အခန်း 16.2

2.6K 466 3
                                    

ကုယဲ့ ပြောတာမှန်၏၊ အိမ်အကူလာပြောသည်ကိုကြားပြီးနောက်၊ ကျောက်ကတော် က ကုယဲ့ သည် အသက်ငယ်လွန်းသောကြောင့်ကျောက်ဖုန်းယွိအား ကယ်တင်နိုင်မည်ဟု မထင်ပေ။ ယခုမူ၊ ‌ကောက်ရိုးမျှင်ပင် လျှင် မလွှတ်တမ်းဆွဲကိုင်ထားမည့် အခြေအနေဖြစ်သောကြောင့် ကုယဲ့ အား ဖိတ်ခေါ်ရန် တစ်ယောက်ယောက်အားစေလွှတ်လိုက်သည်။၊ ကျောက်ကတော် သည် ကုယဲ့ ၏ ဖြူဖွေး‌ေနေသော မျက်နှာနှင့် နီရဲနေသော နှုတ်ခမ်းများနှင့် သွားများပေါ်လာသည်အထိ ပြုံးနေသော အပြုံးချိုချို သွင်ပြင်ကို ကြည့်ကာ အထက်လမ်းဆရာများနှင့် တစ်နေရာမှ တူမနေသည်ကို မြင်ပြီး စိတ်ပျက်လက်ပျက်ဖြင့် မျက်စိမှိတ်ထားလိုက်လေသည်။
သူမသည် သားဖြစ်သူ၏လက်ကို ကိုင်ကာ ကုတင်အစွန်းတွင် ထိုင်ချလိုက်ပြီး "ဆရာလေး၊ ကယ်နိုင်မလားဆိုတာ ကြည့်ပေးပါ။ ဆရာဝန်က ဒီညကျော်ရင် မရှင်နိုင်တော့ဘူးလို့ ပြောတယ်"
ကျောက်ဖုန်းယွိ ၏ မျက်နှာသည် ဖြူဖျော့နေပြီး နှုတ်ခမ်းများ ပြာသွားကာ သူ၏မျက်ခုံးမွှေးကြားတွင် အနက်ရောင် လေရှိပြီး မကောင်းဆိုးဝါး နတ်ဆိုးများ ထွက်လာသည့် အနီရောင်မျဉ်းလေး ရှိနေသည်။ ကုယဲ့ က စကားမပြောဘဲ သူ၏အိတ်ကပ်ထဲကရှိသော အမွှေးတိုင်တစ်ဝက်ကို ထုတ်ကာ သူ၏မျက်နှာတွင် အရိပ်အယောင်မရှိဘဲ မီးညှိပြီး လက်နှစ်ချောင်းကြားကို ကိုင်ကာ ကျောက်ဖုန်းယွိ၏ မျက်ခုံးမွှေးများကြားတွင် တင်ထားလိုက်ရာ အမွှေးတိုင်သည် ဘာအကူအညီမှမရှိဘဲ ခိုင်မြဲစွာ ရပ်နေလေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကျောက်ကတော်သည် အံ့သြတကြီးဖြင့် မျက်လုံးများပြူးကာ "ဒါက?"
"ဝိဉာဉ်ခေါ်အမွှေးတိုင် " ကုယဲ့ က ပြုံးပြီး "သူ့မှာ ကပ်ဘေးတစ်ခုရှိတယ်လို့ ကျွန်တော်တွေ့ခဲ့လို့ ကျွန်တော်သူ့ဝိညာဉ်ကို ကာကွယ်ဖို့ အင်းပြားတစ်ခု‌ပေးခဲ့တယ်။ အခုတော့ ဝိဉာဉ်အမွှေးတိုင်ကို သုံးပြီး သူ့ကို ဝိဉာဉ်ကိုပြန်ခေါ် လို့ ရတယ်။"
အမွှေးတိုင်သည် ပြာလဲကျသွားခြင်းမရှိဘဲ ထင်ထင်ရှားရှား လောင်မြိုက်နေသည်ကို သာမန်မျက်စိဖြင့်မြင်ရပြီး အပြာရောင်အခိုးအငွေ့များသည် ကျောက်ဖုန်းယွိ ၏အသက်ရှုလမ်းကြောင်းမှတစ်ဆင့် နှာခေါင်းထဲသို့၀င်‌ရောက်သွားသည်။
ကျောက်ကတော် သည် အရမ်းတုန်လှုပ်သွားခဲ့‌သောကြောင့် မည်သို့ပြန်ပြောရမည်ကို မသိတော့ပေ။ စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အချိန်တွင် အံ့သြမှုကြီးတစ်ခုသည် သူမခေါင်းကို ရုတ်တရက် ရိုက်ခတ်သွားလေသည်။ သူမသည် မည်သို့တုံ့ပြန်ရမှန်းမသိတော့ပေ။ ပျော်ချင်သော်လည်း ထပ်၍စ်တ်ပျက်မိမည်ကို ကြောက်နေသည်။ "ဒါ၊ ဒါ...ကယ်တင်နိုင်မယ်မလားဟင်၊ ကယ်တင်နိုင်မယ်မလား"။
ကုယဲ့ သည် ပြုံးပြီး "ဒါပေါ့ ကျွန်တော်သူတို့ကို ကယ်နိုင်တယ်။ နတ်ဘုရားတွေ နတ်ဘုရားတွေကို သတ်ဖို့ လာတယ်၊ သရဲတွေက သရဲတွေကို ဖျက်ဆီးဖို့ လာတယ်။ ကျွန်တော် သူကို ကယ်နေချင်သရွေ့ ကျွန်တော်ကို နှောင့်ယှက်လာတဲ့သူမှန်သမျှ အကုန်သတ်ပစ်မှာ"
ကျောက်ကတော် သည်စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်ပြီး "အရူးတို့ ကိုမာတို့မဖြစ်သွားဘူးလား "
ကုယဲ့ သည် ရယ်လျက် "ဘယ်ဖြစ်မလဲဗျ အန်တီကိုပြောလိုက်တဲ့သူတွေအကုန်လုံးက ဝါနုတွေပဲကို"
ကျောက်ကတော် သည် သူမ၏ပါးစပ်ကို ဖုံးကာ ကုယဲ့ ၏ ငယ်ရွယ်နုပျိုသော မျက်နှာကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ "အရှုးတွေ " ဟုခေါ်တွင်သော ဆရာများ အားလုံးသည် ကျော်ကြားသော အထက်လမ်းဆရာများပင်ဖြစ်သည်။” ဒီကောင်လေး တကယ်ပဲလုပ်နိုင်တာလား သူ့ကိုယ်သူမြှောက်နေတာလား?”သူမသည် ထပ်၍ စိတ်ပျက်ရန် အင်အားမရှိတော့ပေ။
ထိုအချိန်တွင် ကုယဲ့ သည် သူ ၏လက်ကို ဆန့်တန်းပြီး ကျောက်ဖုန်းယွိ၏နဖူးကို ရိုက်လိုက်ကာ "မအိပ်နဲ့တော့၊ ဆရာယွိက မင်းကိုထပြီးထမင်းစားဖို့ ခေါ်နေတယ်!"
ကျောက်ကတော်၏မျှော်လင့်ထားသောမျက်လုံးများအောက်တွင် ကျောက်ဖုန်းယွိသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်၍ အပြည့်အဝပြန်လည်ကောင်းမွန်မလာမှီတွင် ကျောက်ဖုန်းယွိ ၏မိခင်သည် ပြေးဖက်ကာ ကျယ်လောင်စွာငိုကြွေးနေလေသည်။ ကျောက်ဖုန်းယွိသည်အံ့အားသင့်သွားသည်။ သူ့အမေ ဤသို့ငိုနေသည်ကို သူတစ်ခါမှ တစ်ခါမှ မမြင်ဖူးပေ။ ထို့နောက်သဘောပေါက်လာကာ သူ့အမေအား အမြန်နှစ်သိမ့်ပေးနေသည်။ ထို့နောက် ကုယဲ့ အားကြည့်လျက် "မင်းငါ့အသက်ကို ကယ်ခဲ့ပြန်ပြီ"
ကုယဲ့ က ပြုံးပြီး "နောက်မှာလုပ်စရာတွေ အများကြီးရှိသေးတယ်၊ နှိုးလာရုံနဲ့အကုန် ပြီးသွားတာမဟုတ်ဘူး"
ကျောက်ကတော် သည် ဆရာဝန်ရှာနေတဲ့ သူမခင်ပွန်းအားခေါ်ကာ  သူမ၏သားလေး နိုးလာပြီလို့ ပြောလေသည် ကုယဲ့ က ထိူသို့ပြောသောအခါ ကြောင်တောင်တောင်ဖြင့် “ဘာလို့ မပြီးသေးတာလဲဟင်”
ကုယဲ့ သည် တစ်ကမ္ဘာလုံးတွင်ရှိသော မိဘများ၏ နှလုံးသားကို သနားဖို့ကလွဲ၍ ရွေးစရာလမ်းမရှိတော့ပေ၊ မဟုတ်ဘူးဟု ပြောလျှင် ဤအမေသည် ပြိုကျတော့မည်ဖြစ်သည်။
"စိတ်မပူပါနဲ့၊ တစ်ဆင့်ချင်းလုပ်ကြတာပေါ့ " ကုယဲ့ က "သူ ဘာကောက်ခဲ့တာလဲ၊ အဲဒါကို ထုတ်ပြပါလား။"
ကျောက်ကတော် သည် တစ်စုံတစ်ယောက်ကို ယူရန် အလျင်အမြန် စေလွှတ်လိုက်ပြီး ကျောက်ဖုန်းယွိသည် ကုယဲ့ ကို စိတ်ပျက်လက်ပျက်ဖြင့် ဆွဲကာ "ငါ မိန်းမတစ်ယောက်နဲ့ လက်ထပ်တယ်လို့ အမြဲတမ်း အိပ်မက်မက်နေတာ၊ ပြီးတော့ငါက တစ်ချိန်လုံး သူ့ကို လိုက်ဖမ်းနေတာ၊ ငါ ကမ္ဘာအဆုံးထိ ပြေးလိုက်နေတာ ၊ ငါ့ကို ကယ်ပေးပါကွာ၊ ငါအခုမှ ကလေးပဲရှိသေးတာ။"
ကုယဲ့ က ရွံရှာသွားပြီး "ဒါဆို မင်းက ကလေးကြီးပေါ့"
ကုယဲ့ ထံမှလာသော ပေါ့ပျက်ပျက် စကားများသည် ကျောက်ဖုန်းယွိကို ငိုလုမတတ်ဖြစ်စေကာ "ငါတကယ်ပြောနေတာ မစပါနဲ့ကွာ!"
ကုယဲ့ က ကုလားထိုင်ကိုဆွဲတင်လိုက်ပြီး မတ်မတ်ထိုင်ကာ "မင်းလက်ထပ်ပြီးပြီလား"
ကျောက်ဖုန်းယွိက "မဟုတ်ဘူး၊ ငါ ထွက်ပြေးနေတာ။ ငါ ဘတ်စကတ်ဘောသာ မဆော့ခဲ့ရင် ငါ ပြေးဖို့သက်လုံရှိမှာမဟုတ်ဘူး”
ကုယဲ့ က "မင်းရဲ့ ပူပူလော‌လောမိန်းမလေးက လှလား" ဟု လေးလေးနက်နက် မေးသည်။
ကျောက်ဖုန်း က “သေသေချာချာ မမြင်ရဘူး၊ ငါ တောက်လျောက်ပြေးနေတာပဲရှိတာ”
ကုယဲ့ သည် မထိန်းနိုင်တော့ဘဲ ဝမ်းသာအားရဖြင့် "နှ‌မြောစရာပဲ၊ မင်းရဲ့မိန်းမကို ဘာလို့သေသေချာချာမကြည့်ခဲ့တာလဲ"
ကုယဲ့ သည် သူ့ကို နောက်ပြောင်နေသည်ဆိုတာကို ကျောက်ဖုန်းယွိက သဘောပေါက်ပြီး ဒေါသတကြီးဖြင့် ကုတင်ပေါ်ကနေ ထချင်နေသည် " အစ်ကိုကြီး ဖေဖေ၊ ကျွန်တော့်ကို ကယ်ပါ ၊ မင်း ထပ်ပြီး အဲ့လိုလုပ်ရင် ငါတကယ် သေမှာ!"
နောက်ဆုံးမှာတော့ ဘေးက ကျောက်ကတော် က ပြုံးပြပြီး အလင်းကို မှင်သက်စွာ ဖွင့်လိုက်သောအခါ မှောင်လာသည်ကိုတွေ့လိုက်ရသည်။
ကုယဲ့ က "သူက သမာသမတ်ကျတဲ့  ယောင်္ကျား ရှာနေတာပဲ ။ ပြီးတော့မင်းက သပ်သပ်ရပ်ရပ်နဲ့ ချောတယ်။ မင်းမိသားစုက ချမ်းသာတယ်၊ အသက်ကလည်း အဆင်ပြေတယ်၊ ပညာတတ်တစ်ယောက်၊ သူကလဲမင်းကိုကြိုက်ပြီးတော့ မင်းကလည်း သူ့ခန်း၀င်ပစ္စည်းကို လိုလိုလားလားလက်ခံခဲ့ပြီးမှတော့ ငါကဘာလုပ်လို့ရတော့မှာလဲ"
ကျောက်ဖုန်းယွိက "ငါလက်မခံဘူး! ဒါက လိမ်လည်တဲ့အိမ်ထောင်ရေးပဲ၊ စာမေးပွဲတိုင်းကိုတောင် ဖင်ကပ်နဲ့အောင်ခဲ့တာကို ငါကဘယ်လိုလုပ် ပညာတတ်ဖြစ်သွားရတာလဲ"
ကုယဲ့ ရုတ်တရက် ချဉ်းကပ်လာကာ ကျောက်ဖုန်းယွိ၏လည်ပင်းကိုကြည့်သောအခါ ပန်းရောင်ဖျော့ဖျော့အမှတ်အသားတစ်ခုရှိနေလေသည် ကုယဲ့ သည် မျက်နှာကို ငုံ့ကာ "မင်းမှာ သူနဲ့မဂ်လာဦးအခန်းကို ၀င်ပြီးပြီလား။ မင်းသူ့နဲ့  နမ်းပြီးသွားပြီလား။ အဲ့ဒါဆိုရင်တော့ငါ မင်းကို မကူညီနိုင်ဘူး ."
"မဟုတ်ဘူး! ငါ လူပျိုဖြစ်နေတုန်းပါကွာ၊ ငါကျိန်ဆို ကျိန်ရဲပါတယ်။"
ကုယဲ့ တွင် လေးနက်သောအဓိပ္ပါယ်တစ်ခုရှိနေသည်"မင်း...တကယ် အသုံးမကျဘူးပဲ"
ကျောက်ဖုန်းယွိ: "..."
ခံရတာ မင်းမဟုတ်တိုင်း ပျော်‌နေလိုက် အဲ့မှာ...
ကုယဲ့ က "ဟုတ်ပြီ ငါမင်းတို့အတွက် လိုအပ်တဲ့ပစ္စည်းတွေရေးပေးလိုက်မယ် မင်းတို့ ပြင်ဆင်ထားလိုက်။ မင်းဒီတစ်ခါ နှောင့်ယှက်ခဲ့တဲ့အရာက သာမန်မတရားမှုမဟုတ်ဘူး၊ အရမ်းဆိုးတယ်၊ ဖြေရှင်းရတာ နည်းနည်းတော့ ဒုက္ခရောက်တယ်။" စာရေးပြီသောအချိန်တွင်၊ ရပ်ကွက်တံခါးကို  အပြင်က လူများက တွန်းလိုက်သောအခါ လူအနည်းငယ်သည် အထဲသို့ရောက်လာကြသည်။
အထုပ်ကို ကိုင်ဆောင်ထားသူမှာ ကျောက်ဖုန်းယွိ၏ ဖခင်ဖြစ်နေသည်။
အခြားတစ်ယောက်သည် ဝတ်စုံဝတ်ထားပြီး အရပ်ရှည်ရှည် ဖြောင့်ဖြောင့်ချောမောသော အသွင်အပြင်ဖြင့် ဘယ်ဘက်မျက်လုံးထောင့်တွင် မျက်ရည်မှဲ့နှင့် သူ၏မျက်လုံးထဲတွင် စိုးရိမ်သောအကြည့်များသည် သူ့၏ အေးစက်တဲ့ စိတ်ဓာတ်အား အနည်းငယ် လျော့ပါးစေသော်လည်း အဝေးက လှမ်းမြင်နေရသော လူများနှင့် အနီးတွင်ရှိသော လူများအား စိတ်မသက်မသာဖြစ်သည်။ သူပေါ်လာသည်နှင့်တပြိုင်နက် ကုယဲ့သည် အံ့အားသင့်သွားသည် တစ်ဖက်လူ၏ အရှိန်အဝါသည် ထိုညနေခင်းတွင် သူမြင်လိုက်ရသော သရဲနှင့်နတ်ဘုရားများနှင့် မကပ်ဝံ့သော "ဘုရားသခင်၏သားတော်" ဖြစ်ပုံရသောကြောင့် ဖြစ်သည်။
သူ့ကိုမြင်သောအခါ ကုယဲ့ ၏ မျက်လုံးများသည် တောက်ပလာကာ ကျောက်ဖုန်းယွိကို ကယ်တင်ရာတွင် ဘာပြဿနာမည်မဟုတ်ပေ ။



ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now