အခန်း ၃၁၊ မင်္ဂလာပါ၊ အကိုတစ္ဆေစစ်သူကြီး! အပိုင်း-၂
အကြီးအကဲနှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ကုယဲ့သည် အပြင်ထွက်ပြီး ယွိဇယ်၏ကားပေါ်သို့ တိတ်တိတ်လေး၀င်ထိုင်နေလိုက်သည်။ ကားထဲေရာက်ပြီးနောက် လက်ထဲမှ ပန်းချီကားကို တင်းကြပ်စွာ ပိုက်ထားလိုက်သည်။ သူ၏နှလုံးသားထဲတွင်လည်း ဖေါ်မပြနိုင်အောင် ကသိကအောက်ဖြစ်ရသည့် အောင့်သက်သက်ခံစားချက်ကို ခံစားလိုက်ရသည်။
သူ၏စိတ်ထဲတွင်တော့ အတိတ်ဘ၀တုန်းက မိသားစုမရှိ၊သူငယ်ချင်းမရှိ အထီးကျန်နေခဲ့ရသောကြောင့် ယခုလိုခံစားေနရသည်လားဟု စူးစမ်းမိသည်။ ဆရာသေသွားပြီးနောက်တွင် သူသည် ရည်ရွယ်ချက်မဲ့ကာ နေခဲ့မိသည်၊ သည့်အတွက်ကြောင့်ပဲ ဘ၀ကိုအဲ့လိုအဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်မိတာလား? တခြားနည်းလမ်းကို ရွေးချယ်ခဲ့ရင် တခြားလူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိုက်မလား? ဆိုးသည်က ထို’လား’ပေါင်းများစွာနှင့် မေးခွန်းများအတွက် အဖြေမရှိခဲ့ချေ။
ကုယဲ့မှာ ကားပေါ်တက်ပြီးသည်နှင့် ငြိမ်သက်သွားသည်။ ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ယွိဇယ် သည် ကုယဲ့က သူ၏ကိုယ်ပိုင်ကမ္ဘာထဲ၌ နှစ်မြုပ်နေသေးသည်ကို တွေ့လိုက်ရတာကြောင့် သူ၏လက်ထဲမှ ပန်းချီကားကို ဆွဲထုတ်ရန်လုပ်လိုက်သည်။ ထိုအချိန်မှပင် ကုယဲ့သည်အသိစိတ်ဝင်လာပြီး အတွေးထဲနစ်မျော
နေလျက်နှင့်ပင် စာလိပ်များကို ပြန်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ထို့ကြောင့် ယွိဇယ်လည်း စာလိပ်များကို ကုယဲ့၏လက်ထဲကို ပြန်ပေးလိုက်ပြီး ဆက်ပြီးဖက်ထားဖို့နှင့် လက်မလွှတ်ဖို့ ပြောလိုက်သည်။“အကြီးအကဲ နှစ်ယောက်က မင်းကို ဘဝအကြောင်းတွေပြောလိုက်တာလား”
“အင်း၊ နည်းနည်းပါးပါးပါ။ အဲ့ဒီစကားတွေက ကျွန်တော့်စိတ်ထဲ တော်တော်လေး စဉ်းစားစရာရသွားတယ်။” ကုယဲ့ က သူ့လက်ထဲက ပန်းချီကားတစ်ချပ်ကို ကိုင်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
“ဆရာဆုံးပြီးတဲ့နောက်ပိုင်း ဒီလိုစကားတွေ သိပ်မကြားဖြစ်တာ ကြာပြီပြောရမယ်။”
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...