ကုယဲ့သည် ငြင်းဆန်လို့မရတာကြောင့် ကျောက်ဖုန်းယွိ၏အိမ်တွင်ပင် နေ့လယ်စာစားလိုက်ရသည်။ ဤလင်မယားသည် တခြားသူတစ်ဦးတစ်ယောက်အပေါ် ကျေးဇူးကြွေးအတင်မခံလိုတာကြောင့် ကျောက်ဖုန်းယွိ ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ပိုက်ဆံဖြင့်ပြန်ဆပ်ရန် အားနာသဖြင့် ဤနေ့လည်စာတည်ခင်းကျွေးမွေး၍ ကျေးဇူးဆပ်ရန် ပြင်ဆင်ခြင်းဖြစ်လေသည်။ ထို့ကြောင့် ဤနေ့လည်စာသည် ကုယဲ့အတွက် စိတ်မသက်မသာခံစားရစေသည်။
ကျောက်ဖုန်းယွိသည် မနာလိုသဝန်တိုတာကြောင့် “မင်းက ငါ့အမေရဲ့တကယ့်သားအရင်းလားဆိုတာ ငါ သံသယ ဖြစ်လာပြီ”
ကုယဲ့သည် မျက်မှောင်ကျုံ့လျက် “မပူပါနဲ့ ငါ မင်းကိုစာတွေလုပ်ကူဦးမှာ၊ မင်းအဆင့်တွေသာ တက်လာရင် အန်တီ က ဒီထက်ပိုပြီးတောင် ငါ့ကိုကောင်းကောင်းကျွေးဦးမယ်”
ကျောက်ဖုန်းယွိသည် သူ့အမေက ကုယဲ့ကို သဘောကျတယ်လို့ပြောမည်ဟု ထင်ထားသော်လည်း ဒီလောက် သဘောကျလိမ့်မည်ဟု မထင်ထားသောကြောင့် ပြောစရာစကားရှာမရအောင်ဖြစ်နေလေသည်။ ဤကျိုးကြောင်း ခိုင်လုံမှုမရှိတဲ့ပြကွက်က သူ့ကို အော်ဟစ်ပစ်ချင်စိတ်ပေါက်အောင် ဖြစ်နေစေ၏။ ဘယ်သူကများ ဒီလိုဆရာကို ခေါ်လာတာပါလိမ့်။
ကုယဲ့အား အိမ်ပြန်ပို့ပြီးနောက် ကျောက်ဖုန်းယွိပြန်လုဆဲဆဲမှာပင် ကုယဲ့သည် ကျောက်ဖုန်းယွိ၏ကားတံခါးကို ဖွင့်လိုက်ပြီး သူ၏ပုခုံးအား ရုပ်တည်ကြီးဖြင့် ကိုင်ကာ “ညီအစ်ကို မသွားနဲ့ဦး၊ ငါ့အစ်ကိုကြီးနဲ့ဒုတိယအစ်ကိုပြန် ရောက်နေကြတော့ သူတို့ ငါ့ကိုလက်ဆောင်တွေအများကြီးပေးထားကြတာ၊ အဲဒါ ငါတစ်ယောက်တည်း ကုန်အောင် မသုံးနိုင်လို့ မင်းကိုပေးဦးမယ်”
ကျောက်ဖုန်းယွိသည် အနည်းငယ်ရှက်ရွံ့သွားကြောင်း ကုယဲ့ရိပ်မိလိုက်သော်လည်း ထိုလက်ဆောင်အား ပေးလိုက် လေသည်။
သိပ်မကြာခင်အချိန်မှာပဲ အစေခံနှစ်ယောက်သည် ပုံးတစ်ခုကို သယ်ဆောင်လာပြီး ကျောက်ဖုန်းယွိ၏ ကားအတွင်း သို့ထည့်လိုက်ပြီးနောက် “သခင်လေးကျောက် တတိယသခင်လေးက ဒီလက်ဆောင်ကို အိမ်ပြန်ရောက်တဲ့အခါမှ ဖွင့်ကြည့်ဖို့ မှာလိုက်ပါတယ်”
ပုံးက လွန်စွာကြီးမားသည့်အပြင် လေးလံနေတာကြောင့် ကျောက်ဖုန်းယွိသည် ပုံးထဲတွင် ပစ္စည်းကောင်းများ အများအပြားပါလိမ့်မည်ဟု တွေးတောလျက် ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်သွားလေသည်။ အိမ်သို့ပြန်ရောက်သော အခါ ကျောက်ဖုန်းယွိသည် ပုံးကို ခပ်မြန်မြန်ဖွင့်ဖောက်လိုက်ပြီး ဖတ်လိုက်လေရာ “ကျောင်းသားများ လေ့ကျင့်ရန် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဆိုင်ရာ မေးခွန်းများ” နှင့် “ပဉ္စမနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့် တတိယနှစ် အစမ်း စာမေးပွဲ”။ နောက်စာအုပ်များကို ဆက်ဖတ်ရန်ပင် မလိုအပ်တော့ချေ။ ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ ကျောက်ဖုန်းယွိ၏မျက်နှာသည် ဒေါသကြောင့် အရောင်ပြောင်းသွားလေသည်။ နောက်တစ်ခါ ကုယဲ့လှည့်စားတာ ခံရရင် ငါ့ကိုယ်ငါ ချီးစားပြီး သတ်သေလိုက်မယ်”
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...