"ယွိလူကြီးမင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ သူက ခုနှစ်လပိုင်း တိုင်း လက်ဖက်ရည်သောက်ပွဲ ကျင်းပတယ်။ ကျွန်တော်တို့ အသိုင်းအဝိုင်းထဲက လူတွေအားလုံးကို ရှေးဟောင်းပစ္စည်း အကဲဖြတ်ဖို့ ဖိတ်ခေါ်တယ်။ သူရဲ့ရည်ရွယ်ချက်က ဘာလဲ။”
ထိုသို့ မေးသောသူများသည် အခုမှ အဖွဲ့စည်းထဲသို့ဝင်လာကြသော လူငယ်များနှင့်လူကြီးအချိူ့များဖြစ်လေသည်။
"ဘာကြောင့်လဲ၊ သူ့သားငယ်လေးရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ အမှန်တကယ် အရည်အချင်းရှိတဲ့သူကို ရှာနေတာလေ။ ယွိဇယ် ရဲ့ကံတရားက သာမာန်လူတွေ နည်းနည်းလေးရလိုက်တာနဲ့ တစ်သက်လုံး စည်းစိမ်ဥစ္စာ ချမ်းသာခြင်းတွေနဲ့ပြည့်စုံအောင်နေမှာ။ သနားစရာကောင်းတာက အကောင်းရှိရင် အဆိုးရှိနေတာပဲလေ သူကမွေးထဲက သားသမီးမြေးမြစ်တွေမရနိုင်ဘူးလို့ တွက်ထားခံခဲ့ရတာ။ သူရဲ့ ရှိသမျှကံတွေက ချမ်းသာကြွယ်ဝမှုတွေ ဂုဏ်သိက္ခာတွေအတွက်ပဲ အကုန်စုပုံနေတာ”
လူငယ်လေးသည် ခဏလောက်စဉ်းစားလိုက်ပြီး ငြူစူတဲ့စိတ်နဲ့ပြောလေသည် "...ကျွန်တော်ကတော့ သူ့ဘဝနဲ့ လဲမလားဆို လဲမှာဗျ။ ကျွန်တော်ကတော့ သားစဉ်မြေးဆက်တွေမလိုချင်ပါဘူး။ စည်းစိမ်ဥစ္စာနဲ့ ချမ်းသာတဲ့ဘဝနဲ့ပဲ နေချင်တာ"
လူကြီးက “မင်းမိဘတွေက မင်းကို မသတ်ဘူးလား”ဟု အရွှန်းဖောက်လိုက်သည်။
လူငယ်က စကားရပ်သွားသည်။ လူငယ်များသည် ကလေးရှိမရှိကို ဂရုမစိုက်ကြသော်လည်း သက်ကြီးရွယ်အိုများက ထိုသို့မထင်ကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့အတွက်ကြောင့်ပင် ယွိလူကြီးမင်းသည် လူများအားနှစ်စဉ်နှစ်တိုင်း ဖိတ်ကြားခဲ့ဖြင်းဖြစ်သည်။ ဒီနှစ်တွင် သူသည် ကုယဲ့အတွက် ဖိတ်စာရေးခဲ့ပြီး, ထိုဖိတ်စာအား စားပွဲပေါ်တွင် တင်ထားလေသည်။
ကုယဲ့သည် သူ၏ကျောင်းလွယ်အိတ်ကို လွယ်ပြီးနောက် တံခါးရှေ့မှာရပ်ကာ "စိတ်မပူပါနဲ့ ကံပဲပေါ့" ဟု သူ၏မိဘများအား နှုတ်ဆက်လိုက်သည်။
ကုကတော်သည် မျက်စောင်းထိုးကာ စာမေးပွဲရမှတ်က ကံနဲ့ မည်သို့သက်ဆိုင်မည်နည်း "စာမေးပွဲကို ကောင်းကောင်းဖြေခဲ့၊ ဖြေပြီးရင် မေးခွန်းတွေကို သေသေချာချာစစ်နော်၊ ဒီနေ့ကစပြီး သွားရေစာတွေ မစားနဲ့တော့၊ မနက်ဖြန် စာမေးပွဲခန်းကိုသွားတဲ့အခါ မဖျားစေနဲ့နော်။ စာမေးပွဲပြီးရင်၊ အမေ သားကို စာမေးပွဲခန်းအဝင်ဝမှာ လာကြိုမယ်။ မင်းစာမေးပွဲမအောင်ရင် မင်းအဖေ မင်းကို ရိုက်လိမ့်မယ်။"
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...