အခန်း 26.1

3.2K 479 8
                                    

အခန်း ၂၆ သမီးဖြစ်သူအား ငွေကြောင့် ရောင်းစားလိုက်ခြင်း 

မထူးဆန်းစွာနှင့်ဘဲ ဖုန်းတစ်ဖက်မှ လူက သွားရမလား မသွားရမလား ဝေခွဲမရဟန် တိတ်ဆိတ်သွားသည်။ ကုယဲ့ ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ "ကျွန်တော် နောက်နေတာ အသိသာကြီးကို။ ခင်ဗျားကို ထမင်းစားဖိတ်မှတော့ ဒီလိုနေရာမျိုးမှာ ဖိတ်လို့ ဘယ်ဖြစ်မလဲ" ဟုပြောလိုက်သည်။

ယွိဇယ်က ကုယဲ့ သူ့အား နောက်ပြောင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ ခတ္တကြောင်အသွားပြီးမှ ရယ်ကာ "ကိုယ်လည်း ခဏနေ အစည်းအဝေး ရှိနေလို့သာ မလာနိုင်တာပါ။ ဒါမဲ့ မင်းတို့ သူငယ်ချင်းတွေ အချိုတည်းဖို့တော့ ကိုယ် ဒကာခံပေးမှာပေါ့ "

ကုယဲ့က ကျောက်ဖုန်းယွိကို မျက်နှာရိပ် မျက်နှာကဖြင့်'မင်း ဦးလေးက တကယ့် ကောင်းတဲ့လူဟ'

ကျောက်ဖုန်းယွိက ခေါင်းကို ပလုတ်တုတ်ဆော့သလို ခါယမ်းပြလိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကိုပါ ကုယဲ့ရှေ့တွင် ဝေ့ယမ်းကာ သူ့ဦးလေးက ကုယဲ့ ထင်သလို မကောင်းကြောင်း အသည်းအသန်း ငြင်းနေရရှာ၏။ ငယ်စဥ်က သူ့ဦးလေး၏ စနပ်ကြောင့် အလူးအလဲ ခံခဲ့ရသည်မှာ သူသာလျှင် အသိဆုံးပင်။ သူ့ဦးလေးနှင့် ဖြတ်သန်းလာသည့် ဘဝတစ်လျှောက်လုံး မျက်ရည်နှင့် မျက်ခွက်ချည်းသာ ဖြစ်ခဲ့ရသော အဖြစ်မျိုးသာ ရှိလေသည်။

မျှော်လင့်ထားသည့်အတိုင်း ယွိဇယ်က အချိုပွဲ တစ်ဘူးကို လူလွှတ်၍ ပို့ခိုင်းလိုက်သည်။ အချိုမုန့်များမှာလည်း အမျိုးစုံလှသည့်အပြင် ပမာဏကလည်း မြည်းစမ်းရုံပမာဏမျှ ကွက်တိပင် ဖြစ်သည်။ ကုယဲ့က အံ့ဩသွားသည့် လေသံနှင့် "ငါတို့ ဘယ်မှာလဲဆို တကယ်ကြီး သိတာဟ" ဟု ပြောလိုက်သည်။

"ငါ့ ကိုယ်ပေါ်က GPSကို စစ်လိုက်တာပဲ နေမှာပေါ့" ကျောက်ဖုန်းယွိက ခက်ရင်းဖြင့် အချိုမုန့်များကို တစ်ခုပြီး တစ်ခုလှန်ကာ ထိုးဆွကြည့်နေသည်။ ကြည့်နေရင်းပင် ခရင်များ ပက်ခနဲ သူ့မျက်နှာပေါ် လာစင်မည် စိုးသဖြင့် မျက်နှာကို ဟိုလှည့် ဒီလှည့်လုပ်ကာ ရှောင်တိမ်းနေသေးသည်။

ကုယဲ့နှင့် ရှားရှန့်ကတော့ ဘာမှ တွေးမနေဘဲ တစ်ခုယူကာ ကောက်စားလေသည်။ ဆိုင်တွေမှာ ရောင်းသော မုန့်များထက် ပိုအရသာရှိသောကြောင့် ယွိဇယ် ဘယ်နေရာက မှာယူသလဲ ဆိုသည်ကို အလွန်အမင်း သိချင်နေကြသည်။ ပါးစပ်ထဲ ရောက်သည်နှင့် ခရင်များက အရည်ပျော်သွားကာ အေးမြသော ခံစားချက်ဖြင့် အရသာ ရှိလှသည်။ ကျောက်ဖုန်းယွိက သူငယ်ချင်းနှစ်ယောက် အေးဆေးစားနိုင်သည်ကို ကြည့်ပြီးမှ စိတ်ချကာ တစ်ခု ယူစားတော့သည်။
" မင်းဦးလေးက တကယ် သဘောကောင်းတာပဲဟ။ တူဆိုလို့ မင်းတစ်ယောက်တည်း ရှိလို့လား? " ဟု ရှားရှန့်က မေးသည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now