အခန်း 28.1

2.3K 445 18
                                    

အပိုင်း ၂၈ သူ မယူဘူးပြောနေရင် မင်း ယူ အပိုင်း ၁

အသက်ရှိစဥ်က ရှန်းလဲ့က လူကောင်းမဟုတ်။ အဓမ္မမှု လူသတ်မှုအပြင် ပြစ်မှုက လွန်စွာဆိုးဝါးသောကြောင့် သူက သေဒဏ်ပေးခံရလေသည်။ သို့သော်ငြား သေပြီးတွင်လည်း သရဲကောင်း ဖြစ်မလာချေ။ ပတ်ဝန်းကျင်တွင်ရှိသော အထီးကျန်ဝိဉာဥ်တို့ကို နှိပ်စက်ကာ သရဲများကိုပါ ဝါးမြိုခဲ့ဖူးသည်။ ထို့ကြောင့်သာ သူ့ ဝိဉာဥ်စွမ်းအား မြင့်မားနေရခြင်း ဖြစ်သည်။

ရှန်းလဲ့ ကြိုက်သော ဇနီးအသစ်စက်စက်လေးက လက်ထဲရောက်လုနီးနီးမှာပဲ အခုတော့ ထွက်ပြေးသွားခဲ့ပြီ။ ဒေါသ ငယ်ထိပ်ကို ဆောင့်တက်ငါ ကမူးရှူးထိုးဖြင့် ပြန် လုယူရန် အပြေးလာလေသည်။ သူမက လက်ထပ်ချင်ချင် မချင်ချင်၊ သူကတော့ သူမကို မြင်သည်နှင့် အဓမ္မဆွဲခေါ်သွားဖို့ ဆုံးဖြတ်ပြီး ဖြစ်သည်။

ငယ်ကတည်းက ကြီးပျင်းလာသည်အထိ သူ အလိုရှိသည်နှင့် သူ့မိသားစုက ဖြည့်ဆည်းပေးပြီးသားပင်။ ဘယ်တုန်းကမှ 'မရ'ဆိုတာ မရှိခဲ့ဖူးသော ရှန်းလဲ့က အရာရာတွင် နိုင်ထက်စီးနင်းတတ်တာ အသားကျနေပြီ။ သို့သော်ငြားလည်း သူ့ထက်ပို ကြမ်းတမ်းသော လူ ရှိမည်ဟု တစ်ခါမှ မတွေးထင်ခဲ့။ ရှန်းလဲ့က အုတ်ခဲနှင့် ရက်စက်စွာ အရိုက်ခံရခြင်းကြောင့် နောက်သို့ ပြန်ကန်သွားကာ မတတ်သာဘဲ သတို့သမီးအား လွှတ်ပေးလိုက်ရသည်။ ကုယဲ့အား ကြောက်ရွံ့သော မျက်လုံးများနှင့် လှည့်ကြည့်လိုက်ချိန်တွင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် ပြောစရာ စကားများပင် ပျောက်ရှသွားတော့သည်။

သူ၏အရှေ့ ကောင်ကလေးသည် နှုတ်ခမ်းများ နီပြီး သွားများက ဖွေးစွတ်နေသည်။ မျက်နှာကလည်း လှပကာ ချောမွတ်နေလေသည်။ ယခုတွင်မူ ဒေါသထွက်နေသောကြောင့် ကောင်လေး၏ မျက်နှာက ပန်းရောင်သန်းနေပြီး သူ၏ ဖြူစွတ်သော အသားအရည်က ရေကြည်သကဲ့သို့ နူးညံ့ကာ သတို့သမီးထက်ပင် ပို၍ လှသွေးကြွယ်နေသေးသည်။

ရှန်းလဲ့က မကောင်းတဲ့ လူပီပီ လိင်အမျိုးအစား ခွဲခြားချင်း မရှိချေ။ ယခု ကုယဲ့ကို မြင်တော့ အလွန်အမင်း စိတ်လှုပ်ရှားကာ ကုယဲ့၏ မျက်နှာကို လက်ညှိုးနဲ့ ထိုးပြီး
"သူ မယူရင် မင်း ငါနဲ့ ယူရမယ်!"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now