အခန်း 14.2

2.6K 426 16
                                    

နောက်ဆုံးတွင်၊ နောက်တစ်ပတ် ကျောင်းပိတ်ရက်သို့ ရောက်လာလေသည်။ ကုယဲ့အိမ်ကိုရောက်သည်နှင့် သူ၏ဖိနပ်ပင်မချွတ်ရသေးခင် ကုကတော်သည် စိတ်လှုပ်ရှားစွာ ရောက်လာလေသည်။ " နံပါတ်သုံးလေး၊ အဆင့်တစ်ရခဲ့တယ်ဆို။ တစ်ကျောင်းလုံး အဆင့်တစ်လား။" 

ကုယဲ့သည် ပင်ပန်းစွာ ခေါင်းညိတ်ပြပြီး "အမေတို့ သိပြီးပြီပေါ့။"

ထိုအခိုက်တွင်၊ ကုတဲ့ချန်သည် ဒုတိယထပ်မှ ဆင်းလာကာ သူ့မျက်လုံးထဲတွင်လည်း ရွှင်လန်းနေပြီး "ဆရာယွိက ငါ့ကိုဖုန်းခေါပြီး  သားအရမ်တိုးတက်လာ‌တယ်လို့ ပြောတယ်။"

"ဟုတ်တယ်၊ ဟုတ်တယ်။ ဆရာက သားကို ဆက်တိုက်ကို ချီးကျူးနေတာ။" ကုကတော်က ပျော်ရွှင်စွာ ပြောလေသည်။" အဲ့တာကြောင့် သားအဖေက ကုမ္မဏီတောင် မသွားဘဲ မင်းပြန်လာရင် ဆုချဖို့ စောင့်နေတာ။" 

ဒါကိုကြားတော့ ကုယဲ့ မျက်ခုံးပင့်သွားသည်။ ထို့နောက်တွင်၊ ကုတဲ့ချန် လက်ထဲတွင် အနီရောင်စာအိတ်များစွာကို ကိုင်ဆောင်ထားသည်ကို မြင်ပြီး သူ့မျက်လုံးများ တောက်ပလာသည်။

"သား စာသေချာလုပ်ပါ့မယ်။ စာဆက်ကြိုးစားပြီး နောက်တစ်ခါ အမှတ်ပိုကောင်းအောင် လုပ်ပါ့မယ်။" ကုယဲ့သည် စက္ကန့်ပိုင်းအတွင်း လေးလေးနက်နက် ဖြစ်သွားပြီး သူ့မိဘများကို လေးလေးနက်နက် အရိုသေပေးကာ "အရင်က အဖေတို့အမေတို့ စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။" ဟု ပြောလိုက်သည်။

ထိုအရာကြောင့် ကုကတော် အံ့အားသင့်သွား‌ေလသည်။ 'ဒီကောင်လေးရုတ်တရက်ကြီး ရင်ထဲထိအောင်လုပ်နေတယ်။ရှက်စရာကောင်းလိုက်တာ။'

ကုတဲ့ချန်သည် မူလက ကုယဲ့အား ဘဝင်မမြင့်သွားရန် ဆုံးမစကားများ ပြောချင်ခဲ့သော်လည်း သူ့သားကိုယ်၌က ယခုလို နိမ့်ချနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် သူသည် ပြောမည့် စကားလုံးများကို မျိုချလိုက်ပြီး ကုယဲ့၏လက်ထဲသို့ အနီရောင်စာအိတ်အထပ်လိုက်ကို ထည့်‌ေပးလိုက်ပြီး "ဒါက အဖေတို့အိမ်ရဲ့ စည်းကမ်းပဲ။ သား အဆင့်တစ် ရတဲ့ဘာသာရပ်တိုင်းအတွက် သားကို ယွမ် 10,000 ဆုချမယ်။ ပြီးတော့ သားက ပထမဆုံးအကြိမ် ကျောင်းမှာ အဆင့်တစ်ရခဲ့တာဆိုတော့ နောက်ထပ် ယွမ် 10,000 ဆုချမယ်။ နောက်စာမေးပွဲမှာလည်း အဆင့်တစ်နေရာ ထိန်းနိုင်ရင် နှစ်ဆဆုချမယ်ကွာ။"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now