အခန်း 29.2

3.1K 446 14
                                    

ကုယဲ့ ဤကျေးလက်နေရာလေးကို ရွေးချယ်လိုက်ရခြင်းအကြောင်းအရင်းမှာ ပတ်ဝန်းကျင်က အေးချမ်းပြီး ညစ်ညမ်းမှုကင်းစင်သောကြောင့်ဖြစ်သည်။ ဤနေရာတွင်ဖြစ်ပျက်နေသောအဖြစ်အပျက်များသည် နှေးကွေးလွန်း တာကြောင့် စိတ်ဖိစီးမှုလည်း လျှော့ချပြီးရာရောက်သည်။ ဒုတိယတစ်ချက်က ဤကျေးရွာအနီး၌ ထူးဆန်းသော အဖြစ်အပျက်များလည်းရှိနေရာ ကုယဲ့အနေဖြင့် ပျော်စရာကောင်းရုံသာမက လူတွေရဲ့ပြဿနာများကို ကူညီဖြေ ရှင်းပေးနိုင်သဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ပြီးသားဖြစ်သောကြောင့် သဘောကျနေသည်။

ကုယဲ့ငယ်စဉ်က သူ့ဆရာက တစ်စုံတစ်ယောက်ကို ပျိုးထောင်ပေးလိုပါက မိမိ၏စိတ်ကို ကောင်းမွန်အောင် မွေးမြူမှသာ အခြားလူများကို ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောဖူးလေသည်။ လူတစ်ယောက်ဟာ ကျရှုံးချိန် ‌ရောက်မှ ကျေးဇူးတင်စိတ်ထားတတ်မည်ဖြစ်ပြီး အလွှာပေါင်းစုံမှလူတို့အား နားလည်နိုင်လာပြီး ၎င်းတို့၏အကူ အညီကို အမှန်တကယ်လိုအပ်နေသည့်သူများကိုလည်း သိလာမည်ဖြစ်သည်။

ကုကတော်ပြန်ခေါ်နေသည့်ကြားမှ ကုယဲ့သည် အိတ်တစ်လုံးလွယ်လျက် လျှောက်သွားနေသည်မှာ တစ်လခွဲခန့် ကြာမြင့်နေပြီဖြစ်သည်။ ၎င်းဟာ ယွိဇယ်မှ သူ့အား သူရပ်တန့်ပေးရမည့်တစ်စုံတစ်ခုအတွက် တောင်းဆိုခဲ့ခြင်း ကြောင့်မဟုတ်ပေ။ ထို့နောက် ကုယဲ့သည် သူ၏အဆင့်များ မကြာခင်ထွက်လာတော့မည်ဖြစ်သောကြောင့် အိမ်သို့ ဖြည်းဖြည်းချင်းပြန်လာလေသည်။

အိမ်သို့ရောက်သော် ကုယဲ့သည် သူ့အိတ်အား အိမ်အကူတစ်ဦးထံပေးလိုက်ပြီး လက်ကို ခက်ခက်ခဲခဲမြှောက်လိုက် ပြီး ပြောလိုက်သည်။
“ကျေးဇူးပြု၍ လေအေးပေးစက်ကို ၁၈ ဒီဂရီဆဲဆီးယပ်စ်မှာ ထားပေးပါ၊ ပြီးတော့ ကျွန်တော့်ကို စတော်ဘယ်ရီ ရေခဲမုန့်လေးတစ်ခုလောက် ပေးပါဦး...ကျေးဇူးတင်ပါတယ်”

ကုကတော်သည် ကုယဲ့ဆံပင်တွေက မျက်စိရှုပ်စရာကောင်းလောက်အောင် ရှည်လာသည်ကိုမြင်သော် “အပြင်မှာ ဒီလောက်အကြာကြီးလျှောက်သွားနေတာတောင် အသားက ညိုမသွားဘူးနော်၊ ကြည့်ပါဦး ဆံပင်တွေကလည်း ကျစ်ဆံမြီးတောင် ကျစ်လို့ရနေပြီ၊ အပြင်မှာ ဒီလိုပုံနဲ့ ဘယ်လိုများနေနိုင်ရတာလဲ”

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now