အခန်း ၃၃ သရဲအိမ်သို့ အလည်သွားခြင်း အပိုင်း သုံး

2.8K 337 18
                                    

ကုယဲ့သည် သူ့မိသားစုကို အကြောင်းကြားလိုက်သည်။ ည ၁၀း၀၀ ဝန်းကျင်လောက်တွင် သရဲကလေးများ ပြောသောလိပ်စာကို တက္ကစီဖြင့် သွားလိုက်သည်။ လမ်းသည် သာမန်လမ်းဖြစ်ပြီး ထိုလမ်းတွင်နေထိုင်သောလူများမှာလည်း သာမန်လူများဖြစ်သည်။ လမ်းအဝင်ဝမှ လမ်းအဆုံးထိ လမ်းလျှောက်လာကာ ခြံဝင်းဟောင်းတစ်ပိုင်းတွင် ရှိသောအိမ်တစ်လုံးကိုတွေ့လိုက်ရသည်။ နှစ်ယောက်သား တက္ကစီပေါ်မှ ဆင်းလိုက်ကြပြီး ကုယဲ့ သည် ခြံဝင်းမှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မကောင်းသော အငွေ့အသက်များသည် ပို၍အားကောင်းလာသည်။

ကုယဲ့က ကျောက်ဖုန်းယွိကို "သတိထားရအောင်။"
"ငါအရင်သွားလိုက်မယ်။" ကျောက်ဖုန်းယွိက အရပ်ရှည်ပြီး သူ့ထက်ပုနေသော ကုယဲ့ ထက် အများကြီး သန်မာသည်ဟုထင်နေသည်။ ကြောက်ရွံ့ခြင်းမရှိဘဲ လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သောအခါ "အယ်၊ ဒီတံခါးက ဟနေတာပဲ!"
ကျောက်ဖုန်းယွိသည် သူကြိုတင်ပြင်ဆင်ထားသော ကျောပိုးအိတ်ထဲမှ ဓာတ်မီးကို ထုတ်ကာ ရှေ့တည့်တည့်သို့ ထွန်းလိုက်သည်။ တံခါးမှာ ကပ်ထားတဲ့ အရာတွေကို သူမြင်သောအခါ ထုံသွားသည်အထိ ထိတ်လန့်သွားပြီး "ကုယဲ့... ကြည့်စမ်း၊ အဲဒါ ဘာလဲ။"

အဝါရောင်အောက်ခံနှင့် သွေးနီရောင် ကျောက်တုံး ပေါ်တွင် ရေးဆွဲထားသည့် တံခါးအထက်တွင် ချိတ်ဆွဲထားသော  ရှစ်ထောင့်အင်းကွက် တစ်ခုရှိသည် ။ အဝေးမှပင် ကျောက်တုံးသည် ခဲနေသောသွေးနှင့်တူနေသည်။  နေသာ နေသော နေ့ခင်းဘက်၌ပင် လူများအားထိတ်လန့်စေကာ ညသန်းခေါင်းအချိန်ကို ပြောစရာမလိုတော့ပေ။

"ဒါက သရဲတွေကို နှိမ်နှင်းဖို့လေ။ ဒီမှာ လူတွေ မနေတာ မဟုတ်ဘူး၊ လူထပ် ပိုဆိုးတဲ့ဟာတွေ နေတာ!" ကုယဲ့၏မျက်လုံးများသည် အေးစက်သွားကာ လူသတ်ချင်စိတ် ပေါ်လာသည်။

ကျောက်ဖုန်းယွိသည် သူ့ဖုန်းထဲက မှတ်တမ်းများကို ကြည့်ပြီး "ဒီနေ့မွန်းလွဲပိုင်းမှာ အတင်းအဖျင်းဝက်ဆိုဒ်က အချက်အလက်တွေကို ငါကြည့်လိုက်တာ ။ ဒီသရဲခြောက်တဲ့ အိမ်က တရုတ်နိုင်ငံ ထူထောင်တဲ့ အစောပိုင်းကာလမှာ ဆောက်ခဲ့တာတဲ့ ပြီးတော့တော်တော်လေးလဲ ဂရုစိုက်ထားတာ။ အရင်နှစ်တွေက အဲ့အိမ်ကြီးကို စွန့်ပစ်လိုက်တာတဲ့  စွန့်ပစ်လိုက်ကတည်းက သရဲခြောက်တယ်ဆိုတဲ့ ကောလဟာလတွေ ရပ်တန့်မသွားဘူး။ ဒီအိမ်နံပါတ်ကိုပဲ ကြည့်။ လမ်းကြားမှာရှိတဲ့ ပထမအိမ်ကနေစပြီး နံပါတ် 001 မှ 022, 023 လို့ပဲ ရှိတာ။ ဒီသရဲခြောက်တဲ့အိမ်ကြတော့ 24 ဖြစ်နေတယ် သုညတစ်လုံး ပျောက်နေတယ်။"
ကုယဲ့ က အံ့ဩစွာဖြင့် "ဘာလို့လဲ"
ကျောက်ဖုန်းယွိက ရယ်ရမလား ငိုရမလား မသိပဲ "အဲဒါကြောင့် ထူးထူးဆန်းဆန်းလို့ ငါပြောတာလေ။သူတို့ပြောကြတာက ညနက်သန်းခေါင်မှာ အိမ်ထဲကနေ ကလေး ငိုသံတွေ ထွက်ထွက် လာတတ်တယ်တဲ့"
"ကလေးတွေ?" ကုယဲ့က သူ့နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး သူ့အကြည့်တွေက အေးစက်သွားပြန်သည်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Aug 25, 2024 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Nơi câu chuyện tồn tại. Hãy khám phá bây giờ