အခန်း 30.2

2.4K 354 5
                                    

ကျောက်ဖုန်းယွိသည် စိတ်ပျက်အားငယ်စွာကြည့်ကာ ယွိဇယ်ထွက်သွားတာကို စောင့်ဆိုင်းနေခဲ့ပြီး "ငါက မင်းရဲ့ ကလေးထိန်းကြနေတာပဲ။"

ကုယဲ့သည် သူ့၏လက်ငါးချောင်းတွင် ကျန်ခဲ့သော ခရမ်းရောင်ချီ ကို ကြည့်ပြီး "မင်းဦးလေးက လူတွေကို ပြုစုတဲ့နေရာမှာအရမ်းတော်တာပဲ ၊ နွေးထွေးတဲ့လူပဲ အာ့!"

"မင်း..." ‌ကျောက်ဖုန်းယွိ၏ မျက်လုံးများသည် ပြောင်ပြောင်တင်းတင်း မေးခွန်းတစ်ခုဖြင့် ပြည့်နှက်နေလျက် “မင်းရူးသွားပြီလား?!’

ကုယဲ့သည် ကျောက်ဖုန်းယွိ ကို အာရုံစိုက်ရန် စိတ်မ၀င်စားပေ။ ကုယဲ့သည်ပျော်ရွှင်စွာဖြင့် သူ၏ဖုန်းကို ထုတ်ပြီး ဂိမ်းထဲသို့ ဝင်ကာ အချိန်အကြာကြီး မထိဝံ့သော ဟီးရိုးကြက်ဥကို ဖောက်လိုက်သည်။ ထို့နောက်တွင်၊ အကြောင်းကြားချက်တစ်ခုထွက်ပေါ်လာသည်- [ S-level ဟီးရိုး - Nuwa ကိုရရှိသည့်အတွက် ကစားသူကို ဂုဏ်ပြုပါသည်။ ]

"ဟ ဘယ်လိုတောင်လား!" ‌ကျောက်ဖုန်းယွိ သည်ငါးမျှားတံကို မနာလိုစွာ စွန့်ပစ်လိုက်ပြီး " ဘယ်လိုတောင် ကံကောင်းနေတာလဲဟ၊ အဲ့ကောင်က ပွဲတွေမှာ အပိုအသက်ကို ပေါင်းထည့်ပေးပြီး ကစားသမားတွေကို သေပြီးရင် ပြန်ရှင်နိုင်တဲ့အကောင်လေ။ ငါလည်း လိုချင်တယ်!!"

ဟီးဟီး၊ ကုယဲ့သည် သူ့လက်ချောင်းပေါ် ရှိအရောင်မှိန်သွားသော ခရမ်းရောင်ကီ ကို ကြည့်ပြီး "ဒါဆို မင်းဦးလေးကို သွားထိကြည့်လိုက်၊ မင်း ကံကောင်းနိုင်မလား စမ်းကြည့်ပေါ့" ဟုတိတ်တဆိတ် အကြံပြုလိုက်သည်။

"မလုပ်ရဲပါဘူး! သူ့က အသန့်အရမ်းကြိုက်တာ။ မင်းသူ့ကို ခဏပဲကိုင်လိုက်လို့သာ သူဘာမှမပြောတာ" ‌ကျောက်ဖုန်းယွိသည် ဒေါသတကြီးဖြင့် သူ့လက်ဖြန့်လိုက်ပြီး "မင်းကို နည်းနည်းထိလို့ ရမလား၊ မင်းလည်း ကံကောင်းတဲ့ ရောင်ဝါနဲ့ ဖုံးနေတာလား"

ကုယဲ့သည် ပြုံးပြီး "သွား။ ငါ အခု ကံကောင်းတဲ့လူ ဖြစ်နေပြီ၊ ကံကောင်းတဲ့သူက မင်းနဲ့ စကားမပြောချင်ဘူး"

ကျောက်ဖုန်းယွိ : "... " ဒီဆက်ဆံရေးကတော့ အနှေးနဲ့အမြန်ဆိုသလို ပျက်တော့မှာပဲ။
ခဏကြာသောအခါ  ဦးလေးအန်း သည် ကုယဲ့ကို ရှာရန်လာခဲ့သည်၊ "လူကြီးမင်းက ဆရာကု ကို တစ်ဖက် ခန်းမဆီ ဖိတ်ခေါ် ခိုင်းလိုက်ပါတယ်”

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now