အခန်း 5.2

2.9K 464 6
                                    

ညနေပိုင်း ကိုယ်တိုင်လေ့လာချိန်အပြီး ကုယဲ့ အဆောင်ခန်းသို့ပြန်ရောက်သောအခါ သူ၏အပေါ်ထပ်ရှိ လစ်လပ်နေသောကုတင်မှာ အိပ်ရာခင်းများဖြင့် ဖုံးအုပ်ထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကုတင်ဘေးတွင် ရပ်နေသည့် အခန်းဖော်က ရှက်ရွံ့စွာ ပြုံးပြလေသည်။ ထိုသူ၌ ကလေးမျက်နှာရှိပြီး အရပ်လည်းသိပ်မရှည်သည်မို့ သူပြုံးလိုက်သောအခါ ပို၍ပင် လူကောင်သေးသွားသလို ခံစားရလေသည်။

"ရှားရှန့်၊ မင်းလို အဆင့် 1 to 10 မဆင်းတဲ့ဟိုက်ပါကောင်က ဘာလို့ ငါတို့အခန်းထဲ ရောက်လာတာလဲ။"

အခန်းဖော်တစ်ယောက်ဖြစ်သည့် ဝမ်ခိုင်သည် မျက်မှောင်ကြုံလျက် အသစ်ဝင်လာသည့် အခန်းဖော်ကို မဖော်ရွေစွာ ကြည့်နေလေသည်။  ဤအဆောင်ခန်း၏ စာမေးပွဲရလဒ်အဆင့်သည် ယေဘူယျအားဖြင့် အလယ်လတ်ပိုင်းနှင့် အမှတ်နည်းသည့် ဝန်းကျင်တွင်ရှိသော်လည်း သူတို့သည် လူဆိုးများမဟုတ်ကြ‌ေပ။ ကုယဲ့ဤအဆောင်ခန်းသို့ ရောက်နေရသည်မှာလည်း ဆရာများမှ သူနောက်ထပ်အနိုင်ကျင့်မခံရစေရန် တမင်နေရာချထားပေးခြင်းဖြစ်သည်။ ကုယဲ့ သည် အခြားအခန်းဖော်ကို ကြည့်လိုက်ရာ ထိုသူ၏မျက်လုံးထဲတွင်လည်း တူညီသည့်အကြည့်မျိုး ရှိနေသည်ကို တွေ့လိုက်ရသည်မို့ အနည်းငယ်ထူးဆန်းသွားသည်။ 'ဒါက ဟိုက်ပါကောင်တွေဆို ကြည့်မရတဲ့ စာညံ့ကျောင်းသား‌တွေရဲ့ ပုံစံများလား။'

ရှားရှန့်လည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ "အရင်အဆောင်မှာနေရတာ အဆင်မပြေလို့ ငါပြောင်းလာခဲ့တာ။"ဟု ပြန်ပြောလေသည်။

ဤအကြောင်းပြချက်သည် ဆင်ခြေတစ်ခုသာဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ကုယဲ့သည် ဤကလေးများ ဘာကိုကြံစည်နေသည်ဆိုတာကို စိတ်မဝင်စားသောကြောင့် သူ့ပစ္စည်းများကို ယူကာ ရေချိုးရန်ထွက်လာခဲ့သည်။ ထိုအချိန်တွင် ဝမ်ခိုင်လည်း သူ့နောက်မှ လိုက်ထွက်လာခဲ့သည်။ အဆောင်ခန်းမှ ထွက်လာသည်နှင့် ဝမ်ခိုင်သည် "ကုယဲ့ ၊ ရှားရှန့်နဲ့ သိပ်မပေါင်းနဲ့နော်။"ဟုပြောလိုက်သည်။

"ဘာလို့လဲ?"

ကုယဲ့ ပြန်မေးလိုက်သည်ကို ကြားသောအခါ ဝမ်ခိုင်သည် အနည်းငယ်အံ့သြသွားရသည်။ အရင်ကဆိုလျှင် ကုယဲ့သည် "အွန်း"ဟုသာ တစ်လုံးထဲပြောပြီး ပြောသမျှကို နားထောင်တတ်သူဖြစ်ပြီး ယခုအခါတွင်တော့ "ဘာလို့လဲ" ဟုပြန်မေးနေလေပြီ။ ကုယဲ့၏ မျက်လုံးများကို ကြည့်လိုက်သောအခါ ဝမ်ခိုင်သည် ပို၍ပင် အံ့သြသွားရသည်။ 'ကုယဲ့က သူမဟုတ်တော့တဲ့အတိုင်းပဲ။" သို့သော်လည်း ယောက်ျားလေး ဖြစ်သည့်အလျောက် ထိုကဲ့သို့အသေးစိတ်အချက်အလက်များကို ဂရုမစိုက်တာကြောင့် ဝမ်ခိုင်သည် သူ၏ ပြောင်းလဲမှုကို အာရုံစိုက်မနေပေ။ ဘေးပတ်ဝန်းကျင်တွင် မည်သူမှ မရှိတာ သေချာမှ ကုယဲ့ကို အသံတိုးတိုးဖြင့် ပြောပြလေသည်။ "သူ့မျက်လုံးတွေက သာမာန်မဟုတ်ဘူး။ ငါတို့မမြင်နိုင်တဲ့ဟာတွေကို သူမြင်ရတယ်ကွ။ အဲ့တာတစ်ကျောင်းလုံး သိတယ်။"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now