၇. ပိုက်ဆံ ရှိလား? ရှိမှ စကားဆက်ပြော
သေစမ်း! နာလိုက်တာ!
သူ့ကို ကယ်တင်ခံလိုက်ရပြီကို သိလိုက်ရသည့်အခါ ကျောက်ဖုန်းယွိ သည် အသက်ပြင်းပြင်းရှူပြီး သရဲမနှင့် အဝေးကို တွားသွားခဲ့ပြီး ဘယ်သူလဲ ဆိုတာ မြင်သွားသောအခါ မေးရိုးပြုတ်ကျလုနီးပါး တုန်လှုပ်သွားပြီး "... ကုယဲ့?"ကုယဲ့ သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လင်းစစ်ဟောင် နှင့် လျို့ ယိ၀မ် ကို ဦးစွာ ကြည့်ခဲ့သည်။ သူသည် နှစ်ညဆက်တိုက်မအိပ်ရသေးသောကြောင့် အတော်လေး စိတ်ဆတ်နေပြီး "အကယ်ခံရတဲ့ကောင်တွေက ကျေးဇူးရှင်တွေကို နာမည်တပ်၍ခေါ်ဖို့ အဆင့်မရှိဘူး။ ဒူးထောက်ပြီး ငါ့ကို အဖေလို့ခေါ်”
ကျောက်ဖုန်းယွိ: "... ဟေ့ကောင် မင်းက နံပါတ်၂ စရိုက်လား
ကုယဲ့ ၏ ပင်ကိုယ်စရိုက်သည် သူနှင့် ကျောင်းမှာတွေ့တုန်းကနှင့် အတော်ကွာခြားသည်။ကုယဲ့ သည် ကျောက်ဖုန်း ကိုကြည့်လျက် "မင်းက ချမ်းသာတဲ့ မိသားစုမှာ မွေးလာတာ၊ မင်းရဲ့ဘိုးဘေးတွေက စစ်အရာရှိတွေ၊ မင်းအဘိုးကလည်း စစ်တပ်ထဲ ဝင်ခဲ့ဖူးတယ်၊ မင်းအဖေတို့မျိုးဆက်ကစပြီး စီးပွားရေးစလုပ်တယ်၊ မင်းအမေရဲ့ မျိုးရိုးက ပိုချမ်းသာပြီး ပိုသြဇာကြီးတယ်၊ မင်းအမေက စိတ်ဓာတ်ကြံခိုင်တဲ့ အမျိုးသမီးဖြစ်ပြီးတော့ ကိုယ်ပိုင်ကုမ္မဏီလည်း ရှိလိမ့်မယ် ၊ ငယ်ငယ်တုန်းက မင်းအမေမှာလမင်းကိုပြုစုစောင့်ရှောက်ဖို့ အချိန်မရှိလို့သာ မင်းနဲ့ မင်းအမေက ဆက်ဆံရေးက အဆင်မပြေတာ၊ အဓိကကတော့ မင်းကိုက မင်းအမေကို ကလန်ကဆန်လုပ်ချင်နေတာ။ နောက်ဆုံးကျရင်လည်း မင်းအရိုက်ခံရတာနဲ့ ပြီးသွားတာပဲ။ မင်း လေးနှစ်သားအရွယ်မှာ သေမလိုဖြစ်တုန်းကလဲ မင်းအမေကပဲ သူ့အသက်ကိုစွန့်ပြီး မင်းကိုကယ်ခဲ့တာ အဲ့တာတွေကို မင်းကမေ့ပစ်လိုက်တယ်။ အခုချိန်ထိ မင်းကကပ်ဆိုးနဲ့ကြုံနေရတုန်းပဲ၊ အဲဒါကို ကျော်ဖြတ်နိုင်ရင် မင်းရဲ့ အနာဂတ်က တော်တော်ကြီးအဆင်ပြေလာမှာ မင်းမလုပ်နိုင်ရင် မင်းသေမှာ။"
ကျောက်ဖုန်းယွိ သည် ကြောင်တက်တက်ဖြင့် သူ၏ရှေ့တွင်ရှိသော ခွေးခြေကို ကောက်ယူလိုက်ကာ ခွေးခြေက သူ့အား လုံခြုံမှုပေးစွမ်းနိုင်သကဲ့သို့ တင်းတင်းကြပ်ကြပ် ကိုင်ထားသည်။
ESTÁS LEYENDO
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...