အခန်း 17.1

4.2K 600 0
                                        

17. မစ္စတာယွိ၏ သုံးလောကအမြင် ပျက်ပြားခြင်း

ကျောက်ကျိ့ဖန်း က စိတ်လှုပ်ရှားစွာဖြင့် သူ့သားကို  ပွေ့ဖက်လိုက်ပြီးနောက် ကုယဲ့ထံသို့ ပစ္စည်းတစ်ခုကိုပေးခဲ့သည်။ ထိုအခါ ကျောက်ကျိဖန်း က "ဒါက ဖုန်းယွီကောက်ခဲ့တာ၊ အရင်က ဒါကို ဦးတို့နှစ်ခါမက လွှင့်ပစ်လည်း အမြဲပြန်ပြန်ရောက်လာတယ်၊ ဒါမဲ့ မီးတော့လုံးဝကို မရှို့ရဲဘူး။ ဒီပစ္စည်း ပျက်စီးရင် သားလေး ဝိဉာဉ်ပါ ပျက်စီးသွားမယ်လို့ ပြောလို့” ဟုပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ကုယဲ့ ရယ်မိသည်။ အ‌ရှေ့က လာသွားသော ဆရာများက သူ့အတိုင်းအတာနှင့် သူတော့ အစွမ်းအစ ရှိသည်ထင်သည်။ သူ၏ ဝိဉာဉ် ထိန်းချုပ်အဆောင်အင်းကသာ ကာကွယ်မပေးနိုင်ရင် ကျောက်ဖုန်းယွိ၏ ဝိဉာဉ်မှာ လွင့်ပယ်သွားသည်မှာ ကြာပြီးဖြစ်သည်။

ကုယဲ့သည် ဒင်္ဂါးပြားကို မြေပြင်ပေါ်သို့ တိုက်ရိုက်ပစ်ချလိုက်ပြီး စားပွဲပေါ်မှ ခက်ရင်းတစ်ခုကို ကောက်ယူကာ ပြင်းထန်စွာ ခြစ်ထည့်လိုက်သည်။ ထိုအခါ ငြီးတွားသံများ ထွက်လာလေသည်။
အနက်ရောင် မီးခိုးငွေ့အနည်းငယ်သည် လမ်းဆုံလမ်းခွတစ်ဝိုက်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ လုပ်ရပ်အား ရပ်တန့်ရန် ကြိုးစားနေသည်။ ကုယဲ့သည် နှုတ်ခမ်းရွဲ့ကာ ရယ်ရင်း လက်ညှိုးတစ်ချောင်း ဖြင့် အမူအရာအချို့ လုပ်လိုက်ပြီး မိုးကြိုးတစ်ချက် ရိုက်လိုက်သောအခါ သွေးနံများ လှိုင်လှိုင်ထအောင်ထွက်လာသည်။

ထိုအခါ မစ္စတာကျောက်က "ဆရာ ဝမ်မင်ဟိုင်က ဒါကို ဖျက်ဆီးတုန်းက အဲ့ဟာက ပြန်ပြီးတိုက်တယ်၊ သတိထားပြီးလုပ်ပါ ဆရာလေး" ဟု စိုးရိမ်စွာ ပြောသည်။

ကုယဲ့သည် သူ၏နှုတ်ခမ်းကို တွန့်ရုံပြုံးလိုက်ပြီး "ဘာလို့ အားကုန်ခံပြီး ငါ့ ပြန်ကိုက်ချင်နေသေးတာလဲ။ မင်း ဘာလုပ်လုပ် ထူးမယ်ထင်နေတာလား"ဟုပြောသည်။
စကားအဆုံးတွင် ကုယဲ့သည် ခက်ရင်းကို တဆုံး ထိုးလိုက်ကာ တည့်တည့်ဝင်သွားပြီး အမည်းရောင်သွေးပုပ်များ ချက်ချင်း မြေပြင်ပေါ်သို့ ထွက်လာသည်။ ကျောက်ဖုန်းယွီသည် ရုတ်တရက် သူ့တစ်ကိုယ်လုံး ပြေလျော့သွားသည်ကို ခံစားလိုက်ရပြီး လွတ်လပ်စွာ အသက်ရှူနိုင်လာသည်။
မည်းမှောင်သောလေပြင်းသည် ရုတ်တရက် သွေးစွန်းနေသော တစ္ဆေစက္ကူကို ဝေ့ဝဲကာ တိုက်ပစ်လိုက်သည်။ ထိုအခါ ဆေးရုံဝန်းတစ်ခုလုံး လေပြင်းတိုက်သောကြောင့် လွင့်ပျံသွားသော တစ္ဆေစက္ကူသည် ယွီဇယ် အနီးသို့ရောက်သောအခါ ချက်ချင်းပင် ကွေ့ဝိုက်ပြီး လမ်းကြောင်းပြောင်းသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ကုယဲ့ သည် တကယ့်အဆိုးတကာ့အဆိုးဆုံး တစ္ဆေပင်လျှင် ထိုလူကို မထိဝံ့ကြောင်း တွေးမြင်လာရသည်။  ကုယဲ့သည် အခြားလက်တစ်ဖက်ဖြင့် ထိုစက္ကူရွက်ကို ကောက်ယူလိုက်ပြီးနောက် စက္ကူပတ်ပတ်လည်တွင် ခရမ်းရောင်မီးတောက်များသည် ထင်ရှားစွာ တောက်ပလာသည်။ ထိုတစ္ဆေများသည် မည်မျှပင်ပင်ပန်းပန်း ရုန်းကန်နေပါစေ လျှင်မြန်စွာ လောင်ကျွမ်းသွားကြသည်။ ထိုအခါ ကုယဲ့က  " အညံ့ခံမလား? ငရဲပို့ပေးရမလား? အေး ငါက ဒီပရလောကရဲ့ စည်းမျဉ်းတွေကို သောက်ဂရုစိုက်တဲ့ကောင်မဟုတ်ဘူးနော်" ဟု အေးစက်စွာပြောလိုက်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now