အခန်း 1.2

4.4K 530 10
                                    

ထိုအချိန်တွင် ဇိမ်ခံကားတစ်စီးက လမ်းဘေးတွင်ရပ်သွားကာ အနီရောင်အင်္ကျီဝတ်ထားသော လှပသည့်အမျိုးသမီးတစ်ဦးနှင့် အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ထွက်လာခဲ့သည်။ ကုယဲ့၏ အခြေအနေကို ကုက‌ေတာ်မြင်‌တော့ ဒေါသကြောင့် ခေါင်းပင်ကိုက်သွား‌‌ေလသည်။ ဤတတိယသားက ရွာမှာနေရသည်ကို နောင်တမရခဲ့ရုံသာမက ဗေဒင်လက္ခဏာတွက်ပြီး လူများကိုလှည့်ဖြားရန် လုပ်နေခဲ့သည်လေ။

သူတို့မိသားစုရဲ့ တတိယမြောက်သားက တုံးအပြီး လူကုံထံအသိုင်းဝိုင်းထဲ မိသားစုအတွက် အရှက်ရစရာကောင်ပင် ဖြစ်သည်။ သူ့အဖေက ပိုက်ဆံအများကြီးသုံး၍ လူကုံထံတွေသာတက်သော အထက်တန်းကျောင်းတွင်ထားကာ အိမ်တွင်လည်း ကျူရှင်ဆရာတွေပါငှား‌ေပးခဲ့သည်။ ဒီနှစ်ဆိုလျှင် အထက်တန်းတတိယနှစ်ပင် ရောက်နေပြီဖြစ်သော်လည်း စာမေးပွဲ၌ အမှတ်အနည်းဆုံးဖြင့်သာ အိမ်ပြန်နိုင်ခဲ့သည်။ ထို့အပြင် ကျောင်း၌လည်း တစ်နှစ်လုံး အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီး ထိုအ‌ေကြာင်းကို စကားတစ်ခွန်းပင် ပြန်မဟနိုင်ခဲ့ပေ ။ လွန်ခဲ့သည့်နှစ် အားလပ်ရက်များတွင်လည်း သူက စာမလေ့လာဘဲ ‌ဖုန်းရွှေ နှင့်ဂဏန်းဗေဒင်အချို့ကို လေ့လာကာ အိမ်ထဲ‌ေအာင်းနေခဲ့သည်။ သူ့အခန်းနံရံများတွင် အစီအရင်တစ်ချို့ကပ်ထားသည်အထိ လုပ်လာပြီး ထိုအရာများလုပ်လျှင် စာမေးပွဲအောင်တော့မည့်အတိုင်း လုပ်လာတော့သည်။ အဖေဖြစ်သူက ဤသို့ဖြစ်နေသည်ကိုမြင်သောအခါ ဒေါသထွက်လွန်းပြီး သွေးတက်လာရသည်မို့ သူ့ကိုလူခေါ်ပြီး ရွာကိုပို့ခိုင်းလိုက်ခြင်းဖြစ်သည်။ သူ့အား စာသေချာပြန်လေ့လာပြီး သူ့အမှားများကို ပြန်သုံးသပ်စေချင်ခဲ့သည်။ အဖေဖြစ်သူက သူ့ကို နှစ်ကူးနေ့တွင်ပင် ပြန်မခေါ်ခဲ့ပေ။

"ကုယဲ့! နင် လိမ်စားဖို့တောင် သတ္တိရှိနေပြီဟုတ်လား၊ နင့်အဖေ နင့်ကို ဘယ်လို ဆုံးမ မလဲ စောင့်နေလိုက်တော့။" ကုကတော်က အသံတိုးတိုးဖြင့်ပြောလာပြီး ဆိုင်းဘုတ်အဝတ်စကို ဒေါသတကြီး လိပ်သိမ်းလိုက်ကာ ကုယဲ့အိတ်ထဲ အမြန်ထိုးထည့်လိုက်သည်။ အနည်းငယ်မျှ နောက်ကျသည်နှင့် ကုယဲ့၏အလိမ်တွေပေါ်သွားကာ လူများက သူတို့ကို ဖြေရှင်းပေးရန် အိမ်တံခါးဝရောက်လာတော့မည့်အတိုင်း အလျင်စလိုလုပ်တော့သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now