အခန်း 8.2

2.8K 432 0
                                    

အစက ကုယဲ့သည် ထွက်သွားနေခဲ့ပြီးကာမှ ထိုစကားများကို ကြားသောအခါ ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး ထိုစကားများပြောခဲ့သော ကောင်လေးအား တင်းမာစွာ ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများက မည်းမှောင်ကာ ခံစားချက်မဲ့နေပြီး သူ့အားလှောင်နေသော ကောင်လေးများပင် ဘာမှဆက်မပြောနိုင်ဘဲ အ,ထစ်သွားရလေသည်။ ကုယဲ့၏ အကြည့်ကြောင့် တွန့်ဆုတ်သွားရသည်ကို သဘောပေါက်ပြီးနောက် ကုယဲ့၏ခေါင်းအား ဘက်စကက်ဘောြဖင့် ပေါက်သော ကောင်လေးက ရှက်ရမ်းရမ်းကာ ဒေါသထွက်ပြီး “ဘာကြည့်တာလဲ? မင်းကများ ဘာဖြစ်ချင်နေလို့လဲ?” ဟု မေးလေသည်။

ထိုအခါ ကုယဲ့သည် လှောင်ပြုံး ပြုံးရင်း "အနည်းဆုံး ငါ့မှာ မိထွေးရှိသေးတယ်၊ မင်းကတော့ မကြာခင်  မိထွေးဆိုတာတောင် မရှိဘဲ မိဘမဲ့ဖြစ်တော့မှာ မဟုတ်ဖူးလား " ဟု ပြောလိုက်သည်။
စစ်ဟုန်ရှင်းသည် ကုယဲ့ ပြောလိုက်သည့် "မိဘမဲ့" ဟူသော စကားကို အခဲမကြေဖြစ်ကာ "ငါ့မိဘတွေက အသက်ရှိသေးတယ်၊ မင်းဘယ်သူကို ကျိန်ဆဲနေတာလဲ စောက်တုံးကောင်" ဟု မေးလိုက်သည်။
ကုယဲ့ သည် စစ်ဟုန်ရှင်း၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး ပခုံးကို တွန်းလှန်လိုက်သောအခါ သူ့ပုခုံးပေါ် သပ်သပ်ရပ်ရပ် လဲကျသွားပြီး လူအများ၏ အကြည့်ကို ခံစားလိုက်ရသည်။
"အကုန်လုံးက ငါ့ကို ကျောင်းမှာ‌ တော်တော်လေးကို အနိုင်ကျင့်ပြီး ခေါင်းပေါ်ထိုင်ချင်နေကြတာပဲ, ငါ တကယ်တုံးတယ်လို့ ထင်နေကြတာလား မသိဘူး"
ကုယဲ့သည် အမှန်တကယ်ပင် စိတ်ကုန်နေပြီပင်ဖြစ်သည်။ ‘ မူလခန္ဓာကိုယ်ပိုင်ရှင်က ဘဝကို ဘယ်လိုမျိုးများနေခဲ့တာလဲ? ကြီးကြီးတက်ချမ်းသာသော မိသားစုမှပေါက်ဖွားလာသော သခင်ငယ်လေးတစ်ယောက်ဖြစ်သော်ငြား ကျောင်းတွင် ဆိုးသမ်းသောကျောင်းသားတစ်စုက သူ့အား ငတုံးဟုခေါ်ကာ လှောင်ပြောင်ရဲသည်။ ခေါင်းကို ဘောလုံးဖြင့်ပေါက်ကာ အနိုင်ကျင့်ရဲသည်။ နဂိုမူလက အကောင်းအတိုင်းရှိခဲ့သည်ဆိုလျှင်တောင် ဤသို့ ခဏခဏ အရိုက်ခံရလျှင် တကယ် တုံးသွားနိုင်သည်’ ဟု တွေးမိ လိုက်သည်။
စစ်ဟုန်ရှင်းနှင့် အတူရှိနေသည့် ကျောင်းသားအနည်းငယ်သည်လည်း ကုယဲ့ ၏ အေးစက်သောမျက်လုံးများနှင့် သေသပ်သောလှုပ်ရှားမှုများကြောင့် ထိတ်လန့်သွားကြသည်။ စစ်ဟုန်ရှင်းသည် ကုယဲ့ထက် ဦးခေါင်းထက်ဝက်ခန့် ပိုရှည်နေသည်တောင် ကုယဲ့၏ သေးညှပ်သော ကိုယ်လေးမှ ဤမျှကြီးမားသောအား မည်သို့ ထွက်လာမှန်း မသိကြချေ။
ထိုအခါ ကုယဲ့သည် အေးစက်စွာကြည့်ရင်း "ဘယ်ကောင် မကျေနပ်တာလဲ? လာခဲ့လေ!" ဟု စိန်ခေါ်လိုက်သည်။
ထိုအချိန်တွင် ကင်းလှည့်နေသော လုံခြုံရေး အစောင့် ဦးလေးကြီးက ကစားကွင်းကို လှည့်ကင်း ကြည့်နေရာမှ
“မင်းတို့ကောင်တွေ ဘာဖြစ်နေတာလဲ? ရန်ဖြစ်နေကြတာလား?”  ဟု အော်ပြောလိုက်သည်။ ကျောင်းသားများသည် ချက်ချင်းပင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိလိုက်ရသောအခါ ဝံပုလွေတွေရဲ့ ဖမ်းစီးခြင်းခံလိုက်ရသော  သိုးအုပ်လေး သဖွယ် ယောက်ယက်ခက်ရင်းထွက်ပြေးကြသည်။  ကုယဲ့ကလည်း နှုတ်ခမ်းစူရင်း တမင်သက်သက်ပင် စစ်ဟုန်ရှင်း ၏ ခြေထောက်ကို တက်နင်းပြီး ထွက်ပြေးသွားခဲ့သည်။
လုံခြုံရေးဦးလေးသည် ပြေးလာကာ ခြေထောက်ကို ဆုပ်ကိုင်ပြီး မြေကြီးပေါ်တွင်လဲနေသော စစ်ဟုန်ရှင်း ကို ဖမ်းလိုက်ရင်း  “စစ်ဟုန်ရှင်း မင်း ထပ်ပြီး ရန်ဖြစ်ပြန်ပြီ ၊ ငါ မင်းဆရာကို တိုင်မှ ဖြစ်တော့မယ်” ဟု ပြောလိုက်သည်။
စစ်ဟုန်ရှင်း သည် လုံခြုံရေးဦးလေကြီးအား “မလုပ်… မလုပ်ပါနဲ့ စနေကြတာ၊ သူငယ်ချင်းတွေနဲ့ စနောက်နေကြရုံပါ” ဟု တုန်ယင်စွာ ပြောလိုက်သည်။
စစ်ဟုန်ရှင်း သည် သူ၏ခြေထောက်ကို ကိုင်ရင်း လုံခြုံရေးဦးလေးကြီးအား သူ၏သွားများကို တတ်နိုင်သမျှ ဖြီးကာ မျက်နှာချိုသွေးရင်း ဦးလေးကြီးအလစ်တွင် ပြေးထွက်လာခဲ့သည် ။ ဒါပေမယ့် သူ့စိတ်ထဲမှာ ကုယန်ချန်ကို ၈ ကြိမ်လောက် ဆူပူကြိမ်းမောင်းပြီးပြီ ဖြစ်သည်။ စိတ်ထဲတွင်လည်း ဒီကောင် အချိန်ကောင်းကို စောင့်နေတာ အချိန်ကောင်းရောက်တာနဲ့ တခါတည်းတန်းပြီး ဇီဝိန်ချုပ်ပစ်မှာ ဟု တွေးနေမိသည်။
စစ်ဟုန်ရှင်း သည် ထောင့်နားကို ပြေးလာသည်နှင့် တပြိုင်နက် ချန်ကျန်းက သူ့ကို တားလိုက်သည်။ သူတို့နှစ်ယောက်တွေ့ပြီးချင်းမှာပင် ချန်ကျန်းသည် စစ်ဟုန်ရှင်း ၏လည်ပင်းကို သိုင်းဖက်ပြီး "မင်းရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်က လူမိုက်အဖွဲ့ထဲကမလား??” ဟု မေးမြန်းလိုက်သည်။
စစ်ဟုန်ရှင်း က “အစ်ကိုကျန်းက ဘာကို ပြောချင်တာလဲ?” ဟု မေးလိုက်သည်။
ထိုအခါ ချန်ကျန်း က "ကုယဲ့ကို မှတ်လောက်သားလောက် ဖြစ်အောင် ပညာပေးချင်တယ်၊ ကျောင်းမှာဆိုရင် ဒီကောင်ကို ထိလို့မရဘူး၊ တကယ်လို့ မင်းအစ်ကိုဝမ်းကွဲက ကူညီမယ်ဆိုရင်တော့ ပိုက်ဆံက ငါ့အတွက် ပြဿနာမဟုတ်ဖူး ငါအဆင်ပြေအောင် စီစဉ်ပေးလို့ရတယ်။" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် စာငှက်တစ်ကောင်သည် ကောင်းကင်တွင်ပျံနေရင်း ချန်ကျန်း၏ နှာခေါင်းပေါ်သို့ မစင်စွန့်ချလိုက်သည်ကို မြင်သောအခါ စစ်ဟုန်ရှင်း သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
အေးစက်သောမျက်နှာထားဖြင့် ချန်ကျန်းက ထိုအညစ်အကြေးများကို သူ၏လက်ထောင့်ဖြင့် သုတ်ရင်း “ ကဲ… ဘယ်လိုလဲ?” ဟု အံကြိတ်ကာမေးလိုက်သည်။
စစ်ဟုန်ရှင်း ကလည်း"ကောင်းပြီ၊ ငါကူညီပြီး မေးပေးမယ်" ဟု ပြောလိုက်သည်။
————
ကုယဲ့သည် ထိုနေ့ညက အိပ်ဆောင်ကိုပြန်ရောက်သောအခါ သူ၏အခန်းဖော် ရုတ်တရက်ပြောင်းသွားသည်ကို သတိထားမိလိုက်သည်။
ရှရှန်း သည် ကုတင်ပေါ်မှ ခြေထောက်လွှဲကာ မုန့်စားရင်းထိုင်နေသည်။ ကုယဲ့ ပြန်လာတာကိုမြင်တော့ သူက "မင်းအားပြန်ဖြည့်မလို့လား” ဟု မေးလိုက်သည်။
ကုယဲ့သည် ဆယ်နှစ်သားလေးကဲ့သို့ပင် ဗိုက်ဆာလာသဖြင့် သူ၏မုန့်ထုပ်ကို ဆွဲယူကာ "အခန်းဖော်အသစ်က ဘယ်သူလဲ" ဟု မေးလိုက်သည်။
ထိုအခါ ရှရှန်းက ပြုံးရင်း မျက်လုံးကို မှိတ်ထားကာ "ကျောက်ဖုန်းယွိလေ၊ သူက သူနေခဲ့တဲ့အရင်အဆောင်မှာ  နဲ့ Ma Xiaojiang ပြဿနာရှာပြီး ဒီကိုဝမ်ခိုင်နဲ့ မာရှောင်ကျန်းကို အချိုသပ်ပြီး ငါအရင်နေခဲ့တဲ့ အဆောင်ကို ပြောင်းခိုင်းတာ။ သူက မင်းနဲ့ တူတူ နေရတာ လုံခြုံတယ်လို့လည်းပြောနေတယ်။” ဟု ပြောလိုက်သည်။
ကုယဲ့သည် အနည်းငယ်တော့စိတ်ရှုပ်သွားခဲ့ရသည်။ ကျောက်ဖုန်းယွိသည် ပါးလွှာသောအားကစားဝတ်စုံကို ဝတ်ဆင်ရင်းဖြင့် ဘတ်စကတ်ဘောကိုပိုက်ကာ အဆောင်သို့ပြန်လာခဲ့သည်။ ထို့နောက် အိပ်ခန်းထဲသို့ရောက်ရောက်ချင်းပင် “ယို့ ~~~  ကုရှောင်ယဲ့ မင်းပြန်လာပြီလား၊ ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ မင်းရဲ့ အခန်းဖော်အသစ် ကျောက်ဖုန်းယွိပါ” ဟု မိတ်ဆက်လိုက်သည်။
ကုယဲ့က သူမကိုက်ရသေးသော မုန့်တစ်တုံးကို ဖြတ်ပြီး ကျောက်ဖုန်းယွိ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကာ "ငါနဲ့ နေချင်ရင် ကျေးဇူးပြုပြီး ပါးစပ်ပိတ်နေ၊ ကျေးဇူးပဲ" ဟု ပြောလိုက်သည်။
ထိုသို့ပြောလိုက်သောအခါ ကျောက်ဖုန်းယွိသည် သူ့ပါးပြင်တွေကို ပွတ်ရင်း ပြုံးကာ “ စိတ်မပူပါနဲ့ တိတ်တိတ်နေပေးပါမယ်” ဟု မျက်လုံးဖြင့် အချက်ပြလိုက်သည်။
မီးပိတ်ပြီးနောက် တဖက်ခြမ်းတွင် ကျောက်ဖုန်းယွိ၏ ဂဏာမငြိမ်ဖြစ်ပြီး ခုန်ပေါက်နေသည်ကို ကုယဲ့ မြင်သောအခါ ကျောက်ဖုန်းယွိက "ငါအရမ်းဗိုက်ဆာနေပြီ၊ မင်းဝက်ခြေထောက် စားချင်လား? ငါအများကြီးယူလာခဲ့တယ်” ဟု ပြောလိုက်သည်။
ကုယဲ့သည် သက်ပြင်းချရင်း ‘ ငါ ဆရာရဲ့ ဘဝက ငြိမ်ငြိမ်လေးကို နေလို့ မရတာ၊ အခုတော့ ပိုဆိုးပြီ။ ‘ ဟု တွေးမိလိုက်သည်။
သူတို့နေသည့် အိပ်ဆောင်ကတော့ နောက်ပိုင်းတွင် အတော်ကို ဆူညံပြီး အသက်ဝင်နေမှာ သေချာသလောက်ပင် ဖြစ်သည်။
အထက်တန်းကျောင်းသားများ၏ တစ်နေ့တာလှုပ်ရှားမှုများသည် စာကျက်ပြီးလိုက် စာလေ့လာလိုက်ဖြင့် ကုန်ဆုံးနေကြရသည်။  ထိုကဲ့သို့ စာကျက်လိုက် စာလေ့လာလိုက်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်သတ္တပတ် သုံးပတ်သည် တစ်ခဏချင်းပင် ကုန်ဆုံးသွားပြီး လတစ်လ၏ နောက်ဆုံးရက်ကို ပင်ရောက်လာခဲ့ပြီဖြစ်သည်။ မနက်ပိုင်းစာသင်ချိန်နှစ်ချိန်ကုန်ဆုံးပြီးနောက် ဆရာယွီသည် စာသင်ခန်းထဲသို့ ဝင်လာကာ ခုံကိုလက်ဖြင့်ရိုက်ရင်း ကျောင်းပိတ်ရက်တွင် အိမ်ပြန်ရန်တွေးနေကြသော တချို့သော ကျောင်းသားများ၏စိတ်ကို စာသင်ခန်းထဲ့သို့ ပြန်လည်ဆွဲခေါ်လိုက်သည်။
“ကဲ … ကျောင်သားတွေအားလုံးကို အသိပေးစရာရှိတယ်၊ အခုပဲ စာသင်ချိန် နှစ်ပတ်က ကုန်ဆုံးပြီး ဆောင်းရာသီ အားလပ်ရက် ရောက်လာတော့မယ်။ အားလုံးပဲ သိကြတဲ့အတိုင်း အားလပ်ရက်ရပြီး အိမ်ပြန်ရတော့မှာဖြစ်လို့ အသိစိတ်လေးတွေ ကပ်ထားကြပါ။ နောက်လကစပြီး ငါတို့ရဲ့ နောက်ဆုံးနှစ် အရေးကြီးဆုံးစာမေးပွဲကို ရောက်တော့မှာဖြစ်တယ်။ ငါ မင်းတို့အကုန်လုံးအတွက် နဖူးစည်းတွေ အားလုံးပြင်ဆင်ထားပြီးပြီ။ ငါပြန်လာတဲ့အခါမှာ မင်းတို့ အားလုံးအတွက် ယူလာခဲ့မယ်။ သင်တို့အားလုံး နိုးထဖို့အချိန်ရောက်ပြီဆိုတဲ့ စကားအတိုင်း ငါတို့အတွက် အရေးကြီးဆုံးအချိန်ဟာ မကြာခင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ငါတို့အတန်းရဲ့ အဆင့်တွေက အတန်း၆ရဲ့ အောက်ဆုံးမှာပဲ အမြဲဖြစ်နေတယ်။ မင်းတို့တွေဟာ ဉာဏ်မကောင်းတဲ့ သူတွေမဟုတ်ကြဘူး။ မင်းတို့ကြိုးစားသမျှ အရာထင်မှာမို့ အားမလျော့ပဲ ကြိုးစားကြပါ။ ကဲ… လာ အတူ ကြိုးစားကြမယ်။”
"ရေး!!"
အတန်း 6 မှ ကျောင်းသားများသည် ကျောင်းလွယ်အိတ်များကို လွယ်ကာ လေကဲသို့သောအလျှင်ဖြင့် ကိုယ်ပိုင်စာကြည့်ချိန် မတိုင်ခင် အတန်းထဲမှ ပြေးထွက်လာကြသည်။
ကျောင်းကားများအားလုံး ကျောင်းဂိတ်တွင်သာရပ်ထားကြသည်။ ကိုယ်ပိုင်ကားများအတွက် ကျောင်းဂိတ်တွင် ရပ်နားခွင့်ကို လုံးဝခွင့်မပြုထားပါ။ အဓိက အကြောင်းရင်းမှာ ကိုယ်ပိုင်ကားများကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေသောကြောင့်ပင်ဖြစ်သည်။ မိဘများမှ အပို့အကြိုလုပ်ပေးသော ကျောင်းသားများသည် ကျောင်းမှ မီတာ ၁၀၀၀ ကျော်ဝေးသော ကားပါကင်သို့ လမ်းလျှောက်ရန် လိုအပ်ပြီး လာကြိုသော ကားများကို ရှာဖွေကြရသည်။
ကုယဲ့ သည် သရဲမကိုထည့်ထားသော ပုလင်းကို ကျောင်းလွယ်အိတ်ထဲသို့ ထည့်ရင်း ထုပ်ပိုးကာ စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။ စိတ်ထဲတွင်လည်း မနက်ဖြန် ပုလင်းအနည်းငယ်နှင့် နေ့စဉ်သုံးပစ္စည်းလေးများ ဝယ်ယူရန် တွေးနေမိသည်။ ကုယဲ့သည် စာသင်ခန်းထဲမှ ထွက်လာသည်နှင့် တပြိုင်နက် သူ၏မျက်ခွံများသည် ထိန်းမနိုင်သိမ်းမရ လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ကုယဲ့သည် ရုတ်တရက် သူ၏စိတ်နှလုံးသားထဲတွင် ဆိုးရွားသောခံစားချက်သည် ကြိုတင်သတိပေးချက်တစ်ခုသဖွယ် ဝင်ရောက်လာခဲ့သည်။ ပုံမှန်အားဖြင့် သူ၏ညာဘက်မျက်ခွံများ လှုပ်ရှားလာသောအခါ မည်သို့သောအရာမျှ အဆင်ပြေကောင်းမွန်စွာ ဖြစ်မလာခဲ့ပါ။ ဆိုရိုးစကားအတိုင်း ဆရာဝန်တွေက သူတို့ကိုယ်သူတို့ မသက်သာသလို ဗေဒင်ပညာသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ မိမိကိုယ်ကို တွက်ချက်ခြင်းသည် ယေဘုယျအားဖြင့် မမှန်နိုင်ပါ။
ကောင်းတာဖြစ်မှာလား? ဆိုးတာဖြစ်မှာလား? ဟုတွေးရင်းနှင့်ပင် ကုယဲ့သည် ကျောင်းဂိတ်ဝသို့ ပင်ရောက်လာခဲ့သည်။ ကျောင်းဂိတ်ဝသို့ရော က်သောအခါ ကုယဲ့သည်  လူမိုက်တစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“မင်းက ကုယဲ့လား?။”
ကုယဲ့သည် အပြစ်ကင်းစွာ ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး" ဟု ငြင်းလိုက်သည်။
ထိုအခါ လူမိုက်သည် ဖုန်းထဲက ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်ပြီး
"ငါတို့ သူဌေးက မင်းကို ဟော့ပေါ့ ဝယ်ကျွေးမလို့တဲ့ ဒါဆိုရင်ရော မဟုတ်သေးဘူးလား"
ကုယဲ့ က ခေါင်းခါနေရင်း "မဟုတ်ဘူး" ဟု ထပ်မံငြင်းဆိုလိုက်သည်။
"ကျွတ်! ငါမင်းကိုတစ်ခုပြမယ်"
လူမိုက်သည် ဖုန်းကို ကုယဲ့အား ပေးခဲ့ပြီး ဗီဒီယိုကို ဖွင့်ကြည့်လိုက်တော့ ကုယဲ့သည် ချက်ချင်းပင် မျက်နှာတစ်ခုလုံး တည်တင်းသွားခဲ့သည် ။
သူ့ညီငတုံးကား မည်သို့မည်ပုံ လှည့်စားခံလိုက်ရမှန်း မသိသော်ငြား တက်တူးထိုးထားသော လူမိုက်အဖွဲ့ဝင်များကြားတွင် ထိုင်ကာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ရင်း ကင်မရာကို သနားစွာဖြင့် ကြည့်နေသည်ကို‌ တွေ့လိုက်ရသည်။ သူ့ညီနောက်ကလူတွေသည် ကုယဲ့ နှင့် အတော်ရင်းနှီးနေသည့် မျက်နှာများ ဖြစ်သည်ကို ခံစားလိုက်ရသည်။။ တစ်ဖက်တွင် သူ့၏ကြောင့် အပြစ်ပေးခံရသော ချန်ကျန်း နှင့် အခြားတစ်ဖက်တွင် သူ့ကြောင့် ရိုက်နှက်ခံခဲ့ရသော စစ်ဟုန်ရှင်း ပင်ဖြစ်သည်။ ထိုနှစ်ယောက်လုံးသည် အမှန်တကယ်ပင် ကုယဲ့အပေါ် ရန်ညှိုးရှိကြသူများဖြစ်သည်။ သူ့ကြောင့်ပင် သူ့ညီ ကုယန် ဒုက္ခရောက်ရပြီဖြစ်သည်။
ထို့နောက် ကုယဲ့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း “ ရှေ့က လမ်းပြ” ဟု ပြောလိုက်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now