အခန်း 11.2

2.8K 446 5
                                    

“ဖျော်ဖြေပွဲရဲ့ တစ်ဝက်တောင် မရောက်သေးတာကို ဒီလိုမျိုး ဖြစ်ရတယ်လို့ကွာ”။ မန်နေဂျာ သည်လည်း ခေါင်းကိုက်နေလေသည်။ သတိလစ်နေသော လိရွေ့ ကို ကြည့်လျက် ဘာလုပ်ရမည်ကို တွေးနေသည်။ ထိုအချိန်တွင် လိရွေ့ သည် ရုတ်တရက် မျက်လုံး ပွင့်လာပြီး ထထိုင်လိုက်ကာ၊ သူ၏ပတ်ဝန်းကျင်တွင်ရှိသော လူတိုင်းကို ကြည့်နေလေသည်။
"အဆင်ပြေရဲ့လား၊ ပင်ပန်းနေပြီလား" အေးဂျင့်က "မင်းဆက်နေလို့ရသေးလား၊ နောက်ထပ်နှစ်နာရီလောက်စောင့်ပါကွာ၊ ငါမင်းကို မနက်ဖြန် တစ်ရက်အားလပ်ရက်ပေးပါ့မယ်ကွာ အဲ့ကျမှကောင်းကောင်း အနားယူလိုက်လေနော်"
လိရွေ့ သည် မန်နေဂျာကို ကြောင်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
မန်နေဂျာသည် မျက်မှောင်ကြုတ်နေလေသည် သူ့အားစိုးရိမ်နေသော်လည်း အပြင်တွင် ပရိသတ်များစွာ ရှိနေသဖြင့် ဤနေရာတွင် မရပ်လိုက်နိုင်ပေ။ လိရွေ့ ၏ပုခုံးကို အားရပါးရ ပုတ်ကာ သူ့အားအဝတ်အစားလဲပြီး စင်ပေါ်တက်ခိုင်းလိုက်သည်။ “မင်းသည်းမခံနိုင်ရင် ငါ့ကိုပြောနော်, ငါနည်းလမ်းရှာပေးမယ်”

စင်ပေါ်တက်ပြီးနောက် အရာအားလုံးသည် ပုံမှန်အတိုင်းဖြစ်ခဲ့သည်။ လိရွေ့ သည် ပရိသတ်များ၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးသည့် သီချင်းတစ်ပုဒ်ကို သီဆိုခဲ့သည်။ အော်ဟစ်သံများသည် မျက်နှာကျက်အား ဖြိုချနိုင်သကဲ့သို့ ကျယ်လောင်လှသည်။ မန်နေဂျာသည် သက်ပြင်းချကာ အသက်ရှုရန် ထိုင်ချလိုက်လိုက်လေသည်။ ထိုအချိန်တွင် စင်ပေါ်ရှိ လိရွေ့ သည် ရုတ်တရက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
မန်နေဂျာရဲ့ နှလုံးသည် ခုန်ထွက်သွားသကဲ့သို့ဖြစ်သွားပြီး ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်လိုက်လေသည်။ ထို့နောက်ပရိသတ်များသည်လည်း တိတ်ဆိတ်သွားပါတော့သည်။ သူသည် လိရွေ့ ဘာကြောင့် ရုတ်တရတ် ဒူးထောက်ထိုင်ချလိုက်လဲကို နားမလည်နိုင်ဖြစ်နေသည်။ ပရိသတ်များကို ကျေးဇူးတင်ရင်တောင် ဒီလို ဒူးထောက်နေမည်မဟုတ်ပေ။
"ကျွန်တော့်မှာ အပြစ်ပါရှိတယ်" လိရွေ့ သည် သူ၏ညင်သာသောလေသံဖြင့်  "ကျွန်တော် ကျွန်တော့် ရည်းစားနဲ့ သားကို သတ်ခဲ့တယ်။"
ပရိသတ်များအားလုံး "..."
မန်နေဂျာက သူ့အမေနှင့်တိုင်းကာ ဆဲရေးပြီးနောက်တုန်လှုပ်ချောက်ချားနေသော လက်ထောက်အား ရှေ့သို့ အပြေးအလွှားသွားရန် ညွှန်ကြားခဲ့သည်- "သူ့ကို အောက်ကို ဆွဲချလိုက်တော့။ သူ ရူးနေပြီ
ပရိသတ်များသည် တိတ်ဆိတ်သွားသည် ပရိသတ်များ တုန်လှုပ်ခြောက်ခြားသွားပြီးနောက် “မဖြစ်နိုင်ဘူး” ဟု အရူးအမူးအော်ဟစ်ကာ စင်မြင့်ပေါ်သို့ အပြေးအလွှား သွားကြပြီး သူ၏ လည်ကုတ်ကိုဆွဲကာ ရပ်တည်ပေးရန် ဆန္ဒပြင်းပြနေကြသည် ။ အခင်းဖြစ်ပွားရာနေရာသည် အချိန်အတော်ကြာအောင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လုံခြုံရေးအစောင့်များကပင် မတားဆီးနိုင်ခဲ့ပေ။ ပရိသတ်များကြားတွင် ဖုံးကွယ်ထားသော သတင်းထောက်သည် ချက်ချင်းပင် ထိုအပိုင်း၏ ဗီဒီယိုကို အင်တာနက်ပေါ်တွင် တင်လိုက်သည်- သတင်းထူး! အဆိုတော် လိရွေ့  ဖျော်ဖြေပွဲ၌ လူသတ်ဖူးကြောင်း ဝန်ခံ !
ရုတ်တရက် အလားတူသတင်းအားလုံး ခေါင်းကြီးပိုင်းပေါ်ထွက်ခဲ့ပြီး မိနစ်အနည်းငယ်အတွင်းပင်   ကွန်ရက်တစ်ခုလုံးကို ချဲ့ထွင်ခဲ့ပြီး Weibo ဆာဗာ ပျက်သွားခဲ့သည်။ လိရွေ့ ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းတွင် ကောင်းမွန်သည့်အရာများ အများကြီးကို လုပ်ဆောင်ခဲ့သည်ကို သိထားသင့်ပါသည်။ သူသည် နှစ်စဉ်နှစ်တိုင်း လူမှုဖူလုံရေးအဖွဲ့အစည်းများသို့ အလှူငွေများ လှူဒါန်းလေ့ရှိပြီး သူ့ပရိသတ်များကို ကြင်နာသနားတတ်သူဖြစ်သည်။ သူသည် အကြွင်းမဲ့လူကြီးလူကောင်းဖြစ်ပြီး နွေးထွေးသောသူတစ်ယောက်ဖြစ်သည်။
အင်တာနက်ပေါ်မှ ပရိသတ်တော်တော်များများသည် ထိုဗီဒီယိုအား မြင်ပြီးသော်လည်း မယုံကြသေးပေ။ ဦးနှောက်ရှိသော ပရိသတ်များသည် တစ်စုံတစ်ယောက်ရဲ့ နောက်ပြောင်မှု ဒါမှမဟုတ် ဂိမ်းတစ်မျိုးဟူ၍ ထင်မြင်နေကြပါသေးသည်။ လိရွေ့ သည် လူတစ်ယောက်ကို တကယ်သတ်ခဲ့ပါက အဲဒီလူသည် သေဖို့ ထိုက်တန်ပေသည်။ “အစ်ကို လိရွေ့ ကအရမ်းတော်တဲ့သူတစ်ယောက်လေ၊ သူ ဘာမှမမှားဘူး။”
ကုယဲ့ နှင့် ကုယန် သည် အိမ်ပြန်ပြီးနောက် ကုကတော် သည် နားရွက်ဆွဲပြီး ဆူပူကြိမ်းမောင်းလေသည်။ ညီအစ်ကိုနှစ်ယောက်အား စားသောက်ဆိုင်လေးတစ်ခုတွင် သော့ခတ်ထားခဲ့ပြီး ထမင်းစားနေတုန်း ဆင်ခြင်ဖို့ ပြောခဲ့လေသည်။
ညီအစ်ကိုနှစ်ဦးသည် မိခင်မှထားခဲ့သော ဟင်းလေးခွက်နှင့် ဟင်းချိုတစ်ပွဲကိုစားကာ တံခါးပိတ်ကာ Weibo ကို ပျော်ရွှင်စွာ သုံးကြလေသည်။
ကုယန် သည် တချို့သော ပရိသတ်တို့၏ အပြုအမူကို နားမလည်နိုင်ဘဲ "ဒီပရိသတ်တွေ ရူးနေကြတာလား။ အသတ်ခံခဲ့ရတဲ့သူတွေကတော့ တော်တော်လေး‌‌‌ဒေါသထွက်နေလောက်ပြီ လိရွေ့ က လုံးဝ အပြစ်မရှိဘူး လုပ်နေကြသေးတယ်။"
ကုယဲ့ က "ဒီလိုဖြစ်လေလေ ဝမ်ချန်းချန်းက ဒေါသထွက်လေလေ လိရွေ့  ပိုခံရလေပဲ။ ပြီးတော့ သူက လူတစ်ယောက်ကို သတ်ပစ်တယ်လို့တောင် ပြောခဲ့ပြီးပြီဆိုတော့ ရဲတွေက သူ့ကို အလကားမထားလောက်ပါဘူး”
နောက်နေ့မနက်အစောပိုင်းတွင် လိရွေ့  အဖမ်းခံခဲ့ရကြောင်း Weibo တွင် သတင်းများထွက်ပေါ်ခဲ့ပြီး လူအများအပြားရှေ့တွင်  လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းခံခဲ့ရသည်။
သို့သော် ကိစ္စများသည် ထင်မှတ်ထားသလောက် ချောချောမွေ့မွေ့ဖြစ်မလာပေ။ လိရွေ့ သည် မုသားစကားများပြောနေကာ လူကိုလုံးဝမသတ်ကြောင်း ရုတ်ချည်းဆိုသလိုပင် မထင်မှတ်ဘဲ ပြောနေလေသည်။ လိရွေ့ သည် မကြာသေးမီကပင် ပင်ပန်းနေပြီဖြစ်ပြီး ပြင်းထန်သော စိတ်ဓာတ်ကျခြင်းကိုလည်း ခံစားနေရဆဲဖြစ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက သူ့ကို ကူညီပေးနေလေသည်။သူသည် စိတ်ဖိစီးနေသည့်အခါတွင် စိတ်ကူးရှိသည်အတိုင်းလုပ်တတ်ပြီး သူမသိလိုက်သော ကိစ္စများလုပ်တတ်သည်။စိတ်ဓာတ်ကျခြင်း၏ သက်သေ နှစ်ခုလုံးဖြစ်နေနပေသည်။ ဖျော်ဖြေရေးကုမ္ပဏီ၏ သတင်းများကို ခြယ်လှယ်ခြင်းနှင့်အတူ လိရွေ့ အား ဥပဒေနှင့်အညီ ဖမ်းဆီးခဲ့သည့် ရဲများသည် ပစ်မှတ်ဖြစ်လာခဲ့ပြီး အင်တာနက်သုံးစွဲသူများက သူအား လွှတ်ပေးရန် ပြောဆိုခဲ့ကြသည်။ ကုယဲ့ သည် အင်တာနက်ပေါ်တွင်ရှိသော မှတ်ချက်များကို ကြည့်ပြီး အလွန်ပျော်နေလေသည်။ထို့နောက် ကုယဲ့ သည်  အံဆွဲထဲမှ ကတ်ကြေးကိုထုတ်၍ စက္ကူတစ်ရွက်ကိုထုတ်ကာ လူရုပ်ပုံစံကို ဖြတ်တောက်လိုက်သည်။
ထိုညတွင် ရဲတပ်ဖွဲ့မှ အထူးဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ တစ်စုံတစ်ဦးမှ အလက (၅) ကျောင်း၏ မြေအောက်တွင် အမျိုးသမီးအလောင်းတစ်လောင်းရှိကြောင်း သတင်းပေးပို့ခဲ့သည်။ ထိုအမျိုးသမီးအလောင်းမှာ  လွန်ခဲ့သော ခုနစ်နှစ်က လိရွေ့သတ်ခဲ့သော မိန်းမနှင့် ကလေး၏အလောင်းဖြစ်သည်ဟုဆို၏။ ထို့အပြင် အမှုဖြစ်စဉ်အကြောင်းအရာများကိုပါ အသေးစိတ်ပြောပြခဲ့သေးသည်။ 
သူစိမ်းတစ်ယောက်က မည်သို့ သေသေချာချာ သိနိုင်မည်နည်း ။ ရဲတပ်ဖွဲ့သည် သတင်းပေးပို့သည့်နေရာရှိသော ဖုန်းရုံကို ချက်ချင်းသွားခဲ့သော်လည်း ကံမကောင်းစွာဖြင့် နဖူးတွင် အနီရောင်အစက်ပါသော စက္ကူလူရုပ်လေးကိုသာ တွေ့ရှိခဲ့သည်။
"ငါ မင်းကို ပြစရာ ရှိတယ်" အဖွဲ့မှူး လီသည် ပရလောကနယ်ပယ်တွင် ကျဉ်လည်နေသော သူငယ်ချင်းအား လူအရုပ်ကိုပြပြီး "မင်းတို့ နယ်ပယ်ထဲက တစ်ယောက်ယောက်က ဒီလိုလုပ်လိုက်တာလား ဘယ်သူလုပ်လဲ ငါ့ကိုရှာပေးစမ်းပါ။ သူက ဒီအမှုအတွက် အရေးကြီးတယ်။”
လူအင်အားဖြင့် မလုပ်ဆောင်နိုင်သော အချို့အရာများ အမြဲရှိနေသည်၊ ထို့ကြောင့် ဟွရှားနိုင်ငံတွင် တရားမ၀င်သော မြေအောက်ဌာနတစ်ခု ရှိသည် - မှော်ပညာအဖွဲ့အစည်း ထိုဌာနတွင် တင်းကျပ်သော စည်းမျဉ်းများရှိပြီး လူအချို့အား သဘာဝလွန်ဖြစ်ရပ်များကို ကူညီဖြေရှင်းပေးသည် တစ်ခါတစ်ရံတွင် လူများအား စုံစမ်းရန် ကူညီပေးသည်။ ထိုအမှုတွင် နည်းပညာဖြင့် မတွေ့နိုင်သော သက်သေအချို့အား တင်ပြထားသည်ဆိုသည်မှာ သူတို့သည် မကောင်းမှုများကို မပြုသောကြောင့်ဖြစ်သည် ထို့ကြောင့် သက်ဆိုင်ရာဌာနများသည်လည်း သူတို့၏ဖြစ်တည်မှုတွင် ပါ၀င်သည်။ လီသွေ့၏သူငယ်ချင်းသည် ပညာအဖွဲ့အစည်း မှဖြစ်ပေသည်။
တစ်ဖက်လူသည် စက္ကူရုပ်ကို ယူ၍ သေသေချာချာ လေ့လာနေသည်၊ "နည်းပညာက လူတစ်‌ယောက်နဲ့ ဆင်နေတယ်၊ သူတစ်‌ယောက်ထဲ ကပဲ ဒီစက္ကူရုပ်ကို အကွာဝေးတစ်ခုကနေကိုင်တွယ်နိုင်တာ"
“ဘယ်သူလဲ?"
လူလတ်ပိုင်းအရွယ် အမျိုးသားက “ဉာဏ်ကြီးရှင် အထက်လမ်းဆရာ၊ သူ ငယ်ငယ်ကတည်းက ကျော်ကြားလာခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူကတော့ စိတ်အလိုလိုက်လွန်းတယ်။ သူမှန်တယ်လို့ ထင်နေသရွေ့တော့ သူဘာမဆိုလုပ်ရဲတယ်။ တားမြစ်ထားတဲ့ နည်းကိုတောင်သုံးဖို့ ၀န်လေးတဲ့သူ မဟုတ်ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသိုင်းအဝိုင်းထဲမှာအပယ်ခံတစ်‌ယောက် ဖြစ်လာတယ်။”
လီသွေ့ သည် စက္ကူရုပ်လေးကို လက်ညှိုးထိုးပြပြီး "ဒါကို သူလုပ်လိုက်တာလား။"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခေါင်းခါပြကာ  "မဖြစ်နိုင်ဘူး၊ ဒီလူသေသွားပြီ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာ"
အဖွဲ့ မှုးလီက "အဲ့လူက ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာလား၊ ဒါက ကောင်းတာလား၊ ဆိုးတာလား၊ သူ ဘာလုပ်ခဲ့လို့လဲ"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Onde histórias criam vida. Descubra agora