အခန်း 6.1

3K 463 0
                                    

အခန်း ၆ ငါနင့်ကို ‌ေ_ာက်ရမ်းမသောင်းကြမ်းနဲ့လို့ ပြောထားတယ်လေ

ရှားရှန်သည် သူပစ်မှတ်ထားခံ‌ေနရသည်ကို သိလိုက်ပြီး ဘောလုံးသကဲ့သို့ ခွေနေတော့သည်။ သူသည် ဆန်ခါနေသကဲ့သို့ လှုပ်ခါနေပြီး ကုတင်တစ်ခုလုံးလည်း သူနှင့်အတူ လိုက်တုန်နေသည်။ ကုယဲ့သည် ရှားရှန်လန့်လွန်း၍ ကြောက်သေးပါပြီး အောက်ကုတင်ရှိသူ့အား ရွှဲစိုသွား‌‌ေစမည်ကို စိုးရိမ်နေသည်။ ကုယဲ့သည် စိတ်ပျက်လက်ပျက်ဖြင့်ထကာ ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး တိတ်တဆိတ်ပင် ကန့်လန့်ကာကို  ဖွင့်လိုက်သည်။  ထို့နောက် သရဲရှိရာသို့မျက်နှာမူပြီး "အစ်မကြီးရေ၊ ညကြီးအချိန်မတော် အိမ်ပြန်မအိပ်တော့ဘူးလား။" ဟု စနောက်ကာ မေးလိုက်သည်။

ထိုသရဲမလည်း သတိချပ်ကာ နောက်ပြန်ဆုတ်သွားသည်။ သူမ၏ အလိုလိုသိစိတ်တွင် ကုယဲ့သည် ရင်ဆိုင်ရခက်ခဲသူဖြစ်မှန်း ခံစားမိလေသည်။ သူမသည် သတိကြီးစွာဖြင့် မေးလိုက်သည် "နင်က ဘယ်သူလဲ?"

ကုယဲ့လည်း လေးနက်သည့်ပုံစံဖြင့် ပြန်ဖြေလေသည်။ "ကွန်မြူနစ်ဝါဒရဲ့ ဆက်ခံသူ" 

ထိုသရဲမသည် သူမ အရူးလုပ်ခံရကြောင်း ရိပ်မိသွားပြီးနောက် သူ့ဆံပင်များသည် လေမတိုက်ဘဲ လွင့်ပျံသွားပြီး သွေးအလိမ်းလိမ်းနှင့် မျက်နှာကို ဖော်ပြလိုက်သည်။ သူမသည် ရဲရဲတောက်နေသောမျက်လုံးများဖြင့် ကုယဲ့ကို ခပ်စူးစူး စိုက်ကြည့်ရင်း "ကောင်လေး၊ မဆိုင်တာတွေဝင်မရှုတ်ဖို့ အကြံပေးလိုက်မယ်။"

ကုယဲ့သည် ပျင်းရိစွာ သမ်း‌ေဝလိုက်သည်။ ထို့နောက် သရဲမ၏ သနားစရာကောင်းသည့် အသွင်အပြင်ကို ကြည့်ကာ “မင်းလည်း သိပ်သောင်းကြမ်းမ‌ေနနဲ့” ဟု တည့်ပင် ပြောလိုက်သည်။

သို့သော် အရသာရှိလှသော ကိတ်မုန့်တစ်လုံးကဲ့သို့ ဆွဲဆောင်မှုရှိလှသည့် သန့်စင်သည့် ယင်ခန္ဓာပိုင်ရှင် ရှားရှန်အား သရဲမသည် လက်လွတ်မခံနိုင်ချေ။  သူမသည် ပြတင်းပေါက်၌သာ ချီတုံချတုံဖြင့် ရစ်ဝဲ‌ေနပြီး ကုယဲ့ရှေ့မှောက်၌ အဖမ်းမခံရဘဲ လူသတ်ပြီးဝိညာဉ်ကို စားသောက်နိုင်မည့် အခွင့်အလမ်းများကို တွေးနေမိတော့သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now