခဲ့သည်။ သူကြွယ်တစ်ဦး၏ အိမ်က ခွေးကလေးက သူ့မေမေလေးကို လန့်အောင် လုပ်ခဲ့တာပဲ ဖြစ်ရမည်။ သူမက အခုအချိန်မှာ ရှက်ရမ်းရမ်းပြီး ရှိသမျှ ပတ်ရမ်းနေခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ကုယဲ့က အကြံပေးလိုက်သည် "ဒါဆို ဈေးအကြီးဆုံးကို မမွေးနဲ့၊ တစ်ခါတည်းနဲ့ ပွဲသိမ်းသွားမဲ့ အကောင်ကို မွေး။ ဝံပုလွေစပ် အကြီးကြီးတစ်ကောင်ကို မွေးပြီးတော့ သူများကို ပြန်ဟောင်ခိုင်းလိုက်"

"အေး! အဲ့အကြံမဆိုးဘူး!" ကုကတော် ၏အကြည့်သည် အေးစက်သွားသည်၊ "ငါ ခွေး အကြီးကြီး တစ်ကောင်မွေးမယ်!"

ထိုည....ညနေစာကား ငါးပြုတ် ၊ ငါးရှဉ့် ၊ ငါးစွပ်ပြုတ် ၊ ငါးကြော် ၊ ငါးပေါင်း  စသဖြင့် ထမင်းတစ်စားပွဲလုံး သေနေတဲ့ ငါးမျက်လုံးတွေ တန်းစီနေခဲ့သည်၊ ကုယဲ့က ထုံကျဉ်သွားပြီး သူ့ဆုံးဖြတ်ချက်ကို နောင်တ အကြီးအကျယ် ရနေသည်။ သူ ငါးတွေအများကြီး ဘာလို့ ပြန်ယူလာမိတာပါလိမ့်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now