အခန်း 18.1

2.5K 437 0
                                    


အခန်း ၁၈။ သမီးမိန်းကလေးများသည် အိမ်ကို ငွေကုန်အကျိုးယုတ်စေသည့် အရာပေလော

လွန်ခဲ့သော နှစ်၃၀ခန့်၌ မြို့တော်ရှိလူများသည် ရေထိန်းစနစ်ပါသော တံတားတစ်စင်းကို ဆောက်လိုကြသည်။ သို့သော် တံတား၏ နောက်ဆုံး အုတ်မြစ်တိုင်ထောင်ရာတွင် မခိုင်ပဲ ယိုင်နဲ့နေလေသည်။  ဆောက်လုပ်ရေးအဖွဲ့ဝင်များမှ နည်းမျိုးစုံကြိုးစားကြည့်သော်လည်း အဆင်ပြေမလာပေ။  'ဒါက တံတားရဲ့ နောက်ဆုံးအပိုင်းပဲ။ ဒီတိုင်မငြိမ်ရင် ငါတို့ တံတားကို ဘယ်လိုလုပ် လက်စသတ်မလဲ။'

ထိုအချိန်တုန်းက လူများ၏တွေးခေါ်ပုံမှာ အတော်လေး ခေတ်နောက်ကျနေသေး‌ေသာ‌ေကြာင့်ကန်ထရိုက်တာသည် ဖုန်းရွှေဆရာတစ်ပါးပင့်လာပြီး စစ်ဆေးစေသောအခါ ထိုနေရာမှ မြေကိုရွှေ့ခြင်းသည် နတ်ဘုရားနှင့် မြစ်‌ေစာင့်နတ်တို့ကို အနှောင့်အယှက်ဖြစ်‌ေစသည်ဟု ဆိုလေသည်။ ထိုဖုန်းရွှေဆရာက သက်ရှိအုတ်မြစ်တစ်ခု ချရမည်ဟုပြောပြီး ထိုသက်ရှိမှာ အသက်ရှင်နေသည့် လူသားစင်စစ်ဖြစ်ရမည်ဟုပြောလေသည်။

သက်ရှိအုတ်မြစ်ဆိုသည်မှာ  အရှင်လတ်လတ်ယဇ်ပူဇော်ပြီး တိုင်ချရမည်ကို ဆိုလိုခြင်းဖြစ်သည်။  ဤနည်းလမ်းမှာ ရက်စက်လွန်းလှပြီး မည်သူမှ စိတ်ပါလက်ပါ သဘောတူပေးမည် မဟုတ်‌ေပ။ အကယ်‌၍ အခန့်မသင့်လျှင် သူတို့အားလုံး လူသတ်မှုနှင့် တရားရင်ဆိုင်ရနိုင်လေသည်။

ထိုအချိန်တွင် လူတစ်ယောက်မှ ဝေးလံခေါင်သီသော တောင်တန်းဒေသမှ လူတစ်ဦးကို ဝယ်ယူရန် အကြံပေးလေသည်။ ထိုအကြံကိုကြားသောအခါ ပရောဂျက်တာဝန်ခံသည် ချက်ချင်း စိတ်ဝင်စားသွားလေသည်။

အကယ်၍ သူသာ ဝေးလံခေါင်ဖျားသည့် ဝောာင်ပေါ်ဒေသသားတစ်ဦးကို ဝယ်ယူလာခဲ့လျှင် ထို သက်ရှိအုတ်မြစ်နှင့် ပတ်သက်၍ မည်သူမှ သိရှိတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ ထိုလူပျောက်သွားလျှင်ပင် မည်သူမှ သတိထားမိမည် မဟုတ်ချေ။ သို့နှင့် သူတို့သည် တောင်ကြားထဲရှိ ကလေး၅ယောက်နှင့် လူဆင်းရဲ မိသားစု တစ်စုကို ရှာတွေ့ခဲ့လေသည်။

ထိုမိသားစုသည် ဆင်းရဲလွန်း၍ တစ်နေ့လျှင် ထမင်း ၃ နပ်ပင် မှန်အောင် မစားနိုင်ပေ။ ထို့ကြောင့် တစ်မိသားစုလုံး နှစ်အတော်ကြာ စားသောက်ရန် လောက်ငှပြီး သား ၃ ယောက်ကိုပင် ကျောင်းထားနိုင်သည့် ငွေပမာဏကို ကြားသောအခါ လင်မယားနှစ်ယောက် ဆွေးနွေးပြီး သူတို့သိပ်မကြိုက်သည့် ဒုတိယသမီးကို ရောင်းရန် ဆုံးဖြတ်ခဲ့လေသည်။အကြီးဆုံးသမီးမှာ ၂ နှစ်အကြာတွင် လက်ထပ်နိုင်မည့်အရွယ်ရှိပြီ ဖြစ်ပြီး သူမအား နှစ်အတော်ကြာ ပိုက်ဆံအကုန်အကျခံပြီး ပြုစုပျိုးထောင်ပေးခဲ့သည်ဖြစ်၍ အနည်းဆုံး ခန်းဝင်ပစ္စည်း ပြန်ရနိုင်သည်ဟု တွေးလေသည်။ ကျန်သည်မှာ သား၃ယောက်ဖြစ်ပြီး သားများသည် မျိုးရိုးနာမည်ကို ထိန်းသိမ်းဆက်ခံရမည့် သူများဖြစ်၍ ထို လင်မယားနှစ်ယောက်၏ အဖိုးတန်ရတနာများဖြစ်ပြီး အထိမခံနိုင်ပေ။ 

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now