လင်းစစ်ဟောင်သည် ရှားရှန်ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်ပြီး စိတ်အချဉ်ပေါက်နေသည့် လေသံဖြင့် "မင်းတုံးလှေချလား။ယွမ် 2,000တောင်၊ အဲ့လောက် ပိုက်ဆံတွေ ဖြုန်းရအောင် အိမ်မှာ မိုင်းတွင်းတွေရှိနေလို့လားကွ။"
လျှိုယိဝမ်သည်လည်း " မင်းလိမ်ခံရတာပဲနေမှာ။ ဘာဂါထာေတွ အဆောင်တွေလဲ၊ ငါေတာ့ ဘာမှမတွေ့ဘူး။ ဟိုပုံပြင်ထဲက သူတော်ကောင်းမှမြင်ရမဲ့ နတ်ဝတ်တန်ဆာလိုဖြစ်နေပြီ။"
"အဲ့တာလည်း သူလျှောက်ပြောနေတာနေမှာေပါ့၊ သူက ဘယ်လိုလုပ် သရဲဖမ်းနိုင်မှာလဲ။ လူကြည့်တော့ သူက သူဌေးသားလေးကို။ ပြီးတော့ စာဆိုရင်လဲ ငါတို့နှစ်ထဲမှာ ဘိတ်ချီးရတဲ့ကောင်ပဲကို။ဒီပိတ်ရက်ထဲ ဘယ်လိုကဘယ်လို လျှာစောင်းတေွ ထက်လာလဲတော့မသိဘူး။ ငါ့အိမ်သာ သူ့လောက်ချမ်းသာရင် နာမည်ကြီး တက္ကသိုလ်ေတွထဲ ဝင်နေရလောက်ပြီ။ မင်းမို့လို့ သူ့ကိုယုံတယ်။ လျှိုယိဝမ် သွားရအောင်။ သူ့လိုပိုက်ဆံလိုက်ဖြုန်းရအောင် ငါတို့တွေက ပေါများမနေဘူး။"
လျှိုယိဝမ်လည်း လင်းစစ်ဟောင် ပြောသွားသည်များကို ထောက်ခံသော်လည်း လင်းစစ်ဟောင်ပြောသွားသည်များက လွန်နေေလသည်။ သူသည် ရှားရှန်ကို အားနာသလိုကြည့်လိုက်ပြီး "ဂရုစိုက်ဦး" ဟုပြောကာ လင်းစစ်ဟောင်နောက် လိုက်သွားလေသည်။
ရှားရှန်လည်း မှိုင်ကျန်နေခဲ့ပြီး လက်ထဲရှိ ပေါက်စီများကို မည်သည့်အမူအယာမှ မရှိဘဲ ထိုင်စားနေတော့သည်။ သူ၏မိသားစုသည် အမှန်ပင် ချမ်းသာသော်လည်း သူသည် ဘယ်တုန်းကမှ ပိုက်ဆံကို အလဟဿမဖြုန်းတီးဘူးချေ။ ဆောင်းပိတ်ရက် မတိုင်မီ အဆောင်တွင်နေခဲ့ရစဉ်က ထိုသရဲမ အခန်းထဲ မဝင်လာနိုင်ရန် တားထားသည့် အဆောင်ကြေးပြားမှာ သူ၏အဖေက အထက်လမ်းဆရာ တစ်ယောက်ထံမှ ဈေးကြီးပေးဝယ်လာခဲ့ရခြင်းဖြစ်သည်။ မဟုတ်ပါက အဆောင်မှလူအားလုံး သေသွားတာကြာပြီ ဖြစ်သည်။ သူသည် ထိုနှစ်ဦး၏အသက်ကို ငွေကုန်ကြေးကျခံကာ ကာကွယ်ပေးခဲ့သော်လည်း ပြန်ရသည်မှာ ထိုသူတို့ထံမှ လူချမ်းသာများကို မလိုမုန်းထားခြင်းများသာဖြစ်သည်မို့ သူဂရုမထားတော့ဖို့သာ ဆုံးဖြတ်လိုက်သည်။
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...