အခန်း ၁၀ သူနှင့်ပထမဦးဆုံးအကြိမ်တွေ့ဆုံခြင်း
ကုယဲ့သည် ကုယန်အား ချောင်ကျသော လူသွားလမ်းဆီသို့ ခေါ်သွားလေသည်။ ၎င်းလမ်းပေါ်တွင် ဆိုင်အတွင်း၌ ပန်းကုံးများနှင့် အခင်းများ ရောင်းချနေသော ဆိုင်တစ်ဆိုင်ရှိလေသည်။ ဤနေရာသည် ဆေးရုံနှင့်မျက်စောင်းထိုး တွင် တည်ရှိနေသဖြင့် လုပ်ငန်းကတော့ အတော်ပင်အဆင်ပြေဟန်ရှိသည်။ ကုယဲ့သည် ဆိုင်တံခါးဆီသို့ လျှောက် လာခဲ့ပြီး သူ၏မျက်လုံးထဲတွင် ရင်းနှီးနေသောဆိုင်ကို အနည်းငယ်ရှုပ်ထွေးသောအပြင်အဆင်နှင့် မြင်လိုက်ရ သည်။
“အစ်ကို ဒီလိုဆိုင်မျိုးက လာဘ်တိတ်တယ်ဟုတ်ဘူးလား? ဘာဝယ်မှာမို့လို့ ဒီကိုလာရတာလဲ”
ကုယန်က တက္ကစီ၏ထိုင်ခုံကိုဖက်လျက် အပြင်မထွက်ချင်ပေ။
ကုယဲ့သည် ကုယန်အား အပြင်သို့ ဆွဲချလိုက်ပြီး ပြောလိုက်သည်။
“ငါ့ကို ခဏလေးစောင့်၊ ပြီးရင် မင်းကို အရသာရှိတာလေးတွေ ဝယ်ကျွေးမယ်”
“အွင်း” ကုယန်သည် နာခံစွာဖြင့် တံခါးဝတွင်သာ စောင့်နေလေသည်။
ကုယဲ့သည် ဆိုင်အတွင်းသို့ ဝင်၍ “ဆိုင်ရှင်ရေ ကျွန်တော့်ကို သစ်ကြံပိုးတောင့် ၁၀၈၁ ချောင်း ယူလာပေးလို့ ရမလား” ဟူ၍ အော်လိုက်သည်။
ဆိုင်ရှင်သည် အဘိုးကြီးတစ်ယောက်ဖြစ်ပြီး ကုယဲ့မှ သူ့ဆိုင်တွင် အကောင်းဆုံးကုန်ပစ္စည်းအား တောင်းဆို နေတာကို ကြားသောအခါ ပျင်းရိစွာဖြင့် သူ၏လေးလံသောမျက်ခွံအား ပင့်ကြည့်လိုက်ရင်း ကုယဲ့ကို မြင်သော် သူ့မျက်ဝန်းထဲမှာ စိတ်ပျက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတာကို မြင်လိုက်ရသည်။ ဆိုင်ရှင်သည် ဖြည်းညှင်းစွာထရပ်လိုက်ပြီး ကောင်တာအတွင်းဆီသို့ ခပ်လေးလေးလျှောက်သွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ဒီလိုမျိုး သစ်ကြံပိုးခေါက်ကို ဝယ်ချင်တဲ့လူငယ်က ရှိသေးတယ်တဲ့၊ သနားစရာကောင်းလိုက်တာ”
ကုယဲ့မှ ပြုံးလိုက်ပြီး “ကျွန်တော်တို့ရေစက်ပါရင် ထပ်ဆုံရဦးမှာပါ”
အဘိုးအိုက ခေါင်းခါပြလိုက်ပြီး စကားကို ဆက်မပြောတော့ဘဲ သစ်ကြံပိုးခေါက်များကို ထုတ်ပေးလိုက်သည်။
“လူငယ်လေးက အမြင်ကောင်းရှိတာပဲ၊ ပစ္စည်းကောင်းတွေကို သိတယ်၊ ဘယ်ကျောင်းကလဲ”
"မသိဘူး ဆရာက ဘာမှ မပြောခဲ့ဘူး" ကုယဲ့က ပြုံးပြုံးလေးနဲ့ အချက်တစ်ချို့ကို ညွှန်ပြပြီး "ကျေးဇူးပြုပြီး ဒီအရာတွေ တစ်ခုချင်းစီကို ဝေမျှပေးပါ့မယ်"
“မသိပါဘူး ဆရာက ဘာမှမပြောလိုက်ဘူး” ကုယဲ့က ပစ္စည်းတချို့ကို ညွှန်ပြလိုက် ပြုံးကာပြောလိုက်သည်။
“ကျေးဇူးပြု၍ ကျွန်တော် ဒီဟာတွေရဲ့ တစ်ခုချင်းစီကို ခင်ဗျားကို ပေးပါမယ်”
“မင်းမှာ အမြင်ကောင်းကောင်းရှိတာပဲ၊ မင်းယူသမျှအားလုံးက ပစ္စည်းကောင်းတွေကြည့်ပဲ”
ဆိုင်ရှင်သည် ရယ်မောလျက် ပစ္စည်းများကို ထုတ်ပိုးကာ “သုံးထောင်တိတိ”
ကုယဲ့သည် ပိုက်ဆံကို လှမ်းပေးလိုက်ပြီးနောက် ပစ္စည်းများအား ကျောပိုးအိတ်အတွင်းသို့ ထည့်ကာ အပြင်ကို ရောက်တော့ ကုယန်အား သယ်စေသည်။ ဒီကလေးက ခုနောက်ပိုင်း အများကြီးစားနိုင်လာတာကြောင့် အရွယ် ရောက်တာ ပိုမြန်လာသည်။
“အစ်ကို ဘာတွေဝယ်လာတာလဲ” ကုယန်သည် သူ့အစ်ကိုက ဒီလိုဆိုင်မျိုးမှ ပစ္စည်းများဝယ်ဝယ်လာတာကြောင့် စိတ်ထဲတွင် တုန်လှုပ်ချောက်ချားမြဲဖြစ်သည်။
ကုယန်က အေးအေးဆေးဆေးပြန်ပြောလိုက်သည်။ “ကလေးတွေ ကြိုက်တဲ့ဟာမျိုးပေါ့ကွာ”
ကုယန်သည် ချက်ချင်းပင် ကျောချမ်းသွားပြီး ၎င်း၏နောက်ကျောပေါ်တွင် ဒီလိုအရာမျိုးတွေ သယ်ဆောင်ထား ခြင်း သရဲတစ္ဆေများကို ပိုပြီးမဆွဲဆောင်နိုင်လောက်ဘူးလား ဟူ၍ တွေးကာကြောက်ရွံ့သွားသည်။
“ငါက ဒီတိုင်းစတာပါကွ မင်းတော့ရူးနေပြီ”
ကုယဲ့သည် နှစ်ယောက်အတူစီးလို့ရအောင် စက်ဘီးရှာရန် ကုယန်အား ခေါ်လာပြီး ပြုံးလျက်ပြောလိုက်သည်။
“သွားမယ် ညီလေး၊ ငါ မင်းကို အရသာရှိတာတွေ ဝယ်ကျွေးမယ်၊ အဲဒါမှ မင်းဗိုက်ပြည့်တဲ့အချိန် နေ့လယ်ရောက်ရင် အလုပ်လုပ်လို့ရမှာ”
ကုယဲ့သည် ကုယန်အား စားသောက်ဆိုင်သေးသေးလေးတွေ အများကြီးရှိတဲ့ ဆေးရုံ၏အခြားဘက်ခြမ်းသို့ ခေါ်သွား လေသည်။
“ဒီက အမဲသားခေါက်ဆွဲက အရမ်းစားလို့ကောင်းတယ်”
ကုယန်မော့ကြည့်လိုက်တဲ့အခါမှာ “အမဲသားဘုရင်” ဟူ၍ စကားလုံးလေးလုံးဖြင့် အရမ်းအရသာရှိ ဟု ရေးထားသည့် ဆိုင်းဘုတ်ကြီးကို တွေ့လိုက်ရသည်။ နွား ဟူသော စကားလုံး၏အထက်တွင် ဦးချိုနှစ်ဖက်ရှိပြီး ညာဘက်တွင် ပန်းကန်လုံးပုံကို ရေးဆွဲ ထားသည်။ ထိုဆိုင်သည် စျေးအတော်သက်သာဟန်ရှိပြီး ဟိတ်ဟန်များမပါရှိပေ။ အိမ်မှ အပြင်ထွက်လေ့ထွက်ထ မရှိသော သူ၏အစ်ကိုသည် ဘယ်အချိန်တုန်းကများ ဤဆိုင်တွင် လာစားလိုက်လဲဆိုတာ ကုယန်မသိပေ။
နေ့လည်စာစားချိန်ဖြစ်တာကြောင့် ဆိုင်အတွင်း လူအတော်ကျနေလေသည်။ ထို့ကြောင့် ညီအစ်ကိုနှစ်ယောက် သည် အတွင်းဘက်အကျဆုံးနေရာရှိ စားပွဲကိုရွေးလိုက်ပြီး ကုယဲ့မှ ပြုံးကာ အော်ပြောလိုက်သည်။
“ဆိုင်ရှင် အမဲခေါက်ဆွဲပွဲကြီးနှစ်ပွဲပေးပါ အမဲသားများများနဲ့ကြက်ဉတစ်လုံးစီ ထပ်ထည့်မယ်နော်”
“ကောင်းပြီ” ဆိုင်ရှင်သည် အနည်းငယ်ဝတုတ်၍ ပျော်တတ်ဟန်ရှိသည်။ စကားပြောလျှင် အမြဲပြုံးပြုံးပြုံးပြုံး နှင့်ပြောလေ့ရှိသည်။
သိပ်မကြာခင်မှာပဲ အမဲခေါက်ဆွဲနှစ်ပွဲရောက်လာခဲ့သည်။ ကုယန်သည် တူများကို ထုတ်၍ အံ့ဩတကြီး ပြောလိုက်သည်။
“အသားတွေအများကြီးပဲ ဒီတစ်ပွဲဆို ဘယ်လောက်တောင်ပေးရတာလဲ”
“တစ်ပွဲမှ နှစ်ဆယ့်ငါးယွမ်ပဲရှိတယ်” ကုယဲ့သည် ကုယန်အား တူတစ်စုံကို လှမ်းပေးလျက်ပြောလိုက်သည်။
“မြန်မြန်စားတော့”
ခေါက်ဆွဲသည် စျေးအလွန်သက်သာနေသောကြောင့် ကုယန်သည် အံ့ဩလျက် ခေါက်ဆွဲတစ်တူကို စားလိုက် သည်။ တစ်လုတ်စားပြီးနောက်မှာတော့ ကုယန်သည် ပလုတ်ပလောင်းဝါးလျက် ဆိုင်ရှင်နှင့်သူ့ဇနီးအား လက်မ ကို ထောင်၍ အားရပါးရပြောလိုက်သည်။
“စားလို့ကောင်းလိုက်တာ”
ဆိုင်ရှင်ကတော်သည် ညီအစ်ကိုနှစ်ယောက်ဟာ ရုပ်ရည်လည်းချော ယဉ်ကျေးမှုလည်း ရှိကြသည်ကို မြင်တဲ့အခါမှာ အရွက်သုပ်တစ်ပွဲအား ချပေးလိုက်လေသည်။
ကုယဲ့သည် ခေါင်းငုံ့ကာ ပြုံးလျက် ခေါက်ဆွဲကိုသာ တိတ်တဆိတ်စားနေသည်။ ရင်းနှီးနေသောအနံ့တစ်ခုမှ သူ၏ အရသာအာရုံကို လှုံ့ဆော်လိုက်တာကြောင့် ကုယဲ့ မျက်ရည်များ
ကုယဲ့သည် မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူမှတ်မိသလောက်အချိန်အထိ မိဘမဲ့ဂေဟာတွင် နေထိုင်ခဲ့ရသည်။ ကုယဲ့ အသက်ခြောက်နှစ်တွင် ဆရာ့မှ မွေးစားခံခဲ့ရပြီး ထိုအချိန်မှစ၍ ဆရာ့နောက်သို့ တကောက်ကောက်လိုက် ကာ နေ့စဉ် အစောထ၍ ညတွင်လည်း နောက်ကျမှ အိပ်ရသည်။ သို့သော်လည်း တစ်ခါတစ်လေတွင် ဆရာ ဆူပူကြိမ်းမောင်းခြင်းကိုလည်း ခံရသည်။ သူ သည်းမခံနိုင်ခဲ့သော တစ်နေ့တွင် ဒေါသများထိန်းမရဖြစ်ကာ အိမ်မှ ထွက်ပြေးလာခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ လမ်းပျောက်ခဲ့ရာ ကုယဲ့ လွန်စွာဆာလောင်နေသောအချိန်တွင် သူ၏ ဆရာမှ ရှာတွေ့သွားပြီး သူ့အား ကန်ကျောက်ကာ ပြန်ခေါ်သွားခဲ့သည်။ ထိုအချိန်သည် သူ၏ဆရာမှ သူ့အား ရိုက်နှက် သည့် တစ်ခုတည်းသော အကြိမ်ဖြစ်သည်။ ကုယဲ့သည် သူ၏သခင်အား လွန်စွာအထင်ကြီးသဘောကျခဲ့သည်။ နောက်ပိုင်း ဆရာဆုံးပါးသွားသောအချိန်တွင် ဆရာ့အား သတိရသောအချိန်တိုင်း ဤဆိုင်သို့လာ၍ ခေါက်ဆွဲစား နေကျဖြစ်သည်။
ကုယဲ့ စိတ်မသက်မသာဖြစ်နေချိန်မှာပဲ တံခါးဝမှာ အသံတစ်ခုကိုကြားပြီးနောက် အမျိုးသမီးတစ်ဦး၏ အော်သံကို ပါ ကြားလိုက်ရသည်။
“အမလေး”
ကုယဲ့ ခေါင်းကိုမော့ကြည့်လိုက်ပြီး ပြတင်းတံခါးအပြင်ဘက်မှ မကောင်းဆိုးဝါးဝိညာဉ် ဖြတ်ခနဲပြေးသွားသည်ကို မြင်၍ သူ၏မျက်လုံးများ ချက်ချင်းအရောင်ပြောင်းသွားသည်။ တစ်ခုခုတော့ ဖြစ်နေပြီ။
တံခါးဝမှ အသက်ကြီးကြီးအမျိုးသမီးတစ်ဦးသည် ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဆိုင်ရှင်ရေ နင်တို့ဆိုင်ကြောင့် နောက်ထပ်တစ်ယောက် ဒဏ်ရာရသွားပြန်ပြီ”
ဆိုင်ရှင်နှင့်သူ၏အမျိုးသမီးသည် အလန့်တကြားပြေးထွက်လာရာ တံခါးသည်လည်း ရုတ်တရက်လှုပ်ရှားလာသည်။
“နင်တို့ဆိုင်က ဘာဖြစ်နေတာလဲ၊ မတော်တဆဖြစ်တာလည်း ခဏခဏပဲ၊ အပများမီနေတာလားအေ”
“စကားပြောတာလေးရပ်ပြီး ဆေးရုံကို မြန်မြန်ခေါ်သွားလေ၊ ဒီအစ်မကြီးခေါင်းက သွေးတွေထွက်နေပြီ”
“တစ်ယောက်ယောက် ကူညီကြပါဦး၊ ဒီအစ်မကြီးကို ဆေးရုံကို ခေါ်သွားပေးကြပါ”
...
ဆိုင်ရှင်လည်း မျက်နှာဖျော့တော့စွာနဲ့ ဆိုင်ထဲသို့ပြန်ပြေးဝင်လာပြီး ပိုက်ဆံယူလျက် အလောတကြီး ပြေးထွက် လာသည်။ ဆိုင်ရှင်ကတော်သည်လည်း ပြုတ်ကျနေသော ဆိုင်းဘုတ်ကိုကြည့်လျက် မျက်ရည်များကို တိတ်တဆိတ်သုတ်နေသည်။ ပြီးခဲ့တဲ့နှစ်လ ကြိုးစားသမျှ အချည်းနှီးဖြစ်သွားလေပြီ။
ကုယဲ့သည် ခေါင်းကိုခါယမ်းလိုက်သည်။ ဤဆိုင်၏နောက်ဘက်တွင် ဆေးရုံရှိသည်။ ဆေးရုံ၊ သားသတ်ရုံ၊ စျာပန အဆောက်အဉီများ၊ အကျဉ်းထောင်များ၊ အမှိုက်ကန်များ၊ ညစ်ညမ်းသောနေရာများ စသည့်နေရာများသည် ဆိုင်ရှင်အား ငွေများဆုံးရှုံးစေသည်။ ထို့အပြင် ပြတင်းပေါက်အပြင်ဘက်ရှိ ရွက်အုပ်၏သဏ္ဍာန်သည်လည်း သိပ်ပုံစံမမှန်ပေ။ ၎င်းကို ဖုန်းရွှေအရပြောရလျှင် မကောင်းဆိုးဝါးခေါ်သည့် အသွင်သဏ္ဍာန်ရှိနေသည်။ ဆိုင်ရှင် အမျီုးသားရော အမျိုးသမီးပါ လူတကာအား ရက်ရက်ရောရောနှင့် စိတ်ကောင်းစေတနာထားကာ မဆက်ဆံလျှင် ခံရသူမှာ ဆိုင်ရှင်တွေသာဖြစ်တော့မည်။ သစ်ပင်၏ဘေးနှစ်ဘက် သည် ထိပ်ကိုချွန်လျက် အိမ်ဘက်သို့ မျက်နှာမူနေလေသည်။ ယခင်က ဒီလိုပုံစံမျိုးမဟုတ်ပေ။ သို့သော် ဘယ်တုန်းကပြောင်းလဲသွားလဲဆိုတာကိုလည်း မသိဖြစ်နေလေသည်။
ကုယဲ့သည် ဗိုက်ပြည့်သွားပြီဖြစ်သောကြောင့် ပါးစပ်ကိုသုတ်ကာ သူ၏ပိုက်ဆံအိတ်ထဲမှ ယွမ်ငါးဆယ်ကို ထုတ် လိုက်သည်။ ဆိုင်ရှင်ကတော်သည် ငိုမဲ့မဲ့မျက်နှာဖြင့် အတင်းပြုံးပြကာ “ကလေး စားလို့ပြီးသွားပြီလား၊ စားလို့ ကောင်းရင် နောက်လည်းမကြာမကြာလာနော်”
ကုယဲ့သည် ခေါင်းကိုငြိမ့်လျက် ခန္ဓာကိုယ်ပေါ်မှ နောက်ဆုံးကျန်တဲ့ဘူးသီးခြောက်လေးကို ထုတ်ယူပြီး ဆိုင်ရှင် ကတော်ထံ ပေးလိုက်၏။ “ဒီခေါင်မိုးက ခပ်ပြားပြားဒီဇိုင်းကို ပြန်ပြောင်းရမယ်၊ ဒီလိုချွန်တဲ့ပုံစံကို မသုံးသင့်ဘူး၊ ဒီဘူးသီးခြောက်ကိုလည်း မီးဖိုချောင်ထဲက ဆေးရုံဘက်မျက်နှာမူထားတဲ့ပြတင်းပေါက်မှာ ချိတ်ဆွဲထားလိုက်ပါ၊ လုပ်ကြည့်ပါဦး ပြတင်းပေါက်ကို အသေပိတ်ပစ်လိုက်။ နောက်ဆိုဘာမှမဖြစ်တော့ဘူး”
ဆိုင်ရှင်ကတော်သည် သံသယဖြစ်စွာနဲ့မေးလိုက်လေသည်။
“ဆေးရုံဘက်ကို မျက်နှာမူထားတဲ့ဘက်မှာ ပြတင်းပေါက်ရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ”
ပြတင်းပေါက်များသည် လေဝင်လေထွက်ကောင်းရန်အတွက်သာ လုပ်ထားခြင်း ဖြစ်သည်။၊ ဆိုင်ရှင်ကိုယ်တိုင်ပင် အသစ် ဖောက်ထားခြင်း ဖြစ်သည်။ သို့သော် သေးလွန်း၍ အပြင်က လှမ်းကြည့်လျှင်ပင် မမြင်ရပေ။
ကုယဲ့လည်း မရှင်းပြလိုတာကြောင့် အခြားစားပွဲပေါ်တွင် ဘူးသီးခြောက်ကို တင်ခဲ့ကာ ကုယန်ကို ခေါ်၍ ထွက်လာ လေသည်။ နေ့လည်ကျ ဘူးသီးခြောက်နည်းနည်းလောက် ထပ်ဝယ်ရမည်။၊ မဟုတ်လျှင် နောက်ကျ သရဲများနှင့် တော့မရ ဖြစ်တော့မည်။
————
STAI LEGGENDO
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
UmorismoEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...