အခန်း 10.2

2.5K 429 1
                                    

နေ့လည်ရောက်သောအခါ ညီအစ်ကိုနှစ်ယောက်သည် လိုအပ်သောပစ္စည်းများကို ဝယ်ခြမ်း၍ ညနေရောက်သော အခါ တက္ကစီတစ်စီးကိုငှားကာ အားကစားကွင်းသို့ ရောက်လာကြသည်။ ကားပေါ်က ဆင်းဆင်းချင်းတွင်ပင် လူအုပ်ကြီးမှ လာတဲ့အပူငွေ့ကို ခံစားလိုက်ရသည်။ တံခါး၏ဘေးနှစ်ဖက်လုံးတွင် လူအုပ်ကြီးရှိနေပြီး မိန်းကလေးခပ်ငယ် ငယ်တစ်စုဟာလည်း ဆိုင်းဘုတ်ပြားများကို ကိုင်ကာ အရူးအမူးအော်ဟစ်နေကြသည်မှာ ချမ်းအေးသော ရာသီဉတု ကပင် သူတို့၏တက်ကြွမှုအား သက်ရောက်မှုမရှိတော့သယောင်။ ကုယဲ့နှင့်ကုယန်တို့သည်လည်း ချက်ချင်းဆိုသ လို လူအုပ်ကြီးအလယ်တွင် နစ်မြုပ်သွားလေတော့သည်။
"ညီလေး မင်းလည်း လိရွေ့ရဲ့ပရိသတ်ပဲလား၊ အချိန်ကိုက်ရောက်လာတာပဲ"
အလွန်ချောမောလှပစွာဝတ်စားထားသော မိန်းကလေးတစ်ဦးသည် သူတို့ညီအစ်ကိုနှစ်ဦးထံ ဆိုင်းဘုတ်ကြီးတစ်ခု အား စိတ်အားတက်ကြွစွာကမ်းပေးလျက် "ဒီတစ်ခုက တော်တော်လေးတယ်၊ နင်တို့နှစ်‌ယောက်ကိုင်ဖို့အနေတော် ပဲ၊ လာပါ ငါတို့နဲ့အတူတူလိုက်အော်ပါဦး၊ ကိုကိုလိရွေ့က ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ လို့၊ လုပ်လေ လုပ်လေ၊ ကိုကိုလိရွေ့ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ"
ကုယဲ့မှာတော့ စိတ်မဝင်စားဟန်ဖြင့် လိရွေ့အရင်က ဘာလုပ်ခဲ့ဖူးလဲဆိုတာကိုသာ သူ့ပရိသတ်တွေသိရင် ဘယ်လို နေမလဲလို့ တွေးမိနေသည်။
ကုယန်သည် ရှက်ရွံ့စွာဖြင့် "အစ်ကို မ လူများမှားနေတာလား"
ကုယဲ့သည် မျက်ခုံးများတင်းခနဲဖြစ်သွားပြီး "မင်းအစ်ကို ကို မယုံဘူးလား"
"မဟုတ်ပါဘူး ယုံပါတယ်" ကုယန်သည် ချက်ချင်းပင်ပါးစပ်ပိတ်သွားတော့သည်။
ထိုအချိန်မှာပဲ ကားတစ်စီးသည် လုံခြုံရေးများဦးဆောင်လျက် ဖြေးညင်းစွာရပ်လေရာ အနားမှအော်သံတွေကြောင့် ကုယဲ့ နားများ ကန်းသွားမတတ် ခံစားလိုက်ရသည်။
မီးခိုးရောင်ခပ်ဖျော့ဖျော့ဂျာကင်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ကားပေါ်မှ ဆင်းလာပြီး သူ၏ ပရိသတ်များအား ညင်သာစွာလက်ဝှေ့ယမ်းပြလိုက်သည်။
"ရာသီဉတုက အရမ်းအေးတယ်နော် ဘေဘီတို့ အအေးမမိအောင် ဂရုစိုက်ကြဦး၊ တကယ်လို့ မင်းတို့မှာ လက်မှတ် မရှိဘူးဆိုလည်း စောင့်မနေကြနဲ့နော်၊ အိမ်ကိုသာမြန်မြန်ပြန်ကြ"
ခုနက ကုယဲ့တို့ညီအစ်ကိုနှစ်ယောက်ကို စကားလာပြောတဲ့မိန်းကလေးဟာ ချက်ချင်းပင် သူမပါးစပ်ကို ပိတ်လျက် ငိုနေသည်ကို ကုယဲ့မြင်လိုက်လေ၏။
"အစ်ကိုရွေ့က အရမ်းနွေးထွေးတာပဲ၊ ရင်ထဲ ထိသွားပြီ"
ကုယန်သည် ဘွင်းဘွင်းရှင်းရှင်းပြောတတ်သူဖြစ်သောကြောင့် ထိုမိန်းကလေးအား တဲ့တိုးမေးလိုက်လေသည်။
"နင့်အမေက နင့်ကို နေ့တိုင်းအသားကပ်အနွေးဘောင်းဘီဝတ်ခိုင်းနေတာကိုတော့ စိတ်မလှုပ်ရှားဘူးလား"
ကောင်မလေးသည် ကုယန်အား မျက်လုံးလှန်ကြည့်လျက် ‌ဒေါသတကြီးပြောလိုက်သည်။
"နင်က အစ်ကိုရွေ့ရဲ့ပရိသတ်ဆို၊ ပရိသတ်အတုတော့မဟုတ်ဘူးမလား၊ ဒီကိုပြဿနာရှာဖို့လာတာလား"
မိန်းကလေး၏စကားအဆုံးမှာ အနားမှာရှိတဲ့လူအားလုံးဟာ သူတို့ညီအစ်ကိုနှစ်ယောက်လုံးကို မနှစ်မြို့သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ အကယ်၍များ ကုယန်ကသာ ဟုတ်တယ်လို့ဖြေလိုက်ရင် ထိုလူများသည် ဇွန်ဘီများကဲ့သို့ ခုန်တက်ပြီး ကိုက်ဖြတ်ကြတော့မည့်သဘောရှိသည်။
ကုယဲ့သည် ဆိုင်းဘုတ်အား လက်တစ်ဖက်ထဲတွင် ပြောင်းကိုင်လိုက်ပြီး ကုယန်ကိုနားရွက်မှကိုင်၍ ဆွဲခေါ်ကာ ပြောလိုက်သည်။
"ကျွန်တော့်ညီက မစဉ်းစားဘဲ ပြောလိုက်တာပါ၊ စိတ်မဆိုးပါနဲ့ဗျ ကျွန်တော်သူ့ကိုပြောလိုက်ပါ့မယ်"
ကုယန်သည် ဆွဲခေါ်ခံလာရပြီးနောက်မှသာ ခုနကအခြေအနေဆိုးကြီးထဲမှ လွတ်မြောက်ခွင့်ရခဲ့တာကြောင့် စိတ်သက်သာရတော့သည်။
"လူတွေရဲ့နှလုံးသားတွေက ကြောက်ဖို့ကောင်းလိုက်တာ၊ အဲဒါကြောင့်လည်း လိရွေ့အယုံသွင်းတာကို ခံနေရ တာ"
ကုယဲ့သည် မျက်နှာမဲ့ကာ သူ၏နက်မှောင်သောမျက်လုံးများသည်လည်း အေးစက်သွားပြီး ပြောလိုက်သည်။
"မင်းသိရမှာက မင်းလူတွေကိုသိနိုင်ပေမယ့် သူတို့ရဲ့နှလုံးသားကိုတော့ သိနိုင်မှာမဟုတ်ဘူး၊ တစ္ဆေတွေ ဝိဉာဉ်တွေ ဆိုတာ ခန့်မှန်းလို့မရနိုင်ဘူး၊ လူတွေရဲ့နှလုံးသားကတော့ ပိုလို့တောင် ခန့်မှန်းလို့မရသေးတယ်၊ တစ္ဆေတွေက လူတွေကြောင့် ပြောင်းလဲနိုင်ပြီး သေဆုံးခြင်းဆိုတာကလည်း လူတွေကြောင့်ဖြစ်တာပဲ"
ကုယန်သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလျက် ကုယဲ့၏မျက်နှာကို ဘေးတိုက်အနေအထားမှကြည့်ကာ ဒီလိုအချိန်မျိုးတွေမှာ သူသိတဲ့အစ်ကိုဟာ သူနဲ့ဝေးကွာနေသလို ခံစားနေရ၏။
ထိုအချိန်မှာပဲ လက်မှတ်ရလိုက်ကြတဲ့ပရိသတ်များဟာ ခန်းမအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ဝင်သွားကြသည်ကို ကြည့်လျက် ကုယဲ့မှ ပြောလိုက်သည်။
"ငါတော့ အထဲတောင်မဝင်ရသေးဘဲ သူ့ပွဲပြီးတဲ့အချိန်ထိ ထိုင်စောင့်မနေချင်ဘူး"
"အဲဒါဆို အစ်ကိုက ဟိုအမျိုးသမီးကို သူ့ဘာသာတစ်ယောက်တည်း ဝင်ခိုင်းမလို့လား"
"ဒီမှာ လူတွေအရမ်းများတော့ ယန်ဓာတ်တွေလည်း တော်တော်များနေတယ်၊ သူ ခံနိုင်မှာမဟုတ်ဘူး"
ကုယန်သည် မစဉ်းစားတတ်တော့ဘဲ "အဲဒါဆို ကျွန်တော်က ဘာလုပ်ရမှာလဲ"
ကုယဲ့သည် မျက်နှာတည်ကြီးဖြင့် ခြံစည်းရိုးဘက်သို့ညွှန်ပြလျက် "မင်းက ထိုင်လိုက်၊ ငါက မင်းပေါ်တက်ပြီး သူ့ကို ဒီပြတင်းပေါက်ကတဆင့် အထဲကို ပို့လိုက်ကြမယ်လေ၊ ပြီးရင် အစ်ကိုက မင်းကို မုန့်ဝယ်ကျွေးလိမ့်မယ်"
ကုယန်: "..."
ကုယန်သည် ယနေ့သူ့အား ကုယဲ့မှ အပြင်ခေါ်ထုတ်လာခဲ့ခြင်းမှာ အိတ်သယ်ခိုင်းဖို့နှင့် ခြေနင်းခုံသဖွယ် လုပ်ခိုင်းဖို့ ဖြစ်သည်ဟု တွေးနေမိသည်။
ထို့နောက် နံရံကိုမှီလျက်ထိုင်နေရာမှ ထလိုက်ကာ "အဲဒါဆိုလည်း မြန်မြန်လုပ်၊ မှောင်လာပြီ၊ ပြီးရင် အမေက အသည်းအသန်ဖုန်းဆက်နေပြန်ဦးမယ်"
"ဟုတ်ပြီ" ကုယဲ့သဘောတူလျက် ကုယန်၏ကျောပေါ် တက်လုဆဲဆဲမှာပင် သိပ်မဝေးသောနေရာမှ အားကောင်းသော ကိုယ်ရောင်ဝါတစ်ခုသည် သူ့ထံ အေးစက်ညင်သာစွာ ရောက်ရှိလာတာကြောင့် ကုယဲ့ကြက်သီး များပင် ထမိသည်။ ထို့နောက် ကုယဲ့သည် ခေါင်းအား မော့လျက် စူးစိုက်ကြည့်လိုက်ရာ လမ်းပေါ်သို့ အဝေးမှလာနေ သော ဇိမ်ခံကားတစ်စီးကို တွေ့လိုက်လေသည်။ အဆိုပါကားသည် ခရမ်းရောင်ကိုယ်ရောင်ဝါဖြင့် လွှမ်းခြုံလျက် တောက်ပသောတိမ်လွှာများဖြင့် ဝန်းရံထားပြီး နှစ်လိုဖွယ်ကိုယ်ရောင်ဖြင့် ပြည့်နှက်နေသည်။ ဤကိုယ်ရောင်ဝါ သည် ကံကြမ္မာရောင်ဝါရှိသော ဧကရာဇ်တို့တွင်သာတွေ့ရသော အလွန်ရှားပါးသည့် ကိုယ်ရောင်ဝါဖြစ်လေသည်။ သို့ရာတွင် ပို၍ အံ့ဩစရာကောင်းသည်မှာ ကားခေါင်မိုးပေါ်တွင် ချပ်ဝတ်တန်ဆာြပည့်စုံစွာ ဝတ်ဆင်ထားသော တစ္ဆေစစ်သူကြီးအား တွေ့လိုက်ရခြင်းပင်ဖြစ်သည်။ နတ်ဆိုးဝိဉာဉ်ဖြစ်လေသည်။
အားကောင်းသော တစ္ဆေစစ်သူကြီး၏ကိုယ်ရောင်ဝါနှင့် ကားပိုင်ရှင်၏ဧကရာဇ်ကံ ခရမ်းရောင်ကိုယ်ရောင်ဝါတို့ သည် လိုက်ဖက်ညီစွာရောယှက်နေလေသည်။ ကုယဲ့၏ မျက်လုံးများသည် ထိတ်လန့်ကာပြူးကျယ်သွားသည်။ ဤထူးဆန်းသောပုံစံမျိုးသည် ကုယဲ့၏တစ်သက်တာတွင် ပထမဆုံးမြင်ဖူးခြင်းဖြစ်လေသည်။
ကုယန်သည် ကုယဲ့၏အကြည့်နောက်သို့ လိုက်ကြည့်၍ အံ့အားသင့်စွာပြောလေသည်။
"ဟာ ထပ်မထုတ်တော့တဲ့ Maybach ကားကြီးပါလား၊ အဲ့ကားက ယွမ်ဆယ်သန်းကျော်လောက်တန်တယ်၊ အဖေက အဲဒီကားကို သဘောကျနေတာလေ၊ သူ့ရဲ့အနက်ရောက်ကားကိုယ်ထည်က လုံးဝကို ချောမွတ်နေပြီး အကောင်းမှန်းသိသာပြီးတော့ တည်ငြိမ်နေတာပဲတဲ့၊ အဲ့ကားက ပိုင်ရှင်ဘယ်လောက်ချမ်းသာလဲဆိုတာကို ပြရုံတင် မဟုတ်ဘူး၊ ဘယ်လောက်အကောင်းကြိုက်လဲဆိုတာကိုပါ သိနိုင်တယ်တဲ့၊ ဒါပေမဲ့ ဆက်မထုတ်တာတော့ နှမျော စရာကောင်းတယ်တဲ့၊ အဖေက Rolls-Royce ကားတွေပဲဝယ်ပြီး ပြန်လာရတယ်လေ၊ စိတ်မကောင်းတာက သူ့ခမျာ ရက်နည်းနည်းကြာတဲ့အထိ ထမင်းကောင်းကောင်းမစားနိုင်ဘူး"
ကုယဲ့သည် ကုယန်၏စကားများကို နားထောင်ဖို့စိတ်မဝင်စားဘဲ သူ့မျက်နှာမှာ အတော်ပင်တည်ငြိမ် လေးနက် နေလေသည်။
"နံပါတ်လေးညီ ဒီလိုလူမျိုးက လောကနတ်ရဲ့သား၊ ဖန်ဆင်းရှင်ရဲ့သားတော်လို့လည်းပြောလို့ရတယ်၊ တစ္ဆေနဲ့ နတ်ဘုရားတွေတောင် သူတို့ကိုသွားမထိရဲဘူး၊ တစ်ချိန်ချိန်သူတို့နဲ့ ထိပ်တိုက်တွေ့ရတာမျိုးရှိခဲ့ရင် ရန်သွားမစ မိစေနဲ့"
ကုယန်သည် ခြောက်ကပ်စွာရယ်လျက် "အစ်ကို သားကျောပေါ်ကနေ ဆင်းပြီးမှ သင်ပေးလို့ရလား"
ကုယဲ့ကပြုံးလျက် "တောင်းပန်ပါတယ်"
ကုယန်သည် သူ့အစ်ကို၏တောင်းပန်မှုကို လုံးဝဂရုမစိုက်ဘူးလို့ ပြောချင်နေခဲ့ပြီး ဘယ်လိုပြောရမလဲမသိတာ ကြောင့် အခက်တွေ့နေလေသည်။

အကယ်၍ စီးပွားရေးလောကမှ တစ်ဦးဦးကသာ ဤကားကို မြင်လျှင် ကားပိုင်ရှင်အား ချက်ချင်းပင် သိကြမည် ဖြစ်သည်။ ထိုသူသည် Forbes စာရင်းဝင် အသက်အငယ်ဆုံးချမ်းသာသူ၊ တရုတ်နိုင်ငံအတွင်း လူသိများသော ငွေကြေးစီမံခန့်ခွဲမှုဉာဏ်ကြီးရှင် စီးပွားရေးလုပ်ငန်းရှင်ကြီး ယွိဇယ်ဖြစ်လေသည်။ ထို ၂၆နှစ်အရွယ် လူငယ်လေး သည် တရုတ်သို့ပြန်ရောက်ပြီး သုံးနှစ်အတွင်း ဤအံ့ဩဖွယ်အောင်မြင်မှုကို တည်ဆောက်နိုင်ခဲ့သူ ဖြစ်လေသည်။ နှစ်ဝက်ခန့်မှာပင် ယိုယွင်းစပြုနေသည့် ယဲ့ဟုန်နည်းပညာလုပ်ငန်းစုကို အောင်မြင်မှုအထွတ်အထိပ် သို့ရောက်အောင် တွန်းပို့နိုင်ခဲ့ပြီး ပြည်တွင်းလျှပ်စစ်စျေးကွက်၏ခေါင်းဆောင်ဖြစ်လာခဲ့ရုံသာမက ကမ္ဘာ့စျေးကွက် သို့ပင် ထိုးဖောက် နိုင်ခဲ့လေသည်။
ယွိဇယ်သည် နှင်းပွင့်ကဲ့သို့ဖြူဖွေးနေသည့် ရှပ်အင်္ကျီကိုဝတ်ဆင်လျက် ခေါင်းကိုလည်း သေသပ်စွာဖြီးထားပြီး လက်မှစ၍ ကော်လံအထိ ကြယ်သီးများတပ်ထားရာ ထိုအသေးစိတ်လေးများကအစ ပြည့်စုံနေပြီး အခြားသူများနှင့် မတူဘဲ တမူထူးခြားနေလေသည်။ သူ့မျက်လုံးအောက်ရှိ မျက်ရည်ခံမှဲ့လေးကပင် ထူးခြားလျက် အခြားသူများ မကပ်ဝံ့ကြပေ။
ယွိဇယ်သည် စာဖတ်နေစဉ်မှာပင် တစ်စုံတစ်ခုကို ခံစားလိုက်ရတာကြောင့် ကြည့်လိုက်ရာ ကုယန်ပေါ်မှ တဆင့် နံရံပေါ်တက်နေသော ကုယဲ့အား တွေ့သွားလေသည်။
ထိုအချိန်မှာပဲ ယွိဇယ်ဘေးမှ လိုက်ပါလာသောအတွင်းရေးမှူးသည် ယွိဇယ်၏အကြည့်နောက်သို့လိုက်ကြည့်လျက် နှမျောတသစွာပြောလိုက်သည်။
"သူလည်း စာကောင်းကောင်းမလုပ်ချင်တဲ့ အထက်တန်းကျောင်းသားနောက်တစ်ယောက်ဖြစ်မယ်၊ ရုပ်‌ေလးက သနားကမားနဲ့ အဆိုတော်တွေ နောက်လိုက်ပြီး နံရံတွေပေါ်လျှောက်တက်ရတယ်လို့ ၊ မိဘတွေက ဂရုမစိုက်ကြဘူးလား မသိပါဘူး"
ယွိဇယ်သည် မျက်နှာအား ပြန်လှည့်လျက် ယခင်နှင့်မတူသောလေသံဖြင့် "အဲဒါ သူတို့ လွတ်လပ်ပိုင်ခွင့်ပဲလေ"
အတွင်းရေးမှူးက ပြုံးလျက် "မစ္စတာယွိရဲ့စကားတွေက တကယ်ပြတ်သားတာပဲ၊ ဒါနဲ့ ကျွန်တော်တို့ ဒီလမ်းကနေ တကယ်ကြီးသွားမလို့လား၊ ကျွန်တော်ကြားတာတော့ ဒီလမ်းက မတော်တဆမှုတွေ ခဏခဏဖြစ်တတ်ပြီး တချို့လူတွေကလည်း ဒီလမ်းက သရဲခြောက်တယ်လို့ပြောနေကြတယ်"
ယွိဇယ်သည် ထိုစကားအား လှောင်ရယ်လျက် "ဒီလောကကြီးမှာ သရဲရှိတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မဟုတ်ရင် ကျွန်တော်ကရော ဘာလို့သူတို့ကိုမမြင်ရတာလဲ"


ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now