အခန်း 7.2

2.7K 443 0
                                    

ကျောက်ဖန်းယွိ သည် ကုယဲ့ ၏ အထက်စီးဆန်သော လေသံကို ကြည့်လျက် အချင်းအချင်း မဟုတ်ပါက၊ သူသည် ကုယဲ့ ၏အမာခံပရိတ်သတ်လုပ်နေမည်ဖြစ်သည်
မေးမြန်းပြီးနောက်၊ သူတို့အားလုံးသည် သရဲမ၏ ကြေကွဲစရာကောင်းလှသော ဇာတ်လမ်းကို စာနာလာကြသည်။
သရဲမ၏အမည်မှာ ၀မ်ချန်းချန်း ဖြစ်ပြီး သူမသည် ဤမြို့ဇာတိဖြစ်သည်။ လွန်ခဲ့သည့် ခုနစ်နှစ်တွင် ကျော်ကြားသော တက္ကသိုလ်တစ်ခု၏ သရုပ်ဆောင်မေဂျာ မှ ဘွဲ့ရပြီးနောက်တွင် သူမသည် အလားအလာရှိသော အနာဂတ်တစ်ခု ပိုင်ဆိုင်ထားသော်လည်း သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ရုတ်တရက် သိလိုက်ရသည်။ သူမရဲ့ချစ်သူသည် သူမထက်တစ်နှစ်ပိုကြီးပြီး အဆိုမေဂျာကို လေ့လာပြီး ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်နေပြီဖြစ်သည်။ သူသည် အသားနုပျိုကာ ရုပ်ရည်ချောမောပြီး သီချင်းဆိုအကတွေ သီဆိုနိုင်တဲ့ စွမ်းရည်ရှိုးများတွင်လည်း ပါဝင်ခဲ့ပြီး လူကြိုက်များကာ  အလားလာကောင်းသောလူတစ်‌ယောက်ဖြစ်သည်။
ချစ်ခြင်းမေတ္တာတွင် ရစ်မူးနေခဲ့သော ၀မ်ချန်းချန်း သည် သရုပ်ဆောင်ခြင်းကို စွန့်လွှတ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပြီး သူမ၏ ချစ်သူနှင့် ပထမဆုံးလက်ထပ်ကာ ကလေးမွေးဖွားပြီးနောက် ကလေးကို ပြုစုစောင့်ရှောက်ရန် သူမ၏ ချစ်သူ၏ မိဘများထံ ပေးအပ်ရန်ဆုံးဖြတ်ထားခဲ့သည်။ သူမ ၏ချစ်သူအား ထိုအကြံအစည်ကို ပြောပြသောအခါ သူမအား ချစ်သည်ဟု အမြဲတစေပြောနေတဲ့ ယောက်ျားသည် သူ၏ဘဝကို နောက်ကြောင်းပြန်လှည့်ကာ အိမ်ထောင်ပြုရန် ငြင်းဆိုခဲ့ပြီး ကလေးယူခွင့်မပေးခဲ့ပေ။ အကြောင်းပြချက်မှာ သူအသက်မွေးဝမ်းကြောင်းအလုပ်များသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီဖြစ်သောကြောင့် သူ့ ၏ အသိုင်းအဝိုင်းသည် ပရိတ်သတ်များနှင့် ပြည့်နှက်နေသည်။အကယ် ၍ သူ အိမ်ထောင်ကျပြီး ကလေးမွေးထားသည်ကို သူ၏ပရိသတ်များ သိလျှင် ထိုအချက်သည် သူ၏ အသက်မွေးဝမ်းကြောင်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
၀မ်ချန်းချန်း သည် သူမ၏ဗိုက်ပိုကြီးလာကာ သူမ၏ရည်းစားသည်လည်း သူမအား ပို၍ ရှောင်လာတာကိုမြင်လာရသောအခါ သူမသည် သစ္စာဖောက်ခံလိုက်ရပြီဟု ခံစားလိုက်ရသည်။ သူမသည် မိဘမဲ့တစ်ဦးဖြစ်ပြီး မိသားစု၏နွေးထွေးမှုကို တောင့်တလွန်းသောကြောင့် ထိုယောက်ျားအား သူမ အရမ်းချစ်မြတ်နိုးသည်၊ ရည်းစားဖြစ်သူအား ကြမ်းတမ်းသောစကားများဖြင့် ခြိမ်းခြောက်ရန် တွန့်ဆုတ်မနေဘဲ သူမနှင့် အိမ်ထောင်မပြုလျှင် သူမနှင့်ဆက်ဆံရေးကို လူများအကြား ထုတ်ပြမည်ဟု ခြိမ်းခြောက် ခဲ့သည်။ ဒေါသကြီးသော သူမ၏စကားတစ်ခွန်းသည် သူ့ချစ်သူ၏ လူသတ်ချင်စိတ်ကို လှုံ့ဆော်ပေးခဲ့သည်။
သူမသည် ယောက်ျားတစ်ယောက်၏ ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာကို လျှော့တွက်ကာ တခြားသူ၏နှလုံးသားတွင်ရှိသော သူမ၏ အနေအထားကို လွဲမှားစွာ တွက်ဆခဲ့သည်။ တစ်ခုသော ညတစ်ညတွင် ၀မ်ချန်းချန်း ၏ ချစ်သူသည် သူမအား ထိုအချိန်က တည်ဆောက်ဆဲဖြစ်သော အလက(၅)ကျောင်းသို့ ခေါ်ကာ သူမအား ရက်စက်စွာ ကျောက်ခဲဖြင့် ထုသတ်ခဲ့သည်။
၀မ်ချန်းချန်း အသက်ငင်ငင်ရှိနေချိန်တွင် သူမ၏ချစ်သူသည် ဆာလဖျူရစ်အက်ဆစ်ပုံးတစ်ပုံးဖြင့် သူမ ၏ခန္ဓာကိုယ်အား ဖျက်စီးကာ သက်သေများကို ဖျောက်ဖျက်ခဲ့သည်။
၀မ်ချန်းချန်း တွင် မိသားစုမရှိသောကြောင့် သူမ၏ပျောက်ဆုံးမှုအား မည်သူမှ တိုင်ကြားခြင်း မရှိခဲ့ပေ။ အလက ( ၅ )ကျောင်းကို ဆက်လက် ချဲ့ထွင်ခဲ့သော်လည်း ပျက်စီးလုနီးပါး အလောင်းတစ်လောင်းကို မြေထဲတွင် မြှုပ်နှံထားသည်ကို မည်သူမှ မသိခဲ့ကြပေ။ ဆောက်လုပ်ရေး လုပ်သားများသည်လည်း ဆက်လက် အလုပ်လုပ်ကိုင်ကြပြီး လူတစ်‌ယောက်သေဆုံးခဲ့သော အဖြစ်ဆိုးကြီးသည် ခုနစ်နှစ်တိုင်တိုင်နှစ်မြုပ်ခဲ့သည်။
၀မ်ချန်းးချန်း သည် နာကြည်းမှုတွေအပြည့်ဖြင့် ကလဲ့စားချေလိုသောစိတ်ဖြင့် သေခဲ့သောနေရာတွင် မြေနှင့်တွဲကပ်၍ မြေစောင့်ဝိညာဉ်အဖြစ် ပြောင်းလဲခဲ့သည်။ လင်းစစ်ဟောင် နှင့် လျို့ယိ၀မ် တို့သည်  ကလောင်နတ်သမီးကို ဆင့်ခေါ်ကာ သူမနှင့် ဆယ်မီတာသာဝေးသော ယောက်ျားလေးများ၏ အိပ်ဆောင်သို့ သွားလာနိုင်သော ၀မ်ချန်းချန်း ကိုလည်း ခေါ်သကဲ့သို့ဖြစ်သွားခဲ့သည်။
၀မ်ချန်းချန်း သည် ကျောင်းမှထွက်ချင်သော်အခါ သူမသည်တစ်စုံတစ်ယောက်အား သတ်၍ တစ်ဖက်လူ၏ ဝိညာဉ်ကို သူမ၏နေရာတွင် အစားထိုးရမည်ဖြစ်သည်။သူမသည် *ရှားရှန့်အား မြင်မြင်ခြင်း လိုချင်သွားခဲ့သော်လည်း  ရှားရှန့်သည် တစ်စုံတစ်ခုကြောင့် အမြဲကာကွယ်ခံရခြင်းအတွက် စိတ်ပျက်စရာကောင်းခဲ့သည် နောက်ပိုင်းတွင် သူသည် ကုယဲ့ နှင့် အဆောင်တစ်ခုကို နေခဲ့သည်။ သူမသည် သူမ၏ပစ်မှတ်အား လင်းစစ်ဟောင် နှင့် လျို့ယိ၀မ်ထံသို့ ပြောင်းလဲရန် ရွေးချယ်စရာမရှိတော့ပေ။
၀မ်ချန်းချန်း ၏ အကြောင်းအကျိုး ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုယဲ့ သည် စာနာစိတ်ဖြင့် "ဒါဆို မင်းတကယ် ဒုက္ခရောက်နေတာပေါ့ "
သရဲတစ္ဆေတွေကို စာနာတတ်တဲ့ အထက်လမ်းဆရာ ရှိတယ်! ၀မ်ချန်းချန်း သည် ကုယဲ့ ၏ မျက်လုံးများကို ကွယ်ကာ ကြည့်လိုက်ရာ၊ သူသည် ဟန်ဆောင်သည်နှင့် မတူသည်ကိုတွေ့လိုက်ရပြီး ကုယဲ့ သည် တစ်ခြားအထက်လမ်းဆရာများနှင့် မတူကြောင်းကို သိလိုက်ရသောကြောင့် သူမသည် ရုတ်တရက် ရဲရင့်လာခဲ့သည်။ ထို့နောက် သူမသည် အကြောင်းပြချက်ဖြင့် ပြောသည် ။ " ငါ သူတို့ကို ကူညီခဲ့တယ်၊ အဲ့တာကြောင့် သူတို့ အသက်ကို ငါပိုင်တယ်"
ကုယဲ့ က သူမကို လေးလေးနက်နက် ချီးကျူးခဲ့သည် - "မင်းက လူနှစ်ယောက်စာကို တစ်ယောက်စာအတွက် ပဲယူမယ်ပေါ့ မင်းက တကယ့် စိတ်သဘောထား မှန်တဲ့ စီးပွားရေးသမားပဲ"
၀မ်ချန်းချန်း က အားတက်သရောဖြင့် ခေါင်းညိတ်ကာ " ဟုတ် "
သူမ၏ လှုပ်ရှားမှုကြောင့် ညာမျက်လုံးခြေစွပ်တွင် အသားများစွာမရှိသဖြင့် သူမ ၏ညာမျက်လုံးသည် လှုပ်ရမ်း၍ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အနည်းငယ် ခုန်ပြီးနောက် ကုယဲ့ နှင့် အခြားလူများထံသို့ လှိမ့်ဝင်သွားသည်။
မျက်လုံး ပြုတ်ကျသွားသောကြောင့်၊  ၀မ်ချန်းချန်း သည် မျက်လုံးကို ကောက်ယူရန် ရုတ်တရက် ထလာလေသည်။
"အားးးးးးးးးးးးးးးးးးးးးးးးး" ကုယဲ့ ၏နောက်တွင်ထိုင်နေသော ကောင်လေးသုံးယောက်သည် လွန်စွာထိတ်လန့်သွားကာ လျို့ယိ၀မ် သည် ပြေးသွားပြီး ကုယဲ့ ၏ထိုင်ခုံခြေထောက်တွေကို ပွေ့ဖက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ၀မ်ချန်းချန်း သည် သူမ၏ မျက်လုံးများကို ကောက်ကိုင်လိုက်ပြီး နံရံထောင့်သို့ ပြန်တွားသွားကာ မျက်လုံးစွပ်များထဲသို့ ပြန်ဖိကာ "ဟဲဟဲ  တောင်းပန်ပါတယ်" လို့ ပြောလိုက်ပါသည်။
ကောင်လေးသုံး‌ယောက်- "..."
ကုယဲ့ သည် စိတ်ရှုပ်စွာဖြင့် သူ၏ နားရွက်ကို အုပ်လိုက်သည် ။ မျက်လုံးကောက်ရင်း အမှိုက်သုံးကောင်ပါ ကောက်သွားတာ မဟုတ်ဘူး အေးရော။
" ကုယဲ့ ကယ်ပါကွာ၊ အခု ငါတို့ ဘာလုပ်ရမလဲ" လင်းစစ်ဟောင် က အော်ဟစ်ပြီး ကုယဲ့ ၏ဘောင်းဘီခြေထောက်တွေကို ဆွဲ၍ ကုယဲ့ အား အသံတိုးတိုးဖြင့် အချိန်မဆွဲဘဲ နှင်လိုက်ရန် အသိပေးနေတော့သည်။
ကုယဲ့ သည် သူ၏ ခြေသည်းများကို ပုတ်ထုတ်လိုက်ပြီး ၀မ်ချန်းချန်း ကို ပြုံးလျက်ပြောနေသည် "သူတို့ကိုလွှတ်ပေးလိုက် မင်းအတွက်ငါကူညီပေးမယ် ပြီးတော့ ကလေးကလဲမွေးပြီးပြီမလား သူကမင်းထက်တောင် ပိုပြီးအငြိုးကြီးသေးတယ်"
ပိုပြီးအငြိုးကြီးတဲ့ကလေး ရှိသေးတာလား။ !
သုံးယောက်သားသည် ၀မ်ချန်းချန်း ၏ဗိုက်ကို ကြည့်ကာ “ဟုတ်သားပဲ၊ သူ မသေခင်တုန်းက ကလေးမွေးတော့မှာ မလား အခုတော့ သူ့ဗိုက်မရှိတောဘူး “သူတို့သုံးယောက်သည် Gu Ye နှင့် နီးနီးကပ်ကပ်နေမှ သာလျှင် သူတို့ဘေးကင်းနိုင်မည်ဟု ခံစားရသောကြောင့် သူရင်ခွင်ထဲမှာ ပုန်းအောင်းထားချင်စိတ်နဲ့ ကုယဲ့ ၏အနားသို့ တိုးကပ်သွားကြသည်။
"ဟီး ဟီး ဟီး ဟီး~" တစ္ဆေသရဲရယ်မောသံသည် ဦးရေပြားကို ထုံကျင်သွားစေသည်။ လင်းစစ်ဟောင်သည် အသံကိုနောက်လိုက်၍ ထိတ်လန့်တကြားကြည့်လိုက်သောအခါ သူ၏ကုတင်ပေါ်တွင် ဘောလုံးလေးတစ်လုံး ဖြည်းညှင်းစွာတွားလာည်ကို မြင်လိုက်ရသည် ။ အခန်းမှာ မှောင်နေသောကြောင့်၊ အနက်ရောင် မြူခိုးတွေကို ဘယ်လိုမှ မမြင်ရပေ၊ သူ၏ခြေလက်များ ကောက်လိမ်နေသည်ကိုသာ မြင်တွေ့ရသည်၊ သူ၏ ခေါင်းသည် အလွန်ကြီးသည် ၊ သူ့တွင် သွေးနီရောင် မျက်လုံးတစ်စုံ ရှိနေကာ အရာအားလုံးကို မြိုချနိုင်သော ပါးစပ်ကြီးရှိနေသည်။
လင်းစစ်ဟောင် သည် ခုဏက ထိုစောင်လေးထဲတွင် အိပ်နေပါသော်လည်း  ကလေးရှိမှန်း သူမသိပေ၊ ဒီကလေးကို သူ့လက်ထဲမှာ ကိုင်ထားသည်ကို တွေးလိုက်သောအခါ ကြောက်လန့်တကြားနှင့် ထိုင်ချလိုက်သည်။ သူ၏ ခြေထောက်များကို ကျစ်ကျစ်ပါအောင် ဖိထားကာ ကြောက်သေးပန်းနေသည်။ နောက်ကျ ဘယ်လိုအိပ်မလဲ။ စောင်ကို မြင်တာနဲ့ပင်ကြောက်နေမည်ဖြစ်သည်။
သူ၏အမေဖြစ်သူ ရိုက်နှက်ခံရသည်ကိုမြင်၍ ကလေးသရဲသည် မကူညီချင်ပေ၊ သူသည် လူ့သဘောသဘာဝကို သိပ်နားမလည်ပေ၊ ကုယဲ့ ၏ခန္ဓာကိုယ်ပေါ်မှ ရောင်ဝါကို ခံစားလိုက်ရသောအခါ၊  သူ ၏ ဘတ်စကတ်ဘော နီးပါးကြီးသော ပါးစပ်ကို ရုတ်တရက်ဖွင့်လိုက်ကာ ကုယဲ့ ဆီသို့ အလျင်စလို ပြေးသွားလေသည်။ သူ့ခန္ဓာကိုယ်သည် မည်းမှောင်နေကာ ကုယဲ့ ၏သွေးဆာနေတဲ့ ပုံစံကြောင့် ကုယဲ့ မျက်မှောင်ကြုတ်သွားသည်- “တစ်ကိုယ်လုံးမြိုချရင် အဆင်ရောပြေပါ့မလား”။



ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now