အခန်း 9.1

2.8K 470 5
                                    

အခန်း၉။ ဒူးထောက်ခိုင်းပြီး "အောင်နိုင်သူ" သီချင်းဆိုလိုက်မယ်

ကျောက်ဖုန်းယွိသည် ကျောပိုးအိတ်ကို ဆွဲပြီး ကျောင်းထဲမှ ထွက်လာခဲ့သည်။ သူသည်ဘေးပတ်ဝန်းကျင်ကြည့်‌နေရင်း၊  ကုယဲ့အား လူမိုက်တစ်သိုက်က ဖမ်းခေါ်သွားသည်ကို တွေ့လိုက်ရသည်။ သူရုတ်တရက်ကြောင်အမ်းသွားသော်လည်း စိုးရိမ်သွားသည်မို့ ထိုသူတို့အနောက်မှ လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကုယဲ့မှာ "ရှေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိသည်၊ ပြင်ပလူများ ဝင်ရောက်ခွင့်မရှိ" ဟူ၍ ဆိုင်းဘုတ်ထောင်ထားသော လမ်းခင်း‌နေသည့်‌ေနရာသို့ ဆွဲခေါ်ခံရ‌ေလသည်။ သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် လမ်း ပေါ်တွင် ရေတင်နေသဖြင့် ယာဉ်ကြောများ ပိတ်ဆို့နေသည်။ ထို့ကြောင့်ပင် မိုးရာသီကို အခွင့်ကောင်းယူကာ မြေအောက်ပိုက်လိုင်းများ စင်ကြရန် စီမံနေကြလေသည်။
ဆောက်လုပ်ရေးလုပ်ကွက်မှာ ကျောင်းစာသင်ဆောင်များနှင့်နီးသောကြောင့် နေ့ဘက်၌ ကျောင်းသားကျောင်းသူများ စာသင် ရာတွင် အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် လမ်းခင်းခြင်းလုပ်ငန်းကို ညပိုင်း ကျောင်းသားများ အဝေးရှိ အဆောင်သို့ ပြန်ရောက်ချိန်၌သာ ဆောင်ရွက်ကြရသည်။ ထို့ကြောင့် နေ့ဘက်တွင် ဤနေရာ၌ မည်သူမျှမရှိခြင်းက ထိုလူမိုက်ကောင်လေးများအဖို့ ပိုအဆင်ပြေနေစေသည်။

ကုယဲ့ရောက်လာသည်နှင့် ချန်ကျန်းသည် ရက်စက်ကြမ်းကြုတ်သည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး သူ၏အကြည့်မှာ အလျှံတဝင်းဝင်းတောက်ကာ ထိတ်လန့်ဖွယ်ဖြစ်နေသည်။သူသည် ကုယဲ့ကို မြင်သည်နှင့် အရေခွံဆုတ်ပစ်ချင်သည်အထိ ဆိုးဆိုးဝါးဝါးစက်ဆုပ်မုန်းတီးနေသည်။ တစ်ပါးသူများအား အနိုင်ကျင့်ရသည်ကို ကျင့်သားရနေသူများသည် ထိုအတိုင်းပင်ဖြစ်သည်၊ သူတို့ကိုယ်တိုင် ပြန်အနိုင်ကျင့်ခံရသည့်အခါ ရှက်ရွံ့ဒေါသနှင့်အတူ အရှက်ခွဲခံရသည်ဟုခံစားရပြီး ထိုသူတို့အား လက်တုံ့မပြန်ရသေးသ၍ မကျေနပ်နိုင်ကြပေ။ ချန်ကျန်းသည် ကုယဲ့အား အနိုင်ကျင့်ခဲ့သည်မှာ နှစ်နှစ်ခွဲခန့်ရှိနေပြီဖြစ်သည်။ကုယဲ့၏ ပြန်လည်တုံ့ပြန်ခြင်းကို ခံရပြီးနောက် ချန်ကျန်းသည် သူ့အား လူတိုင်းက အထင်အမြင်အမျိုးမျိုးဖြင့်ကြည့်ပြီး လှောင်ရယ်နေကြသည်ဟု ခံစားနေရသည်။ သူသည် ငယ်ရွယ်သူဖြစ်သည့်အ‌လျောက် သွေးဆူလွယ်သည်မို့ နောက်ဆက်တွဲအကျိုးဆက်များကို ဂရုမစိုက်တော့ဘဲ လက်စား ချေလိုစိတ်သာ ပြင်းထန်နေခဲ့သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now