အခန်း 15.1

2.6K 443 1
                                    

အခန်း ၁၅ သေမင်းနှုတ်ခမ်းဝရောက်နေသော အသက်တစ်ချောင်း
မိုးတွေက တစ်ညလုံး ရွာလိုက်တိတ်လိုက်ဖြစ်နေသည်။ နောက်နေ့နံနက်ခင်းအစောမှာတော့ အရုဏ်မတက်ခင်မှာ ပင် တတိယထပ်တွင်နေသော ညီအစ်ကိုနှစ်ယောက်လုံးသည် တစ်ပြိုင်တည်းနီးပါး တံခါးဖွင့်လိုက်ကြသည်။ ကုယန်သည် အိတ်အကြီးတစ်အိတ်ကိုသယ်လျက် ကုယဲ့နောက်မှ လိုက်ကာ ကားဂိုဒေါင်ဆီသို့ သွားကြလေသည်။
ကုယန်မှ တံခါးဖွင့်လုဆဲမှာပင် ကုယဲ့သည် ကုယန်၏‌နောက်ကျောဘက်ရှိကော်လံကို လှမ်းဆွဲလျက် ပြောလိုက် သည်။
“အဲဒါကို အရင်မဖွင့်နဲ့ဦး၊ ငါ အဆောင်အင်းလေး အရင်ဆွဲလိုက်ဦးမယ်”
“အိုး” ကုယန်သည် နာခံစွာဖြင့် ကုယဲ့ အဆောင်အင်းဆွဲနေသည်ကို သဘောကျစွာကြည့်လျက် ဘေးတွင် ရပ်နေ လေသည်။
ကားဆရာ:"……"
ကားအတွင်းသို့ ဝင်ပြီးနောက် ကားဆရာမှာ စက်နှိုးအံ့ဆဲဆဲမှာပင် ကုယဲ့မှ ထပ်ပြောလိုက်သည်။
“စက်မနှိုးနဲ့ဦး၊ အပြင်သွားဖို့ ၆ နာရီထိုးတဲ့အထိ တစ်မိနစ်ပဲလိုရင်တောင် စောင့်ပါ၊ ကျွန်တော် ဒီနေ့ ပိုက်ဆံဝင် အောင်လုပ်မှာမလို့”
ကားဆရာသည် ဆွံ့အသွားပြီး ဉက္ကဌကုက သူ့သားကို ရိုက်တယ်ဆိုတာ အံ့ဩစရာမရှိကြောင်းနှင့် အကယ်၍ ကုယဲ့ သာ သူ့သားဆိုပါကလည်း ရိုက်ချင်မည်ဖြစ်ကြောင်း တွေးတောနေလေသည်။ မနေ့ညက တတိယသခင်လေးသည် သူ့အား ဤအချိန်လောက်ပင် ကားဂိုဒေါင်သို့ လာခိုင်းခဲ့ပြီး တစ်နေရာသို့ လိုက်ပို့ခဲ့ရသည်။ အစကတော့ အရေးကြီး ကိစ္စတစ်ခုရှိတာကြောင့်ဟု ထင်ခဲ့ပေမယ့် နောက်တော့မှ သူဟာ ထူးဆန်းတဲ့ကိစ္စတစ်ခုကို လုပ်နေတာဖြစ်ကြောင်း သိလိုက်ရသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက လွန်စွာနီးကပ်လာပြီဖြစ်သော်လည်း မည်သို့ စိတ်ပူပန်ရမလဲကိုပင် သိဟန်မတူပေ။
နှစ်မိနစ်ခန့်ကြာသော် ကားဆရာသည် ကားစက်နှိုးလျက် မေးလိုက်သည်။
“တတိယသခင်လေးနဲ့ စတုတ္ထသခင်လေးတို့ ဘယ်သွားကြမလဲဗျ”
ကုယဲ့သည် လက်ညှိုးထောင်ကာ တွက်ချက်လျက် “အရှေ့တည့်တည့်ကိုပဲ တောက်လျှောက်သွား၊ ပြီးရင် ပထမ ဆုံးတွေ့တဲ့ ကုန်းကျော်တံတားနားရောက်ရင် ရပ်လိုက်ပါ”
ကုယန်သည် ကျောပိုးအိတ်ကို စိတ်လှုပ်ရှားစွာ ဖက်ထားလျက် ဇစ်ဖွင့်လိုက်ပြီး ကုယန်ထံ ပြလိုက်သည်။
“အစ်ကို ဒီမှာ ကြည့်လိုက်၊ ကျွန်တော် ဘယ်လောက်ကောင်းကောင်းပြင်ဆင်လာလဲဆိုတာ”
ကုယဲ့ ခေါင်းငဲ့စောင်းလျက် ကြည့်လိုက်ပြီး အံ့ဩဟန်ဖြင့် မေးလိုက်လေသည်။
“မင်း တာအိုဝတ်ရုံကို ထပ်လဲပြန်ပြီလား”
“ကျွန်တော် မနေ့ညက ဆိုင်ကိုဖုန်းဆက်ပြီး ဝယ်လိုက်တာ”
ကုယဲ့သည် ငိုရခက် ရယ်ရခက်နဲ့ ကုယန်အားပြုံးလျက်ပြောလိုက်သည်။
“ငါ့ညီက အရမ်းတော်တာပဲ”
“ယေး” ကုယန်သည်  ပျော်ရွှင်စွာဖြင့် တာအိုဝတ်ရုံကို ဝတ်ဆင်လျက် ကျောပိုးအိတ်ထဲမှ နေကာမျက်မှန်ကို ထုတ်ယူကာ တပ်လိုက်လေသည်။
“အစ်ကို ကျွန်တော် မျက်မမြင်ဟန်ဆောင်ရမလား၊ အရိုးတို့ဘာတို့လိုမျိုး တစ်ခုခုကို ကိုင်ရဦးမှာလား”
ကုယန်၏စကားအား ကုယဲ့သည် မနှစ်သက်ဟန်ဖြင့် “မလိုဘူး လူလိမ်တွေမှာ ဝတ်စုံတွေအများကြီးရှိပြီးသား၊ ငါတို့ အဲဒါတွေလုပ်ဖို့မလိုဘူး”
ကားဆရာသည် ညနေအိမ်ပြန်လာရင် ထိုညီအစ်ကိုနှစ်ယောက် အရိုက်ခံနေရမည်ကို စိုးရိမ်သွားတာကြောင့် မျက်နှာတင်းခနဲဖြစ်သွားလေသည်။
အရှေ့တည့်တည့်ကို နာရီဝက်ခန့်မောင်းလာပြီးနောက်မှာတော့ ကုန်းကျော်တံတားအား တွေ့ရလေပြီ။ ကားဆရာ သည် ညီအစ်ကိုနှစ်ယောက် ကားပေါ်မှဆင်းသည်ကို ကြည့်လျက် စိုးရိမ်ပူပန်စိတ်ဖြင့်မေးလိုက်လေသည်။
“တတိယသခင်လေးနဲ့ စတုတ္ထသခင်လေးတို့က ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါလား”
ကုယဲ့သည် လက်ခါပြလျက် အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
“ရတယ် ဒီမှာ အဆင်ပြေပါတယ်”
ကားဆရာဦးလေးသည် ခြေလှမ်းနှစ်လှမ်းခန့်လှမ်းလိုက်ပြီးနောက် ညီအစ်ကိုနှစ်ယောက်အား စိုးရိမ်ပူပန်စွာ ကြည့်လျက် ထိုညီအစ်ကိုနှစ်ယောက်သည် အခြားအိမ်မှဒုတိယသခင်မျိုးဆက်များကဲ့သို့ ပြိုင်ကားစီး၊ မိန်းကလေး တွေ ထည်လဲတွဲပြီး ရန်ခဏခဏဖြစ်တာမျိူးတွေ တစ်ခုမှမလုပ်ကြောင်း တွေးတောမိနေလေသည်။ ကုအိမ်တော်မှ ဒုတိယမျိုးဆက်မှာမူ ထိုအရာများနှင့်ပတ်သက်ခြင်းမရှိဘဲ ဗေဒင်ဟောခန်းတစ်ခု ဖွင့်ပြီး ဒုတိယမျိုးဆက်များအကြား ရှင်းလင်းပြတ်သားကာ ကွဲလွဲမှု တစ်ခုဖြစ်လာလေသည်။
ထိုအချိန်မှာပင် အရုဏ်တက်ချိန်‌ရောက်လာပြီး ဟိုဟိုဒီဒီဖြတ်သွားတဲ့ ကားအနည်းငယ်မှလွဲ၍ လူသူအရိပ်ယောင် မမြင်ရပေ။ ညီအစ်ကိုနှစ်ယောက်သည် ဗေဒင်ဟောသည်ဘုတ်ပြားအား တပ်ဆင်လျက် ကုယန်မှ မေးလိုက် လေသည်။
“အစ်ကို ဒီမှာ ဗေဒင်လာကြည့်မယ့်သူတကယ်ရှိတာရော ဟုတ်ရဲ့လား၊ ကျွန်တော်တို့ရွေးလိုက်တဲ့နေရာက သိပ် အဆင်မပြေဘူးထင်တယ်”
ကုယဲ့သည် မီတာနှစ်ရာအကွာလောက်မှ လာနေသော ဇိမ်ခံကားတစ်စီးအား လှမ်းကြည့်လျက် ပြုံးလိုက်၏။
“အချိန်မကျသေးလို့မဟုတ်ဘူးလား၊ အချိန်က အခုမှကျတာ”
ကုယန်သည် မယုံကြည်ဟန်ဖြင့် လှမ်းကြည့်လျက် ကုယဲ့ဟာ ကားကိုတော့ရပ်‌အောင်လုပ်နိုင်မှာမဟုတ်ဘူး ဟု တွေးနေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကားသည် သူတို့ရှေ့သို့ ရောက်လာပြီး ရပ်ဖို့အစီအစဉ်မရှိဘဲ သူတို့အား ကျော်သွား လေသည်။ ကုယန်သည် ထိုအချိန်တွင် အစ်ကို ဒီတစ်ခါတော့မှားသွားပြီ ဟု ပြောချင်နေသည်။ သို့သော် မမျှော်လင့် ဘဲ အဆိုပါကားသည် သူတို့ဆီမှ ဆယ်မီတာလောက်ကျော်သွားချိန်မှာပဲ ရုတ်တရက်အရှိန်လျှော့သွားပြီး ကားဘေး သို့ တဖြည်းဖြည်းရပ်သွားပြီးနောက် နောက်ပြန်ဆုတ်လာလေသည်။
ကုယန်သည် မျက်လုံးကျယ်သွားပြီး ပါးစပ်များပင်ဟလျက် အံ့ဩသွား၏။ သူ ပြန်လာပြီ၊ အစ်ကိုက ရှေ့ဖြစ်ဟော တတ်တာပဲ။   
ဟယ်ယွင်ယိသည် သားရေဖိနပ်ချုပ်သော စက်ရုံပိုင်ရှင်ဖြစ်လေသည်။ သူ့လုပ်ငန်းက အမြဲအဆင်ပြေခဲ့ပြီး သူ့ရဲ့ နှစ်စဉ် ဝင်ငွေဟာ ၇သန်းရှိသည်။ သို့သော် ကုန်ပစ္စည်းများအားလုံးသည် ရုတ်တရက်မီးလောင်သွားခဲ့သည်။ အကယ်၍ ပစ္စည်းများကို ချိန်းထားသောရက်တွင် မအပ်နိုင်ခဲ့လျှင် ပျက်စီးဆုံးရှုံးမှုများအား ပေးလျော်ရပါက သူ့စက်ရုံတစ်ခုလုံး ရောင်းလိုက်ရင်တောင် ပေးနိုင်ဦးမည်မဟုတ်ပေ။ ထိုသို့ကျဉ်းထဲကျပ်ထဲရောက်နေတာကြောင့် ဟယ်ယွင်ယိသည် သူ့နားက စက်ရုံတွေကို လိုက်လံရှာဖွေလျက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ကုန်ကြမ်းများ ဖြည့်ကူရန် အကူအညီတောင်းရုံကလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။ သို့သော်လည်း သူ့အား ကူညီမည့်သူ ရှာမတွေ့ တာကြောင့် စိတ်ပျက်လက်ပျက်နဲ့ပြန်လာရာ တံတားအောက်တွင် ဆယ်ကျော်သက်ကလေးနှစ်ယောက် ထိုင်နေ သည်ကို တွေ့လိုက်ရလေသည်။
ဟယ်ယွင်ယိသည် ကားပေါ်မှ ဆင်းလျက် ထိုကလေးနှစ်ယောက်ကိုင်ထားတာကို မြင်သောအခါ Coptis chinensis (တရုတ်ဆေးပင်) ကို မျိုချမိသကဲ့သို့ ခံစားလိုက်ရပြီး ရယ်မောလျက်
“မင်းတို့နှစ်ယောက်က ဒီလောက်အေးတဲ့နေ့မှာ ဒီစင်လေးကို ထောင်ပြီး ထိုင်နေကြတယ်ပေါ့၊ မင်းတို့က တကယ်ကို စိတ်အားထက်သန်တာပဲ”
ကုယဲ့သည် ပြုံးလျက် “ကျွန်တော်တို့က ကျွန်တော်တို့နဲ့ရေစက်ရှိတဲ့သူကို စောင့်နေတာပါ‌‌၊ အစ်ကိုရော ဗေဒင် ကြည့်ဦးမလား”
ဟယ်ယွင်ယိသည် မချိုမချဉ်ပြုံးလိုက်ပြီး “တကယ်လို့ ဗေဒင်ကြည့်တာကသာ အသုံးဝင်မယ်ဆိုရင်တော့ ကြည့်တာပေါ့ကွာ”
ဟယ်ယွင်ယိသည် ပိုက်ဆံအိတ်ထဲမှ ယွမ် ၃၀၀ အား ထုတ်လိုက်ပြီး အသက်ပိုကြီးပုံရသော ကုယဲ့အား ပေးလိုက်သည်။
“မင်းတို့နှစ်ယောက်ကို ကြည့်ရတာ ဝတ်ကောင်းစားလှတွေတော့ ဝတ်ထားတာပဲနော်၊ အဆင်ပြေမယ့်ပုံပါပဲ၊ အိမ်မှာ တစ်ခုခုဖြစ်လို့လား၊ ယွမ်သုံးရာဆိုရင် မင်းတို့ညီအစ်ကိုနှစ်ယောက်အတွက် နှစ်ရက်စာတော့ လုံလောက် ပါတယ်၊ အမျိုးတွေနဲ့ သူငယ်ချင်းတွေဆီမှာ အကူညီတောင်းကြည့်ပါလား၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့တော့ အလုပ်ထွက်မလုပ်ကြနဲ့ဦီး”
ကုယဲ့သည် မျက်မှောင်ကြုံ့လျက် “ဒါမဲ့ အစ်ကိုကြည့်ရတာ ကျွန်တော်တို့နှစ်ယောက်ထက် ပိုခက်ခဲနေတာ မဟုတ်ဘူးလား”
ဟယ်ယွင်ယိသည် ခေတ္တမျှ ဆွံ့အသွားပြီး ကုယဲ့ ၏ မျက်လုံးများသည်လည်း ခါတိုင်းထက် နက်မှောင်ကာ သူ့အား အပြုံးယဲ့ယဲ့ဖြင့်ပြုံးလျက် ကြည့်နေလေသည်။ သူဟာ ဇိမ်ခံကားကိုမောင်းလာပြီး ဂုဏ်သိက္ခာရှိရှိဝတ်စားလာရဲ့နဲ့ ဒီတစ်ခါမှမတွေ့ဖူးတဲ့လူငယ်လေးက သူ ငွေကြေးအခက်အခဲဖြစ်နေတယ်ဆိုတာကို မည်သို့သိသနည်း။ တကယ့်  ကျွမ်းကျင်ပညာရှင်နဲ့ တွေ့တာများဖြစ်နေသည်များလား။ ဟယ်ယွင်ယိ၏မျက်နှာသည်လည်း လေးနက်လာပြီး ကံကြမ္မာ ကို လောင်းကြေးထပ်ကြည့်လိုက်ရမလားဟု တွေးတောလျက် အသံဩဩကြီးဖြင့် မေးလိုက်လေသည်။
“ညီလေး ဘယ်လောက်ပေးရမလဲ”
ကုယဲ့သည် ဟယ်ယွင်ယိရဲ့မျက်လုံးများကိုကြည့်လျက် “အခုမြင်ရသလောက် အစ်ကိုက သိပ်အဆင်မပြေဘူး ဆိုတော့ ကျွန်တော် ၃၀၀၀ ပဲ အရင်ယူပါဦးမယ်၊ နောက် နှစ်ဝက်ကြာလို့ အစ်ကိုပြန်ချမ်းသာလာတဲ့အချိန်ကျမှ ကျွန်တော် နောက်ထပ် ၃၀၀၀၀ ယူမယ်”
ဟယ်ယွင်ယိ၏မျက်နှာသည် သုန်မှုန်နေပေမယ့် လက်မလျှော့ဘဲ ထပ်မေးလေသည်။
“ငါ အဆင်မပြေဘူးဆိုတာကို ဘယ်မှာမြင်တာလဲ”
ကုယဲ့သည် အေးဆေးတည်ငြိမ်ဟန်ဖြင့် “တွက်မှာလား”
ဟယ်ယွင်ယိသည် သတိလက်လွတ်ဖြစ်စွာ အံကြိတ်လိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအားလုံးကို ထုတ်လျက် ၃၀၀၀ ပေးလိုက်လေသည်။
ကုယဲ့ ပိုက်ဆံကိုယူလိုက်ပြီး အိတ်ကပ်ထဲထည့်ကာ ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားရဲ့အသွင်အပြင်ကို ကြည့်ရတာ မကောင်းတဲ့အငွေ့တွေက အထဲမှာ ချုပ်မိနေတယ်၊ ယင်ဓာတ် ကလည်း အရောင်အသွေးစုံနေပေမယ့် သိပ်တော့အားမကောင်းဘူး၊ ပြီးတော့ ခင်ဗျားရဲ့ကောင်းတဲ့ကံဟာ သုံးနှစ်ပဲ ကြာလိမ့်မယ်၊ ဒီကိုလာပြီး လက်ကိုပြပါဦး”

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now