အခန်း 26.2

4.4K 551 8
                                        

ကုယဲ့ ဦးတည်ရာ နေရာသို့ ရောက်ရန် ကားဖြင့် တစ်ရက်ခွဲမျှ အချိန်ယူရသည်။ ထိုနေရာက မြို့ငယ်လေးဖြစ်ပြီး တောင်များ မြစ်များဖြင့် ဝန်းရံထားကာ ဝုဖုမြို့ဟု ခေါ်လေသည်။

ဤမြို့ငယ်လေးကား ရွာနီးစပ်များစုစည်းပြီး တည်ထားသော မြို့ဖြစ်သည်။ မြို့အထွက်တွင် မြစ်ရှိပြီး တောင်ပေါ်မှ ငုံ့ကြည့်လျှင် မြစ်ကြီးမှ မြို့အား ထွေးပွေ့ထားသကဲ့သို့ ပုံသဏ္ဍာန်နှင့် လောကကြီးနှင့် ဝေးကွာနေသော သုခဘုံလေးသဖွယ် ဖြစ်နေသည်။ထိုသို့ဖြစ်နေသော်ငြားလည်း မြို့ငယ်လေးကား အပြင်လောကနှင့် အဆက်အသွယ်ပျက်နေသည် မဟုတ်ပေ။ မြို့မှ လူငယ်များကား မြို့ကြီးတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြီး မြို့နေအခြေအနေမှာလည်း မဆိုးလှသော အခြေအနေရှိသည်။

ဤမြို့ငယ်လေးကား ကုယဲ့၏ ဆရာသခင် ရှောင်ဖုရှန်း၏ မွေးရပ်ဇာတိဖြစ်သည်။ ရှောင်ဖုရှန်း မဆုံးခင်က သူအား မွေးရပ်မြေတွင် မြေမြှုပ်ပေးရန်က လွဲ၍ ကုယဲ့အား မည်သည့် တောင်းဆိုမှုမှ မပြုခဲ့ချေ။ ကုယဲ့လည်း ဆရာဖြစ်သူ၏ အရိုးပြာကို စုဆောင်းပြီး ရေမြေကောင်းသော အကွက်တွင် မြှုပ်ကာ ဤမြို့ငယ်လေးတွင် ခတ္တပင် နေခဲ့ဖူးသေးသည်။

ကုယဲ့သွားရာ လမ်းကြောင်းကို မြင်၍ အမျိုးသမီးတစ်ယောက်သည် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"ကောင်လေး မြို့ကို လာလည်တာလား?"

ကုယဲ့ ပြုံးကာ ခေါင်းယမ်းရင်း " အိမ်ပြန်မလို့ ဒေါ်ကြီးရေ။ ရှေ့ တာ့လျှို့ရွာမှာ ဘာဖြစ်လို့လဲ?"

အဒေါ်ကြီးက ကုယဲ့၏ ဝတ်စားဆင်ယင်ပုံက ရွာသားပုံ မဟုတ်သဖြင့် စေတနာနှင့် " အရေးမကြီးရင် နောက်နှစ်ရက်လောက်မှ ပြန်လာပါ့လား? အခု တာလျှို့ရွာမှာ လူတွေ သေနေတယ်။ အသုဘတွေဆိုတာ ခဏခဏပဲ။" ဟု အကြံပေးလိုက်သည်။

ကုယဲ့လည်း အဒေါ်ကြီးကို ကျေးဇူးတင်ကြောင်းပြောပြီး လမ်းဆက်လျှောက်လာလေသည်။ တာလျှို့ရွာအဝင်တွင် အမိုးစင်အကြီးကြီး ဆော့ထားသည်ကို တွေ့မြင်ခဲ့ပြီး ထိုအမိုးစင်အောက်တွင် များစွာသော အခေါင်းများနှင့်အတူ စက္ကူမြင်းများ နွားများလည်း တန်းစီထားရှိလေသည်။ ကုယဲ့ ခေါင်းစောင်းကာ သေချာကြည့်အပြီးတွင်တော့ ကုယဲ့၏ မျက်နှာ တည်ကြည်သွားလေသည်။ လူတွေ ဘယ်တောင်သေကြလို့ စုပေါင်း အသုဘ လုပ်ရတဲ့အထိ ဖြစ်လာတာလဲ

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Место, где живут истории. Откройте их для себя