အခန်း 3.1

3.3K 529 22
                                    

အခန်း ၃။ သား အဖိုးရဲ့ဝိဉာဥ်ကို ခေါ်ပြမယ်

ဥက္ကဠကုသည် သူ၏သားနှစ်ယောက်ကို မည်သို့မည်ပုံ အိမ်ပြန်ခေါ်လာခဲ့သည်ကိုပင် မသိတော့ချေ။ သူသည် ဒေါသထွက်လွန်း၍ ထိုနှစ်ဦးသားကို ပညာပေးရန်ပင် ခွန်အားမရှိတော့ပေ။ သူသည် လည်သာဆုံလည်ခုံပေါ်၌ထိုင်လျက် နွမ်းလျှနေသည့် မျက်နှာဖြင့် သူတို့ကို ကြည့်ကာ စကားမပြောနိုင်တော့ပေ။

ကုယဲ့သည်လည်း သူ၏အဖေအား မည်သို့ဖြောင်းဖြရမည်ကိုပင် မသိတော့ချေ။အကယ်၍ သူသာ စကားပြောမှားသွားခဲ့လျှင် သူ၏ အဖေအိုကြီး ဒေါသထွက်လွန်း၍ နှလုံးဖောက်သွားမည်ကို စိုးရိမ်မိလေသည်။  ကုတဲ့ချန်သည် ရှေးရိုးဆန်သူဖြစ်ပြီး ကိုယ်တိုင်ကလည်း စည်းကမ်းလိုက်နာသူဖြစ်ကာ တင်းကြပ်သည့်သူဖြစ်လေသည်။ ထို့ကြောင့် ပရလောကပညာကဲ့သို့ မမြင်နိုင်သည့် အရာများကို လုံးဝ မယုံချေ။ အထူးသဖြင့် ဤမူလကိုယ်သည် ထိုပညာရပ်ကို ကိုယ်တိုင် အသုံးချ၍ စမ်းသပ်မှုများပြုလုပ်ရန် ထောင်ပေါင်၌ပင် ပစ္စည်းများစွာကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ဤအခြေအနေတွင် သူက အမှန်တကယ်ဗေဒင်တွက်နိုင်သည် ဆိုသည်ကို တစ်ဖက်လူမှ ယုံကြည်ပေးလိမ့်မည်ဟု မျှော်လင့်ခြင်းသည် လက်တွေ့မကျပေ။

ဆယ့်ငါးမိနစ်စာခန့် ငြိမ်သက်နေပြီးနောက်၊ ကုတဲ့ချန်သည် သက်ပြင်းအရှည်ကြီးချလိုက်လေသည်။ သူသည် ငြိမ်ကုပ်နေသည့် ကုယဲ့အား စိတ်ရှုပ်‌ေထွး‌ေနသည့်မျက်လုံးများဖြင့် ကြည့်ကာ  " အခုတလော အဖေ့လုပ်ငန်းမကောင်းဘူးဆိုတာ သားဘယ်လိုသိတာလဲ?။"

ကုယဲ့သည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ရင်း “အိမ်ဆောက်ကာစတုန်းက အခုလိုမဟုတ်တာ သေချာတယ်။ သားအဘိုးက အိမ်နေရာချဖို့ ကျိန်းသေ နားလည်တဲ့ဆရာကြီးတွေကို ပင့်ခဲ့မှာပဲ။ အိမ်ရှေ့တံခါးက အင်းကွက်က မကောင်းဆိုးရွားဖိနှိပ်တဲ့ ကျားဖြူအင်းကွက်၊ အိမ်ထဲက အင်းကွက်က အသူရာလနဂါး ကာကွယ်ရေးအင်းကွက်။  စိတ်မကောင်းစရာက ဘိုးဘိုးမရှိတော့တာနဲ့  ဒါတွေကို ဘယ်သူမှ ဂရုမစိုက်တော့ဘူးလေ။အစောင့်အရှောက်သားရဲကလည်း သွားမရှိတော့ဘူး မကောင်းဆိုးဝါးဝိဉာဥ်ကလည်း ကျူးကျော်ထားတယ်။ အင်းကွက်ရဲ့ အရင်းမြစ်က ပျက်စီးသွားပြီဆိုတော့ ဖုန်းရွှေအင်းကွက်ကလည်း မူလအာနိသင် မရှိတော့တာ ကြာရောပေါ့။ ဟု ပြောပြလိုက်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now