အဘိုးကြီးနှင့် အဘွားကြီးတို့သည် သက်ကြီးရွယ်အိုများဖြစ်သည်ဟူသောအချက်ကို အားကိုးပြီး ရက်အတော်ကြာ ပြဿနာရှာနေကြသည်။ ခေါင်းမူးဟန်ဆောင်ပြီး ဆေးရုံတက်လိုက်ရသော်လည်း သက်သာလာသည်နှင့် ရဲစခန်းကို ပြန်ခေါ်သွားခံရသည်မို့ အကြိမ်အနည်းငယ်လုပ်ပြီးနောက် ထိုလင်မယားနှစ်ယောက် ဟန်မဆောင်နိုင်တော့ပေ။ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းလျက် မောပန်းနွမ်းနယ်ပြီး အသက်ရှူမဝဖြစ်နေကြသော်လည်း
ရဲအရာရှိများက ဆေးရုံထဲကို ရောက်လာပြီး ထိုနှစ်ချို့နေသည့် အဖြစ်အပျက်၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို လာပြနေဆဲဖြစ်သည်။ "ခင်ဗျားသမီး လျို့ချောင် သေဆုံးတဲ့အကြောင်း ကိုယ်တိုင်ဖတ်မလား၊ ကျုပ်တို့ ဖတ်ပြရမလား။" အဘိုးကြီးနှင့် အဘွားကြီးတို့သည် တုံ့ဆိုင်းသွားကြသည်။အဘွားကြီးလည်း ခေါင်းမူးဟန်ဆောင်တာကို ရပ်လိုက်ပြီး "ငါတို့သမီးလေးကို ငါတို့ကိုယ်တိုင်မွေးပြီး ကျွေးမွေးစောင့်ရှောက်လာတာပါ။ ဘယ်လိုလုပ်ပြီး သေစေချင်ပါ့မလဲ။ ဒါပေမဲ့ သူ့ကိုမရောင်းရင် ငါ့သားေလး၃ယောက်က ငတ်သေတော့မှာလေ။ အရာရှိကြီး စဉ်းစားကြည့်ပါဦး။ သူ့မိသားစုကို သူပံ့ပိုးပေးရမှာပဲ မဟုတ်ဘူးလား။ အခု ငါတို့အားလုံး ကောင်းကောင်းမွန်မွန် ဘဝနဲ့နေထိုင်ခွင့်ရနေပြီကို အဲ့မသိတတ်တဲ့ သမီးမိုက်က ငါ့မြေးလေးကို ဒုက္ခပေးဖို့ ရောက်လာတယ်။ အဲ့ကေလးက ငါတို့ လျို့ မိသားစုရဲ့ တစ်ဦးတည်းသော မြေးပါ။ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်မျိုးဆက်လေ။"
ထိုအဓိပ္ပာယ်မရှိသည့် စကားကိုကြားတော့ ရဲအရာရှိလည်း ဒေါသကို ထိန်းပြီး "ဒါဆို အလောင်းကို အတည်ပြုပေးပြီးတော့ သေဆုံးသူကို အမြန်ဆုံး သင်္ဂြိုဟ်နိုင်အောင် မိသားစုဝင်တွေက ပြန်ယူပေးပါ" ဟုပြောလိုက်သည်။
"မဖြစ်ဘူး...." ဟု အဘိုးကြီးက အသည်းအသန်တားလေသည်။ "ငါ့တို့ မွေးရပ်မြေမှာ 'သေသွားတဲ့ သမီးမိန်းကလေးက ဘိုးဘွားသင်္ချိုင်းထဲကို မ၀င်ရဘူး' ဆိုတဲ့ စည်းမျဥ်းရှိတယ်။ အဲ့တာခိုက်တတ်တယ်။ သူ့ကို အိမ်ထောင်ပြုပေးဖို့ ယောက်ျားတစ်ယောက် ရှာေပးလိုက်ရင် ရပြီလေ။ သူလည်းသေတာ နှစ်ချီနေပြီဆိုေတာ့ ၊ ခန်းဝင်ကြေးလည်း သိပ်အများကြီးမတောင်းပါဘူး။ ယွမ် ၂၀၀၀၀ လောက်ဆို ရပြီ။"
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...