အပိုင်း ၃၂ နှစ်ထောင်ချီတိုင် ဝတ်လစ်စလစ် ဖြစ်နေခြင်း အပိုင်း ၁

1.5K 294 3
                                    

အပိုင်း ၃၂ နှစ်ထောင်ချီတိုင် ဝတ်လစ်စလစ် ဖြစ်နေခြင်း အပိုင်း ၁

ကုယဲ့ က ဆွံ့အသွားခဲ့သည်။ ဒီအစ်ကိုကြီး ဘာဖြစ်နေတာလဲ။ သူ ဒီအထိတောင် ရောက်အောင် လာခဲ့ပြီး ဘာလို့ ဘာလို့ လာ ဆူပုတ်ပြနေတာလဲ?

တစ္ဆေစစ်သူကြီးက ခဏတုံ့ဆိုင်းသွားပြီးနောက် ကုယဲ့ကို ခေါင်းလောင်းတစ်လုံးပေးလိုက်သည်။ "အကူအညီလိုတဲ့အခါ ကျုပ်ကို ဆင့်ခေါ်လိုက်"

ကုယဲ့ ခေါင်းလောင်းကိုကြည့်လိုက်သည်။ ခေါင်းလောင်းကား စိတ်ဝိညာဉ်စွမ်းအားများနှင့် ပြည့်နှက်နေတာကြောင့် ဘယ်လောက်ဝေးဝေး လှုပ်လိုက်သည်နှင့် တစ္ဆေစစ်သူကြီးက ကြားနိုင်မည် ဖြစ်သည်။ ဒါက သူ့ကို အကာအကွယ်ပေးမည့် အဆောင်တစ်ခု ပေးတာဟု ယူဆနိုင်သည်။ မဆိုးလှ၊ တစ်စုံတစ်ယောက်ကို အကူအညီမတောင်းခင် ကြိုတင် လက်ဆောင်ပေးသည့်သဘော။ ကုယဲ့ က ပြုံးပြုံးလေး လက်ခံလိုက်ပြီး

"ပြီးတော့ရော"

တစ္ဆေစစ်သူကြီး က "အချက် နှစ်ချက် တစ်ချက်က အရှင့်ကို ကျုပ်ရဲ့ တည်ရှိမှု မပြောပြရဘူး"

ကုယဲ့၏ နှုတ်ခမ်းများ  တဆတ်ဆတ် တွန့်သွားပြီး "အရှင် ဟုတ်လား၊ ဒီအခေါ်အဝေါ်က ...... ခင်ဗျားသေတာ ဘယ်နှစ်နှစ် ကြာပြီလဲ"

"ကြာလွန်းတော့ မမှတ်မိတော့ဘူး"

ကုယဲ့ ဆွံ့အသွားခဲ့သည်။ အိုကေလေ......ဒီအကြောင်းပြချက်က လက်ခံပေးလို့ရတယ်၊ "ဒါနဲ့ သူ့ကို ဘာလို့ မပြောရမှာလဲ"

"သူက သူ မမြင်နိုင်၊ မထိန်းချုပ်နိုင်တဲ့အရာတွေကို အနားမှာနေဖို့ ခွင့်ပြုမှာမဟုတ်ဘူး။"
အဲဒါကိုကြားတော့ ကုယဲ့ မျက်မှောင်ကြုတ်သွားသည်။ ယွိဇယ် မှာ ဒီလို စရိုက်ရှိလို့လား။ ကြည့်ရတာတော့ အမြဲ ပြေပြေပျစ်ပျစ်ပါပဲ။

ထို့နောက် ကုယဲ့ က မေးလိုက်သည် "ဒါဆို အစ်ကိုကြီးက ဘာလို့ ယွိလူကြီးမင်းနောက်လိုက်နေတာလဲ"

"အရှင်က ကျုပ်ကို သုံးကြိမ် အသက်ကယ်ခဲ့တဲ့အတွက်  ကျုပ်က အရှင့်ကို သုံးဘဝ ပြန်ကာကွယ်ပေးမယ်"

ကုယဲ့ ခဏ တုံ့ဆိုင်းသွားပြီး ခံစားချက်အပြည့်နဲ့ ပြောလိုက်သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now