၂၄။ ငါမင်းအတွက် စဉ်းစားပေးလိုက်တာနဲ့ မင်းအဆင်ပြေသွားလိမ့်မယ်
နောက်နေ့နံနက်ခင်းအစောတွင် ကုယဲ့သည် အစောကြီးထကာ ရေချိုးသန့်စင်လျက် ကျောပိုးအိတ်ကိုလွယ်ပြီး အောက်သို့ဆင်းလာခဲ့လေသည်။ ထို့နောက် ကျောပိုးအိတ်အား ဧည့်ခန်းထဲတွင် ထားခဲ့ပြီး နံနက်စာစားရန် မီးဖိုချောင်သို့ဝင်ခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ မနက်စာဟာ ခေါက်ဆွဲသီးသန့်တော့မဟုတ်တော့ပေ၊ ဖက်ထုပ်များပါ ပါလာလေသည်။ ကုကတော်၏စကားအရ “အိမ်ကသွားရင် ဖက်ထုပ်၊ ပြန်လာရင် ခေါက်ဆွဲ၊ ဒီဟာတွေကတော့ ကြက်ဉပေါင်း၊ ခုအိမ်ကနေ သွားမှာဆိုတော့ ဖက်ထုပ်စားရမှာပေါ့”
ကုယဲ့သည် သူ့ညီ၏ပန်းကန်နှင့် သူ့ပန်းကန်အား နှိုင်းယှဉ်သကဲ့သို့ တစ်လှည့်စီကြည့်လိုက်သည်။
ကုကတော်သည် ကုယဲ့ပြောနေကျဖြစ်သည့် “ညီလေးဖက်ထုပ်က သားဟာထက်ပိုကြီးတယ်” ဆိုသော စကားအား ကုတဲ့ချန်နှင့် အစ်ကိုအကြီးဆုံးတို့ကြားပါက စိတ်ဆိုးမည်ကို စိုးရိမ်သောကြောင့် ရင်ထဲတွင် တင်းကြပ်နေသည်။ ကုယဲ့သည် ကုကတော်၏မျက်နှာအား တစ်ချက်ကြည့်လိုက်ပြီးနောက် ကုယန်၏ပန်းကန်အား ဆွဲယူပြီး သူ့ပန်းကန်အား ကုယန်ထံပေးလိုက်လေသည်။
“ငါတို့အမေက ဘက်လိုက်တာပဲ၊ မင်းပန်းကန်ထဲက ဖက်ထုပ်တွေက ပေါက်နေတယ်”
ကုယန်သည် မျက်တောင်အား တဖျပ်ဖျပ်ခတ်လိုက်ပြီး တကယ်ယုံကြည်သွား၏။
“တကယ်လား အမေ ဘာလို့အမေက အစ်ကို့ကိုပဲ ချစ်ပြီး သားကို မချစ်တာလဲ”ကုကတော်သည် နှုတ်ခမ်းစွန်းများ ကွေးတက်သွားအောင်ပြုံး၍ အမြင်ကတ်ဟန်ဖြင့် ပြောလေ၏။
“ဘာလို့လဲဆိုတော့ နင့်အစ်ကိုက နင့်ထက်စာပိုတော်တယ်လေ အရူးလေးရဲ့၊ အများကြီးစားရင် ဦးနှောက်က သိပ်အလုပ်မလုပ်တော့မှာစိုးလို့”ကုယန်သည် စိတ်ရှုပ်ထွေးဟန်ဖြင့် “အမေက သားအမေလေ၊ သားရဲ့တကယ့်အမေလေ”
ကုကတော်သည် ကုယန်အား မဲ့ပြုံးပြုံးပြလိုက်သည်။မနက်စာစားပြီးချိန်မှာတော့ အိမ်အကူတစ်ယောက်သည် ရှည်လျားသောပိုးသေတ္တာအား သယ်ဆောင်လျက် ထမင်းစားခန်းအတွင်းသို့ ဝင်လာလေသည်။
BINABASA MO ANG
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...