ကုတဲ့ချန် ဗိုက်ပြည့်သွားပြီ ဖြစ်သောကြောင့် ကုမ္ပဏီဆီသို့ တန်းသွားတော့သည်။ ကားပေါ်ရောက်သောအခါ ကားသမားဦလေးကြီးက မဝံ့မရဲဖြင့် သူ့ကိုကြည့်လာသည်။ ခဏလောက်စဉ်းစားပြီးမှ သူသည် အိတ်ကပ်ထဲက စာအိတ်ကိုထုတ်ပြီး "တတိယသခင်လေးက ဥက္ကဌကိုပေးခိုင်းလိုက်လို့ပါ။ ဥက္ကဌ ဘေးကင်းအောင်လို့ပါတဲ့။"
ကုတဲ့ချန်သည် စာအိတ်ကိုယူပြီး ဖွင့်လိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် " ဒီကောင်စုတ်လေးကတော့။"
အထဲ၌ ကြုံရာလျှောက်ရေးခြစ်ထားပုံရသည့် အင်းစာရွက်တစ်ခုဖြစ်သည်။
ဥက္ကဠကုသည် အင်းစာရွက်ကို ဒေါသတကြီး ဆုပ်ချေလိုက်သည်။ သူလုံးချေပြီး လွှင့်ပစ်ဖို့လုပ်နေစဉ်ပင် ဖုန်းဝင်လာသည်။ သူသည်လက်ကိုင်ဖုန်းကို အမှုမဲ့အမှတ်မဲ့သာ ထုတ်ကိုင်လိုက်သည်မို့ သူ့လက်ထဲမှ အင်းစာရွက်လုံးလေးလည်း သူ့အိတ်ကပ်ထဲသို့ ပြုတ်ကျသွားေလသည်။
ကုမ္ပဏီကို ရောက်သည်နှင့် ကုတဲ့စချန်၏ အတွင်းရေးမှူးသည် "ဥက္ကဠကု၊ကျွန်တော်တို့ တင်ဒါခေါ်ထားတဲ့ ဆောင်းရာသီအိုလံပစ်ကစားကွင်း ဆောက်ခွင့်နဲ့ဆိုင်တဲ့ အကြောင်းကြားစာတစ်ခု ရောက်လာပါတယ်။ ကြားထဲဘာပြဿနာ ဖြစ်သွားလည်းမသိပေမယ့် ရမရမသေချာဘူးလို့ ပြောထားတယ်။"
ကုတဲ့ချန် မျက်မှောင်ကြုတ်မိလေသည်။ 'အဲ့ဒီကိစ္စရဲ့ လုပ်ပိုင်ခွင့်က ရဖို့ သေချာသလောက်ပါပဲ၊ ဒီကြားထဲ ဘာဖြစ်သွားတာလဲ။ လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း ဒီအတိုင်းပင်။ မြို့မြောက်ဘက်ရှိ မြေကွက်အား သူ့ကိုရောင်းမည်ဟု သေချာပြီးတော့မှ ခဏနေတော့ ရောင်းတဲ့သူဘက်က ထပ်ပြီးညှိနှိုင်းဦးမယ် ဆိုပြီးဖြစ်သွားခဲ့သည်။' ကုတဲ့ချန်လည်း စိတ်ညစ်ညစ်ဖြင့် နဖူးပေါ်လက်တင်မိသည်။ 'ကိစ္စတွေက အခုတလော အဆင်မပြေဘူး အိမ်ကအငယ်လေး နှစ်ယောက်ကလည်း စိတ်ချလို့ကိုမရသေးဘူး။'
မမျှော်လင့်ဘဲ၊ ကုတဲ့ချန်အတွက် ပိုလို့တောင် ခေါင်းကိုက်စေမည့် ကိစ္စတစ်ခု ဖြစ်လာတော့သည်။ သူ့အတွင်းရေးမှူးသည် ရှုံ့တွနေသည့်မျက်နှာဖြင့် "ဥက္ကဠကု၊ စီးပွားရေးလမ်းမှာ ပြဿနာပေါ်လို့တဲ့။ လူတစ်ယောက်က တိုက်ပေါ်ကနေ ခုန်ချဖို့လုပ်ေနတယ်!"
ŞİMDİ OKUDUĞUN
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
MizahEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...