အခန်း 12.2

2.9K 434 4
                                    

ကျောင်းပြန်တက်ရသောအခါ ကုယဲ့သည် အရင်အတိုင်း သူ့ကျောပိုးအိတ်ကို လွယ်ကာ စာသင်ခန်းဆီသို့ ဦးတည်သွားလေသည်။ သို့သော် ကံမကောင်းစွာဖြင့် ကျောင်းဂိတ်ဝ၌ပင် အတားခံလိုက်ရလေသည်။ ဘေးတွင် ရှိနေသည့်  ကျောင်းသားများလည်း မသိမသာကြည့်မိကြပြီး  ကုယဲ့ကို သနားစာနာသွားကြသည်။ 'ကုယဲ့က အရမ်းသနားဖို့ကောင်းတာပဲ။ အရင်ကလည်း ချန်ကျန်းကို သွားထိလို့  နံပါတ်တစ် ကျောင်းအနိုင်ကျင့်အဖွဲ့နဲ့ ထိပ်တိုက်တွေ့ရပြီး အခုလည်း  နံပါတ်နှစ် ကျောင်းအနိုင်ကျင့်အဖွဲ့က လာနှောင့်ယှက်ပြန်ပြီ။ သူ့ကို ကြည့်ပါဦး လူကောင်လေးက သေးညှက်ညှက်လေး ဟိုဘက်စကတ်ဘော ဆော့နေတဲ့ စစ်ဟုန်ရှင်းနဲ့ ယှဉ်လိုက်ရင် ကင်းကောင်ကြီးနဲ့ ဘာဘီရုပ်လေးကြနေတာပဲ။ စစ်ဟုန်ရှင်း ပါးရိုက်လိုက်တာနဲ့ လွင့်ထွက်သွားမှာပဲ။'  

သို့သော် နောက်ဖြစ်လာသည့်မြင်ကွင်းက သူတို့အားလုံးကို အံ့အားသင့်သွား‌စေသည်။ စစ်ဟုန်ရှင်းသည် အံကိုတင်းတင်းကြိတ်လျက် လေးလေးနက်နက် ဦးညွှတ်ကာ အားမာန်အပြည့်ဖြင့်ပြောလေသည်။  "ငါ့အဖေနဲ့အမေရဲ့ အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အခုကစပြီး မင်းက ငါ့ရဲ့အကိုကြီးပဲ။ ငါ့အသက်က မင်းအပိုင်ပါ။ မင်းကို ချန်ကျန်းကထပ်နှောင့်ယှက်ရင် ငါ မင်းအတွက် အစွမ်းကုန် ပြန်တိုက်ပေးပါ့မယ်။" 

ထိုစကားကို ကြားသောအခါ ဘေးတွင်ရှိနေသည့် ကျောင်းသားများအားလုံး အံ့ဩသွားကြသည်။ 'ဘာတွေလဲ?! စစ်ဟုန်ရှင်းရူးသွားပြီလား။ ကုယဲ့ကို ခေါင်းဆောင်တင်နေတယ်။ ကုယဲ့က သူတို့လုပ်တာတွေ လုပ်နိုင်လို့လား။ ဆေးလိပ်၊အရက်တွေ သောက်နိုင်လို့လား၊ လူမိုက်ကေထားနိုင်လို့လား၊ ကောင်မလေးတွေခေါ်ပြီး ကလပ်တွေတက်နိုင်လို့လား၊ ရန်ပွဲတွေရော ပါနိုင်လို့လား။'   

ကုယဲ့သည် စစ်ဟုန်ရှင်းကို စက္ကန့်အနည်းငယ်ကြာ ကြည့်ပြီး လေးနက်သော မျက်နှာထားဖြင့် "စိတ်မရှိပါနဲ့ ငါ ညီလေးလည်း မလိုချင်ဘူး၊ အဖွဲ့လည်းမထောင်ချင်ဘူး။ ငါ့စိတ်ထဲ စာလုပ်ဖို့ပဲရှိတယ်။" 

စစ်ဟုန်ရှင်း : "..."

"ဖလူး!" ရပ်ကြည့်နေသူများထဲမှ မည်သူရယ်လိုက်သည်ကို မသိလိုက်သော်လည်း ထိုစကားကြောင့် သူတို့အားလုံး ရယ်ချင်သွားသည်။ ကုယဲ့ပါးစပ်မှ 'စာလုပ်'သည်ဟူသော စကားကို ကြားရသည်မှာ ရယ်စရာအလွန်ကောင်းနေလေသည်။ 

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now