CHAPTER 22 သူရဲဘောကြောင်မနေနဲ့ ၊ လုပ်ပစ်လိုက်!
ကျောက်ဖုန်းယွိသည် အန်တီဝမ်၏အိမ်တံခါးကို ခေါက်လိုက်သည်။ အနည်းငယ် ဝဖြိုးသော အဒေါ်ကြီးတစ်ယောက် တံခါးဖွင့်လာသည်ကို မြင်လိုက်ရသောအခါ ကုယဲ့၏ အမူအရာမှာ အေးစက်လာပြီး ဒေါသထွက်လာသည်ကို မြင်လိုက်ရသည်။
ကုယဲ့မြင်လိုက်ရသည်က မကောင်းသောဓာတ်များလွန်စွာပင် အားကောင်းနေသည့် အညှိုးကြီးဝိဉာဉ် ပင်ဖြစ်သည်။ သူအကယ်၍သာ ၂ ရက် နောက်ကျ၍လာခဲ့မည်ဆို လျှင် ဒီမိသားစုမှာ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ ပေလိမ့်မည်။ ဤသည်မှာ သဘာဝအတိုင်း အကျိုးအကြောင်းသင့် ဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ပေ၊ အမှန်မှာ သူ့အားမနာလိုကြသူများက ဖန်တီးထားသည့် အစီအရင်တစ်ခုပင်ဖြစ်သည်။
ကုယဲ့သည် ထိုကဲ့သို့ သော လူမျိုးကိုအမုန်းဆုံးပင်ဖြစ်သည်။ အရည်အချင်းမရှိဘဲနှင့် လူအများအပေါ် လိမ်လည်လှည့်ဖြားပြီး အန္တရာယ်ပြုရန်သာ အတွေးရှိသည့် မိုက်မဲသောလူများသည် သေခြင်းတရားနှင့်လွန်စွာပင် ထိုက်တန်လွန်းလှသည်။
အန်တီဝမ်၏ မျက်နှာကို ဖတ်ရင်းဖြင့် ကုယဲ့ အကဲခတ်ကြည့်သောအခါ ကျောက်ဖုန်းယွိ ပြောဖူးသည့်အတိုင်းပင် မှန်ကန်သည်ကို တွေ့ရသည်။ အန်တီဝမ်သည် စိတ်သဘောထား ဖြောင့်မတ်တည်ကြည်ပြီး သူငယ်ချင်းများကိုလည်း လွန်စွာသစ္စာစောင့်သိ ကြင်နာတတ်သူပင်ဖြစ်သည်။
သို့သော် သူမ၏မျက်လုံးများသည် အနည်းငယ်ပြူးနေပြီး သူမ၏နှာတံသည် မညီမညာဖြစ်နေသောကြောင့် ထိုအန်တီသည် သူငယ်ချင်းများကြား ဆက်ဆံရေးကို ကိုင်တွယ်ရာတွင် သိပ်မတော်ကြောင်းထိုကဲ့သို့ ရုပ်ရည်သွင်ပြင် လက္ခဏာက ဖော်ပြနေသည်။
သူမ၏ကြင်နာမှုသည် သူမက သူမ၏သူငယ်ချင်းများအေပါ် ယုံကြည်ရန် လွယ်ကူစေပြီး ထိုအချက်ကပင် သူမအား ယနေ့အချိန်အထိ အခြားလူများ၏ လှည့်စားခြင်းကိုခံရစေခြင်း ဖြစ်သည်။
“ဒါ မင်းအမေပြောပြတဲ့ ဆရာလေးလား? အိမ်ထဲဝင်ကြဦးကလေးတို့ ”
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...