Another Announcement

3.9K 146 16
                                        

Admin 2ပါ
ဦးစွာပထမဆုံး အပိုင်းသစ်မတင်သေးဘဲ ကြေငြာချက်တွေချည်း တင်နေရလို့ တောင်းပန်ပါတယ်။
နောက်ထပ် တစ်ခု ဦးထိပ်ထားပြောချင်တာကတော့ တကူးတက ဝင်ရောက် ဝေဖန်အကြံပြုပေးမှုကိုလည်း အထူးကျေးဇူးတင်ပါတယ်
ဒါပေမဲ့ ဖြေရှင်းစရာ​လေး ရှိလာလို့ မဖြေရှင်းရင် အထင်လဲကြမှာ စိုးတဲ့အတွက် (ပုံထည့်ထားပေမဲ့) မည်သူ့ကိုမှ မကောင်းမြင်တဲ့ စိတ်သဘောထားနဲ့ ဖြေရှင်းတာ မဟုတ်ကြောင်း နားလည်ပေးစေလိုပါတယ်ရှင့်

ကျွန်မတို့ admin နှစ်ယောက် ကုယဲ့ကို စတင် ပြန်ကြဖို့ ဆုံးဖြတ်တုန်းက wpမှာ စမတင်ခင် တစ်လကျော်ကတည်းက အကုန် ပြင်ဆင်ခဲ့ကြရပါတယ်
အဲ့အချိန်မှာ နှစ်ယောက်လုံး အလုပ်အကိုင်ကလည်း မရှိ၊ အိမ်ကလည်း မပြေလည်ပေမဲ့
လက်ကျန်ငွေလေး နှစ်ယောက်ပေါင်းပြီး ငွေ နှစ်သောင်းနဲ့ ဘာသာပြန်တွေကို ငှားရမ်းခဲ့ပါတယ်ရှင့်။

ဒီလိုမျိုးတွေကို သနားစရာ ဖြစ်အောင် ဂရုဏာသက်အောင် ဆိုတဲ့ သဘောမျိုးတွေ ဖြစ်လာမှာစိုးလို့ အစကဆို ရှင်းတောင် မရှင်းပြချင်ခဲ့ပါဘူး
အဲ့အချိန်တုန်းက ဘာသာပြန် တစ်ယောက်ကို ပေးတဲ့ လခက တစ်ပိုင်း ငွေ ၁၂၀၀ ကျပ်ပါ
ကာလပေါက်ဈေးနဲ့ ယှဥ်ရင် အရမ်းအရမ်းကို နည်းပါးပြီး ခေါင်းပုံဖျက်နေသလိုပါပဲ
ဒါပေမဲ့လည်း ကိုယ့်အခြေအနေကိုယ်သိတဲ့အတွက် ရှက်ရှက် မျက်နှာ ပူပူနဲ့ပဲ အခြားဘာသာပြန်တွေကို ဆက်ငှားရမ်းထားခဲ့ရပါတယ်

သို့သော်ငြားလည်း မပေးနိုင်တဲ့ လုပ်အားငွေအစား Admin 2 က သိထားသမျှ ဘာသာပြန် ဗဟုသုတတွေကို ဘာရယ်မှ မချန်ထားဘဲ မျှဝေပေးခဲ့ပါတယ်

ဒါတောင် တွက်ကြည့်မယ်ဆို တစ်ပိုင်း ၁၂၀၀
ဆယ်ပိုင်း ၁၂၀၀၀၊
ဒီလိုနဲ့ ရှိရာ မုန့်ဖိုးစုပြီး ကုယဲ့ အပိုင်း ၂၅ အထိ တောင့်ခံလာခဲ့ပါတယ်
အဲ့အထိ paid gpမှာ အားပေးသူ admin 1 ရဲ့ အမေနဲ့ စာဖတ်သူ တစ်ယောက်သာ ရှိပါတယ်

ဒါမဲ့ အဲ့နောက်မှတော့ လူအားရော ငွေအားပါ မလိုက်နိုင်တော့တဲ့အ​ခြေအနေမှာ admin နှစ်ယောက်တိုင်ပင်ပြီး ဘာသာပြန် အုပ်စုကို ရပ်နားခဲ့ပါတယ်
paid gpကိုလည်း ဆက်မလုပ်တော့ဘဲ....'ငါတို့ အားမှပဲ ဘာသာလေး ပြန်ပြီး ဖြေးဖြေးတင်ကြတာပေါ့' ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ paid gpတွေပါ ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now