အခန်း 28.2

2.5K 457 9
                                    

အပိုင်း ၂၈ သူ မယူဘူးပြောနေရင် မင်း ယူ အပိုင်း ၂

ထိုအချိန်တွင်ပဲ လိစွေ့၏အိမ်တွင် အခြားအိမ်များထက် ပိုမို အသက်ဝင်နေလေသည် ။ သူ့သမီးကိုရောင်းစားပြီးနောက် ရွာသားအမြောက်အများက သူ့ကို ပြစ်တင်ပြောဆိုနေကြသည်ကို လိတာ့ဟိုင်သိပြီး မြို့တွင်ပါ သူနာမည်ဆိုးနှင့် ကျော်ကြားနေသည်ကို သိလိုက်ရသည် ။ ဘိုးဘွားများက သူ့ကို ဝဋ်လည်မှာဟု ပြောသည် ။ သူ့ဇနီးက နေ့တိုင်းငိုယိုနေပြီး သူတို့သမီးက မုန်းတီးနေတော့မှာဟု ပြောသည် ။ ဤနှစ်ရက်အတွင်း လိတာ့ဟိုင်၏စိတ်အခြေအနေက အတော်လေး ဆက်နေသည် ။ ညဘက် လှုပ်လှုပ်ရှားရှား အသံကြားတိုင်း အိပ်ယာမှ ငေါက်ခနဲထ၍ ထထကြည့်နေတတ်သည် ။

ဤညတွင် ကောင်းကင်က ပိန်းပိန်းပိတ်မှောင်နေပြီး လေထုကလည်း အခြားနေ့များနှင့်မတူ ထူးခြားနေသည် ။ လိတာ့ဟိုင် ဟိုဖက်သည်ဖက် လှည့်ရင်းပင် အိပ်မရခဲ့ ။ သူ့စိတ်ထဲတွင် သူ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုပင် ။ ထိုအချိန် ဧည့်ခန်းမှ ကျယ်လောင်သော အသံများကြားလိုက်ရပြီး တစ်စုံတစ်ရာ ကျကွဲသံများထွက်ပေါ်လာသည် ။ လိတာ့ဟိုင် ကြောက်ရွံ့မှုကို အန်တုပြီး မီးဖွင့်ကာ အပြင်ကိုထွက်၍ ကြည့်သည် ။ ယခင်က ရိုက်ခဲ့ဖူးသော မိသားစုဓာတ်ပုံသည် မြေသို့ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကကြေနေသည် ။ လိတာ့ဟိုင် စိတ်ထဲ ရုတ်တရက် သွေးခုန်နှုန်းမြန်သွားပြီး သူတို့သမိး တစ်ကယ်ပြန်လာသလားဟု တွေးမိသွားသည် ။

ရုတ်တရက် မီးများအားလုံး ပိတ်သွားသည်!

အခန်းက လုံးလုံးပိတ်မှောင်နေသောကြောင့် ကိုယ့်လက်ချောင်းကိုယ်တောင် မမြင်ရချေ ။ လူအများက မမြင်ရသည့် အချိန်တွင် ပို၍ကြောက်စိတ် တိုးတတ်သည် ။ လိတာ့ဟိုင်လည်း တုန်ရီသောအသံဖြင့် "စွေ့စွေ့? သမီး စွေ့စွေ့လား?"

နောက်ထပ် ကျကွဲသံများထွက်ပေါ်လာသည် ။ လိတာ့ဟိုင် အလွန်ကြောက်လန့်ပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ပြုတ်ကျသွားသည် ။ ထို့နောက် အခန်းထဲရှိ ပစ္စည်းများ သူ့အလိုလိုဝဲပျံလာပြီး ဆူညံသောအသံများဖြင့် မြေပြင်သို့ တစ်ခုပြီးတစ်ခု ကျကွဲသွားလေသည် ။ လိတာ့ဟိုင်က ကြောက်ရွံ့မှုကြောင့် ကိုယ့်ကိုယ်ကို ကွေးနေအောင် ဖက်ထားပြီး အလန့်တကြားအော်နေတော့သည် ။
"သမီး ပြဿနာမရှာနဲ့တော့! ဒီလိုတွေမလုပ်ပါနဲ့တော့ ! အဖေ့မှာလည်း ရွေးချယ်စရာမရှိတော့လို့ပါ ! နင့်အမေနဲ့ ငါ နင့်ကို အ‌ရွယ်ရောက်အောင် ကျွေးမွေးလာရတာ နင်က မျက်စိတစ်မှိတ်အတွင်းမှာ သေသွားတယ်လေ ။ အဲ့တော့ အဖေဘယ်လို လုပ်ရမလဲ ? အဖေ့မှာလည်း အခေါင်းဖိုးရှာဖို့ ကြံဖန်လိုက်ရတာမဟုတ်ဘူးလား ?"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now