အခန်း 9.2

2.6K 429 14
                                    

ချန်ကျန်းလည်း ကုယဲ့၏ စကားအနည်းငယ်ဖြင့် အခြေအနေက ရုတ်ချဉ်းပြောင်းလဲသွားသည်ကို တွေ့သည်နှင့် သူစိတ်ပူလာတော့သည်။ " သူ မင်းတို့ကိုလိမ်နေတာ...၊ သူကလူလိမ်....၊ မင်းတို့လုပ်မှာလား မလုပ်ဘူးလား။ ငါ မင်းတို့ကို ၅ဝဝဝဝ ပေးမယ်!"

" မင်းအပေါက်ပိတ်ထားလိုက်! " ယန်ကျင်းသည်မတုံးအပေ။သူသည်လည်း မည်သူ့ကို ရန်စ၍မရကြောင်း သိသေးသည်။ သူသည် ချန်ကျန်းကို မျက်မှောင်ကြုံကာစိုက်ကြည့်လိုက်သည်မို့ ယခုမှ အထက်တန်းကျောင်းသားသာရှိသေးသည့် ချန်ကျန်းမှာ ထိတ်လန့်သွားတော့သည်။

ချန်ကျန်းသည် နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူအနိုင်ရဖို့ သေချာ‌နေလျက်နှင့်  မည်သို့မည်ပုံ ယခုအခြေအနေရောက်သွားရသနည်း။

ထိုစဉ် ကုယဲ့သည် သံတုတ်ကြီးကို ကောက်ယူလိုက်ပြီး ယခင်အကြိမ်ထက် ပိုမိုပြင်းထန်သော အားဖြင့် မြေကြီးပေါ်သို့ ထပ်ရိုက်လိုက်သည်။ ဘန်းကနဲအသံနှင့်အတူ ယခုလေးတင်မှ ကွဲထားသည့် အက်ကြောင်းမှာ ပိုကြီးသွားသည်။

" မင်းတို့ ရန်ကဆက်ဖြစ်ကြဦးမှာလား၊ဘာလား။" ။ " အကုန်လုံးတက်မလား၊တစ်ယောက်ချင်းလာမလား  " ကုယဲ့သည် သံတိုင်ကိုမှီကာ အေးစက်သည့် မျက်နှာထားဖြင့် မေးလိုက်သည်။

" မဖြစ်တော့ပါဘူး။ မဖြစ်တော့ပါဘူး။" လူဆိုးတစ်သိုက်လုံး ကုယဲ့၏ ရှေ့ဖြစ်ဟောအစွမ်းကြောင့် ထိတ်လန့်‌ေနကြပြီး ကုယဲ့၏ အားကြီးပုံကိုလည်း တွေ့ပြီးသောအခါ ထိတ်လန့်တကြား နောက်ဆုတ်သွားကြသည်။ 'သူ့ကို ဘယ်လိုလုပ်နိုင်မှာတဲ့လဲ! ကုယဲ့ဆီကနေ ဘာရယ်မဟုတ် ထိရုံလေးထိခံရရင်တောင် ဒဏ်ရာအသေးစားလောက်တော့ ရသွားနိုင်တယ်။ သူသာအတည်ချရင်တော့ ငါတို့ သေသွားနိုင်တယ်။ အဆိုးဆုံးပြောရရင် ငါတို့သေပြီးရင်တောင် ကုယဲ့က ပြန်ဆင့်ခေါ်ပြီး ပစ္စည်းတွေထဲချိတ်ပိတ်ထားနိုင်သေးတယ်။' သူတို့အားလုံး ရူးကုန်မှသာ သူ့ကို ရန်စနိုင်လိမ့်မည်။

ယန်ကျင်းလည်း ခပ်ကုတ်ကုတ်လေးဖြစ်သွားပြီး  သူ၏လက်များကို ပွတ်သပ်ရင်း " ရန်မဖြစ်ပါဘူး၊ ရန်မဖြစ်ပါဘူး။ ဆရာလေးက နားလည်မှုလွဲနေတာနေမှာ။ အစတည်းက ကျွန်တော်တို့ အပျော်ပဲဖိတ်ခဲ့တာပါ။ ကျွန်တော်တို့ကလည်း ခပ်အေးအေးနေတတ်တဲ့သူတွေဆိုတော့ ဘယ်လိုလုပ် ရန်ဖြစ်ပါ့မလဲ။ ခိုက်ရန်ဖြစ်တယ်ဆိုတာ ဥပဒေနဲ့မညီဘူးလေ။"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now