အခန်း 23.2

3.3K 528 14
                                    

ဟန်စစ်ဝမ်၏ တံခါးခေါက်သံကို ကြားမှသာ အန်တီဝမ်သည် ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်ဖွယ် အဖြစ်အပျက်မှ သက်သာရာရသွား‌ေလသည်။ တံခါးဖွင့်လိုက်ပြီးနောက် သမီးဖြစ်သူကို မြင်သောအခါ အံ့သြတကြီးနှင့် "ဘာလို့  အစောကြီး ပြန်လာတာလဲ၊ ဆေးရုံကို မသွားဘူးလား"

"အရှေ့ပိုင်းကနေ ကွေ့လိုက်‌ေတာ့၊ အိမ်နဲ့ ပိုနီး‌ေနပြီ‌ေလ။ အဖေကလည်း ဖုန်းဆက်ပြီး လက်ကျိုးရုံပဲ ဘာမှမဖြစ်ဘူးလို့ ပြောတော့ အမေနဲ့ပဲ အရင်တွေ့ဖို့ လုပ်လိုက်တာ။"

အန်တီဝမ်က သူ့သမီး၏ မျက်နှာ သိပ်မကောင်းတာကို မြင်တော့ စိုးရိမ်တကြီးနှင့် "သမီး မျက်နှာလည်း  မကောင်းပါလား၊ နေမကောင်းဘူးလား။"ဟု မေးလေသည်။

ထိုအကြောင်း စကားစမိသည်နှင့် ဟန်စစ်ဝမ်က သူ့အမေ၏လည်ပင်းကို ကြောက်လန့်တကြား သိုင်းဖက်လိုက်ပြီး "အမေ သမီးတစ်ယောက်လျော့တော့မလို့။ ကံကောင်းလို့ သမီး အမေ့စကားနားထောင်မိတာ ။ ဒါနဲ့ အဲ့အထက်လမ်းဆရာရော သမီးသူ့ကို ကျေးဇူးတင်ရဦးမယ်။" 

"ဆရာက သွားနှင့်ပြီ။ အခုလေးတင်ပဲဆိုတော့ သမီး   ဓာတ်လှေကားမှာ တွေ့ရင် တွေ့ခဲ့မှာ။"

" သမီး ဟိုကောင်စုတ်လေး ကျောက်ဖုန်းယွိနဲ့ သူဆွဲခေါ်လာတဲ့ ကောင်ချောလေး တစ်ယောက်ကိုပဲ တွေ့ခဲ့တာပါ။"

အန်တီဝမ်က "အဲ့ဒီ ကောင်ချောလေးက သမီးတွေ့ချင်နေတဲ့ အထက်လမ်းဆရာပဲ။" ဟု ပြန်ဖြေလိုက်သည်။

ဟန်စစ်ဝမ်သည် သူ့လွယ်အိတ်ကို ထိတ်လန့်တကြား ပစ်ချမိသွားပြီး "သူ့မျက်နှာလေးက သေးသေးလေးရယ်။ လုံးဝ ရှိုး ပုံစံလေး(shou)"

အန်တီဝမ်လည်း ပြောစရာစကားမဲ့သွားပြီး၊ 'ခုခေတ် မိန်းကလေးတွေက ဘာကို အာရုံစိုက်နေကြတာလဲ။ ဒီအရွယ် ယောက်ျားလေးတွေက ထွားနေကြတုန်းအရွယ်လေ ပိန်မှာပေါ့။(shou)
(*တရုတ်မှာက သေးသွယ်ပိန်တာလည်း shou လို့အသံထွက်တာမို့ အန်တီဝမ်က အထင်လွဲနေတာပါ)

ထိုသားအမိနှစ်ယောက်သည် ပါးပါးဟန်ကို  တွေ့ရန်   ဆေးရုံသို့ တူတူသွားကြသည်။ ခင်ပွန်းဖြစ်သူ အဆင်ပြေနေသည်မှာ သေချာပြီးနောက် အန်တီဝမ်သည် ကားဆရာကို ခေါ်ကာ ပန်းဆိုင်သို့ ပို့ပေးရန် ပြောလိုက်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now