အခန်း 4.1

2.9K 507 10
                                    

အခန်း ၄ ကျောင်းတွင် အနိုင်ကျင့်ခံရခြင်း

ဉက္ကဌကု အိမ်ပြန်ရောက်ချိန်မှာ ကုယဲ့နှင့်ကုယန်တို့သည် ကျောင်းသွားရန်အိတ်များ ထုပ်ပိုးနေကြသည်။ အထက်တန်းကျောင်းသား၊ ဘော်ဒါနေကျောင်းသားအားလုံးတို့ဟာ တစ်လကို တစ်ကြိမ်သာ အိမ်ပြန်ခွင့်ရကြပြီး  တစ်ကြိမ်မှာ သုံးရက်သာအချိန်ရတာကြောင့် ပစ္စည်းများလုံလုံလောက်လောက် သယ်ဆောင်နေကြခြင်း ဖြစ်သည်။

ကုကတော်သည် သူတို့၏ ကျောပိုးအိတ်များကို တစ်ချက်စစ်ဆေးလိုက်ပြီး မီးဖိုချောင်အတွင်းသို့ ဝင်၍ အသား ခြောက်၊ သစ်သီး၊ ပေါင်မုန့်များနှင့် အဆာပြေမုန့်များ ယူဆောင်လာကာ ၎င်းတို့၏အိတ်အတွင်းသို့ ထည့်လိုက် သည်။

ကုယဲ့ဟာ ကုယန်ရဲ့အိတ်အတွင်းသို့ တစ်ချက်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“ညီလေးမုန့်တွေက သားထက် ပိုများတယ်”
“တကယ်လား” ကုယန်က ကြောင်အသွားပြီး အထဲကမုန့်များကို ထုတ်ယူ၍ နှိုင်းယှဉ်ကြည့်ချင်နေသည်။ ကုကတော်က ၎င်း၏လက်များကို စိတ်တိုဟန်ဖြင့် လှမ်းရိုက်၍ ကုယဲ့၏အိတ်အတွင်းသို့ အမဲခြောက်တစ်ထုတ်ကို ရှက်ရွံ့စွာလှမ်းထည့်ပေးရင်း ပြောလိုက်သည်။

“စာသင်နှစ်က နှစ်တစ်ဝက်တောင်ကျော်နေပြီနော်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲလည်း နီးလာပြီ၊ များများစားပြီး စာကြိုးစားနော်”
ကုယဲ့သည် ကျောပိုးအိတ်ကို ကျေနပ်စွာကောက်ယူလိုက်ပြီး ပြုံးလိုက်၏။

“ကျေးဇူးတင်ပါတယ် အမေ”

ကုယဲ့မှ အမေလို့ ခေါ်လိုက်တာကြောင့် ကုကတော်ရဲ့မျက်နှာဟာ အနည်းငယ်ရှုပ်ထွေးသွားဟန်ရှိသော်လည်း ကုယဲ့၏ကျေနပ်ပျော်ရွှင်နေတဲ့မျက်နှာကို မြင်ရတဲ့အခါမှာတော့ ကုကတော် မပြုံးဘဲမနေနိုင်တော့ဘဲ နှုတ်ခမ်း ထောင့်စွန်းလေးများ ကွေးသွားအောင်ပြုံးကာ ကုယဲ့ရဲ့ခေါင်းကို ခပ်ကြမ်းကြမ်းလေး ပွတ်သပ်ရင်းပြောလိုက်သည်။
“စာကြိုးစား‌နော်၊ သူများတွေက နင့်ကို ညံ့တယ်လို့အပြောမခံနဲ့”

ကုယဲ့က ပြုံးလျက် ခေါင်းညိမ့်ပြလိုက်သည်။
“ဟုတ်ကဲ့”

“စကားမစပ် ဆောင်းတွင်းကျောင်းပိတ်ရက်အတွက် အိမ်စာတွေရော ပြီးပြီလား”

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now